မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အားထား ရတဲ့ ကွင်းလယ် ကစားသမား ဟောင်း ဖြစ်ခဲ့ သူ ပေါလ် စခိုးလ် က အသင်း တစ်သင်း ရဲ့ တောင်ပံ တစ်လျောက် အတက် အဆင်း လုပ် ကစား တဲ့ ကစားသမား မျိုး ၊ တောင်ပံ မှာ နေပြီး တိုက်စစ် မှူး အဖြစ် ကစား တဲ့ ကစားသမား မျိုး များစွာ မြင်တွေ့ ခဲ့ဖူး သူပဲ ဖြစ် ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ ဘယ် တောင်ပံ တစ်လျောက် မှာ အဲ့ဒီလို ကစား နေတဲ့ တိုက်စစ် ကစားသမား ဖြစ်သူ အန်သိုနီ မာရှယ် ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အာဆင်နယ် အသင်း ရဲ့ ဂန္ဓဝင် အွန်နရီ လို ကစားသမား မျိုး ဖြစ်လာ နိုင်တယ် လို့ ပေါလ် စခိုးလ် က ချီးကျူး သွားခဲ့ ပါတယ် ။

” မာရှယ် ဟာ ဘယ် တောင်ပံ တစ်လျောက် ကစား နေ ရတယ် ဆိုတာ သိပ်ပြီး ဆိုးရွား လှတဲ့ ကိစ္စ တစ်ရပ် မဟုတ်ဘူး လို့ပဲ ကျွန်တော် ထင် ပါတယ် ။ အွန်နရီ ဟာ အာဆင်နယ် အသင်း မှာ တိုက်စစ် မှူး အဖြစ် ကစား ခဲ့တာ ပါ ”

” ဒါပေမယ့် တဖြေးဖြေး နဲ့ သူဟာ ဘယ် တောင်ပံ တိုက်စစ် ဖက်ကို ရောက်ရှိ သွားတာ ပါပဲ ။ ဒါ့ကြောင့် အဲ့တာ က ဆိုးရွား တဲ့ အရာ တစ်ခု မဟုတ်ဘူး လို့ ကျွန်တော် ထင် ပါတယ် ။ မာရှယ် ဟာ အွန်နရီ လို ကစားသမား မျိုး ဖြစ်နိုင် ပါတယ် ” လို့ ပေါလ် စခိုးလ် က သုံးသပ် သွားခဲ့ ပါတယ် ။

အဲ့ဒီနောက် မာရှယ် ၊ ယူနိုက်တက် ရဲ့ တိုက်စစ် စုဖွဲ့ မှု အနေ အထား အကြောင်း မေးမြန်း ခံခဲ့ ရာမှာ ပေါလ် စခိုးလ် က အဲ့တာ ထက် ပိုပြီး စိုးရိမ်ဖွယ် ကောင်းတဲ့ နေရာ ရှိနေ ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ပေါလ် စခိုးလ် ကတော့ ယူနိုက်တက် အနေ နဲ့ ကွင်းလယ် ပိုင်းကို ပိုပြီး တောင့်တင်း အောင် လုပ်ဆောင် သွားဖို့ လိုအပ် လှ ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။ ချဲလ်ဆီး နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ ယူနိုက်တက် ဟာ ကွင်းလယ် အတွင်း ပေါ့ဂ်ဘာ ၊ ပါရဲရား နဲ့ တော်မီနေး တို့ကို အသုံးပြု သွားခဲ့ ပါတယ် ။

” ကျွန်တော် ကတော့ ကွင်းလယ် ပိုင်းနဲ့ ပတ်သက် လို့ စိုးရိမ် မိ ပါတယ် ။ ပွဲစဉ် အတွင်း ပါရဲရား ဟာ အနည်းငယ် တိတ်ဆိတ် နေခဲ့ တယ်လို့ ကျွန်တော် ထင်မိ ပါတယ် ။ သူဟာ အရည် အသွေး ကောင်းတွေ ပိုင်ဆိုင် ထားသူ တစ်ဦး ပါ ။ ဒါပေမယ့် သူဟာ လူငယ် ကစားသမား တစ်ဦး ဖြစ်ပြီး ပွဲ ကစား တာလည်း နည်းပါး ပါတယ် ”

” အကယ်လို့ သူတို့ တွေဟာ ကွင်းလယ် ပို အားကောင်း တဲ့ အသင်း နဲ့ ရင်ဆိုင် ရမယ် ဆိုရင် အသင်း ရဲ့ လက်ရှိ ကွင်းလယ် ပိုင်း အားနည်း ချက်ကို မြင်တွေ့ ကြပါ လိမ့်မယ် ။ ဒါ့ကြောင့် ပို ကောင်းတဲ့ အသင်း နဲ့ တွေ့တဲ့ အခါ မှာ ကောင်တာ တိုက်စစ် ကစား ဖို့ ကျွန်တော် ပြောနေ တာပါ ”

” အကယ်လို့ ယူနိုက်တက် ဟာ ဘောလုံး တစ်ချက်ထိ ကစား ရင်း ဘောလုံး ပိုင်ဆိုင် မှု အသာစီး ရယူ နိုင်တဲ့ အသင်း နဲ့ တွေ့ ဖြစ်ရင် အခု လောက် လုပ်ဆောင် ပြနိုင် လိမ့်မယ် လို့ မထင် ပါဘူး ။ ယူနိုက်တက် ဟာ အဲ့တာ ကို ကျော်လွှား ပြဖို့ လုံလောက် စွာ ကောင်းမွန် တဲ့ အသင်း အဖြစ် ရှိနေ ပြီလို့ ကျွန်တော် မထင် ပါဘူး ” လို့ ပေါလ် စခိုးလ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar