မန်ချက်စတာ ယူနိုက်တက် လူငယ် ဂိုး သမားလေး ဂျိုအယ် ပါရဲရား ကတော့ ဟတ်စ် အသင်း ဆီ ကို တစ်ရာသီ အငှား ပြောင်း ရွှေ့ သွားခဲ့ ပြီ လို့ သတင်း ကြားသိ ရ ပါတယ် ခင်ဗျာ ။

ဖိလစ် ပီ ကော်တင်ဟို ရဲ့ အေးဂျင့် ကတော့ အပြောင်း အရွှေ့ ကိစ္စ အတွက် ပဲရစ် ကို သွားရောက် ခဲ့တယ် ဆိုတဲ့ သတင်း တွေ ကို ငြင်းဆို သွားခဲ့ ပြီး သူဟာ လန်ဒန် မှာ သာ ရှိ နေခဲ့တာ ဖြစ်ကြောင်း ဆိုသွား ခဲ့ ပါတယ် ။

PSG တိုက်စစ်မှုး နေမာ ကို အလိုရှိ တဲ့ ကလပ် တွေ ထဲမှာ ယူဗင်တပ် လည်း ပါဝင် လာခဲ့ ပြီး ပေါ်လို ဒိုင်ဘားလား ကို ထည့်သွင်း ကမ်းလှမ်း ဖို့ ပြင်ဆင် နေတယ် လို့ သိရ ပါတယ် ။ PSG ကတော့ နေမာ ရဲ့ တန်ကြေး ကို ယူရို သန်း ၂၅၀ သတ်မှတ် ထားတယ် လို့ သိရ ပါတယ် ။

ချဲလ်ဆီး အသင်း ကွင်းလယ်လူ ကန်တီ ဟာ မန်ချက် စတာ ယူနိုက်တက် အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲ မှာ အသေး စား ဒဏ်ရာ ထပ်မံ ရရှိ သွားခဲ့ တယ်လို့ သိရ ပါတယ် ။ အသင်းရဲ့ နောက်ခံလူ ရူဒီဂါ နဲ့ ၀ီလ်ယံ တို့ ကတော့ လီဗာပူး နဲ့ ကစားမယ့် ဥရောပ စူပါ ဖလား ပွဲ ကို ပါဝင် ဖို့ အခြေ အနေ ရှိနေပြီ လို့လည်း သိရ ပါတယ်

မန်စီးတီး ကနေ ယူဗင်တပ် ကို ပြောင်းရွှေ့ သွားခဲ့တဲ့ ဘရာဇီး နောက်ခံလူ ဒါနီလို ဟာ ကျောနံပါတ် ၁၃ ကို ၀တ်ဆင် ကစား သွားမယ် လို့ သိရ ပါတယ် ။

မေဂျာလိဂ် ပြိုင်ပွဲ ကို အင်တာ မိုင်ယာမီ အသင်း နဲ့ ၀င်ရောက် ယှဉ်ပြိုင် ဖို့ ပြင်ဆင် နေတဲ့ အသင်း ပိုင်ရှင် ဒေးဗစ် ဘက်ခမ်း ဟာ PSG တိုက်စစ်မှုး အီဒီဆင် ကာဗာနီ ကို နံပါတ် ၁ တိုက်စစ် ပစ်မှတ် အဖြစ် သတ်မှတ် ထားပြီး ကမ်းလှမ်းမှု ပြုလုပ် သွားမယ် လို့ သတင်း ကြားသိရ ပါတယ် ။

ဖီအိုရင် တီးနား အသင်း ဟာ PSG နောက်ခံလူ ခွာဇာဝါ ကို ယူရို ၁၅ သန်း ဖြင့် ကမ်းလှမ်း ဖို့ ရှိနေတယ် လို့ သိရ ပါတယ် ။

ဘရာဇီး ကလပ် ဖလာမင်ဂို ရဲ့ ဒါရိုက်တာ ဟာ အီတလီ နိုင်ငံ ကို ရောက်ရှိ နေပြီး မာရီယို ဘာလိုတယ်လီ ရဲ့ အပြောင်း အရွှေ့ ကိစ္စ အတွက် ကစား သမား နဲ့ တိုက်ရိုက် တွေ့ဆုံ ပြောဆို သွားဖို့ ရှိနေတယ် လို့ သိရ ပါတယ် ။

အေစီမီလန် အသင်း ဟာ စပို့တင်း ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကို စိတ်ဝင် စား နေ ပေမယ့် ယူရို သန်း ၇၀ ကို ပေးချေ ဖို့ မရှိ နိုင်တာ ကြောင့် အပြောင်း ရွှေ့ ဖြစ်လာဖွယ် နည်းပါး နေတယ် လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

အင်တာ နဲ့ ဖီအိုရင်တီးနား တို့ ဟာ ဖိအို တိုက်စစ်မှုး ချီယေဆာ ကို ၂၀၂၀ မှာ ခေါ်ယူ ဖို့ အကြို သဘောတူ ထားကြပြီး ယခု အပြောင်း အရွှေ့ အတွင်း ယူဗင်တပ် သို့ မပြောင်းရွှေ့ စေဖို့ ပိတ်ပင် သွားမယ် လို့ လည်း သတင်းထွက် ပေါ် လာခဲ့ ပါတယ် ။

မာဆေး အသင်း ဟာ ဒဏ်ရာ ရရှိ နေတယ် လို့ သတင်း ပို့ကာ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ် ကို ပါဝင် ဖို့ ပျက်ကွက် ခဲ့ပြီး ရုပ်သံ အစီအစဉ် မှာ ၀င်ရောက် သရုပ်ဆောင် ခဲ့တဲ့ နောက်ခံလူ ရီမီ ကို အသင်း ကနေ ထုတ်ပယ် လိုက်တယ် လို့ သတင်း ရရှိ ပါတယ် ခင်ဗျာ ။

SPORTS MYANMAR