မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ပေါလ် စခိုးလ် က အိုးလ် ထရပ်ဖို့ဒ် မြေမှာ ယူနိုက်တက် တို့ ချဲလ်ဆီး ကို အနိုင်ယူ နိုင်ခဲ့ ခြင်းရဲ့ အဓိက သော့ချက် က ကြံ့ခိုင်မှု ပိုင်း ဆိုင်ရာ အုပ်ချုပ် မှု နည်း စနစ် တွေ ပိုမို ကောင်းမွန် လာခြင်း ကြောင့် ဖြစ်တယ် လို့ ဆိုသွား ခဲ့လိုက် ပါတယ် ။

ယူနိုက်တက် ဟာ အဆိုပါ ပွဲစဉ် မှာ တိုက်စစ် ကစားသမား တွေ ဖြစ်ကြ တဲ့ မားကပ်စ် ရပ်ရှ်ဖို့ ( 2 ဂိုး ) ၊ အန်သိုနီ မာရှယ် နဲ့ လူစားဝင် ကစား ခဲ့တဲ့ ကစားသမား သစ် ဒန်နီယယ် ဂျိမ်းစ် တို့က ဂိုးတွေ ကိုယ်စီ သွင်းယူ နိုင်ခဲ့ ကြတဲ့ အတွက် ယူနိုက်တက် တို ရာသီ အဖွင့် လှခဲ့ ရ ပါတယ် ။

အခုတော့ ကစားသမား တွေရဲ့ ဒုတိယ ပိုင်း အတွင်း ကြံ့ခိုင်မှု တွေက အထူး ကောင်းမွန် ခဲ့တာ ကို မြင်တွေ့ ခဲ့ရ ကြောင်း ပေါလ် စခိုးလ် က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” အထူး သဖြင့် ဒုတိယ ပိုင်း အတွင်း မှာ ယူနိုက်တက် တို့ ကြံ့ခိုင် မှု အားကောင်း စွာနဲ့ ကစား နိုင်ခဲ့ ကြ ပါတယ် ။ ယူနိုက်တက် နဲ့ ပတ်သက် လို့ ကြံ့ခိုင် မှုက ကြီးကြီးမားမား ပါဝင် ပတ်သက် သွားခဲ့ တယ်လို့ ကျွန်တော် ထင် ပါတယ် ”

” ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ယူနိုက်တက် ဆီ အိုလီ စတင် ရောက်ရှိ ခဲ့တဲ့ အချိန် အသင်း သား တွေရဲ့ ကြံ့ခိုင်မှု အနေအထား တွေကို အား မရ ခဲ့ဘူး လို့ ကျွန်တော် ထင် ပါတယ် ”

” အဲ့တာ ကို ဒုတိယ ပိုင်းမှာ လည်း မြင်တွေ့ နိုင် ပါတယ် ။ ပွဲစဉ် ပြီးဆုံး ဖို့ မိနစ် 20 အလို လောက်မှာ ယူနိုက်တက် ရဲ့ ကစား ပုံက ကောင်းမွန် နေဆဲ ပါပဲ ။ ဒုတိယ ပိုင်းမှာ ပေါလ် ပေါဂ်ဘာ ၊ တော်မီနေး တို့ရဲ့ လုပ်အား ကောင်း ခဲ့ခြင်း ကြောင့် ချဲလ်ဆီး တို့ လိုတာ ထက် ပိုပြီး ပြေးလွှား ခဲ့ကြ ရ ပါတယ် ”

” တော်မီနေး ဟာ ပွဲစဉ် အတွင်း ထူးချွန် တဲ့ ကစားသမား တစ်ဦး မဖြစ် နိုင်ခဲ့ ပေမယ့် ကောင်းမွန် ခဲ့တာ အမှန် ပါပဲ ။ သူ့ အလုပ် ကို တိတ်တိတ် ဆိတ်ဆိတ် နေရင်း ကောင်းကောင်း လုပ်သွား နိုင်ခဲ့ ပါတယ် ။ ရပ်ရှ်ဖို့ နဲ့ မာရှယ် တို့ရဲ့ သွက်လက် မှုတွေ ကတော့ ဆိုးလ်ရှား အလို ရှိနေ ခဲ့တဲ့ အရာ ဖြစ်ခဲ့ ပါတယ် ”

” သူဟာ ခွန်အား ထုတ် ကစား စေလို ခဲ့ ပါတယ် ။ ကျွန်တော့် အမြင် မှာ လင်ဂတ် ကလည်း ကောင်းမွန် ခဲ့ ပါတယ် ။ သူတို့ တွေဟာ တစ်ချိန်လုံး လှုပ်ရှား ကစား ရင်း ပြိုင်ဖက် ကို ဒုက္ခ ပေးနိုင် ခဲ့ကြ ပါတယ် ။ ဒုတိယ ပိုင်းမှာ ကြံ့ခိုင်မှု နဲ့ လှုပ်ရှား မှုတွေ ကို မြင်တွေ့ ခဲ့ရ ပါတယ် ”

” ချဲလ်ဆီး ကလည်း ဆိုးရွား ခဲ့တယ် လို့တော့ ပြောလို့ မရ ပါဘူး ။ သူတို့ တွေ မှာလည်း ပွဲစဉ် အတွင်း ဂိုးသွင်း ခွင့်တွေ ပိုင်ဆိုင် နိုင်ခဲ့ ပါ သေးတယ် ။ သူတို့ ဂိုးသွင်း သေချာ ခဲ့ရင် ၊ ကံ နည်းနည်း ကောင်းခဲ့ မယ် ဆိုရင် ကျွန်တော် တို့ဟာ ခြားနား တဲ့ ဇာတ်လမ်း တစ်ပုဒ် ကိုတောင် မြင်တွေ့ နိုင်ခဲ့ မှာပါ ” လို့ ပေါလ် စခိုးလ် က ပြိုင်ဖက် အသင်း အားနည်း ခဲ့တဲ့ အရာ ကို ထောက်ပြ သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar