အာဆင်နယ် အသင်းရဲ့ လူငယ် တိုက်စစ်မှူး ရိးစ်နယ်လ်ဆင် ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ် ဟော့ဖန်ဟိမ်း အသင်းကို အငှား သွားရောက် ကစားခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ် ။ နယ်လ်ဆင် ဟာ ဟော့ဖန်ဟိမ်း အသင်း အတွက် ၁၉ ပွဲ ပါဝင် ကစားပေး ခဲ့ပြီး ၇ ဂိုး သွင်းယူ ပေးခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရာသီက ဘွန်ဒက်စ်လီဂါမှာ အင်္ဂလန် လူငယ် ကစားသမား နှစ်ဦး ထွန်းတောက် ခဲ့ပြီး ဒေါ့မွန် အသင်း ရဲ့ လူငယ် ကြယ်ပွင့် ဂျော်ဒန် ဆန်ချို နဲ့ အာဆင်နယ် အသင်းကနေ ဟော့ဖန်ဟိမ်း အသင်းကို အငှား သွားရောက် ကစားခဲ့တဲ့ ရိုင်းစ်နယ်လ်ဆင် တို့ ပဲ ဖြစ်ပါတယ် ။

ဒါကြောင့် အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ ဟာ နယ်လ်ဆင် ကို အငှား မချတော့ဘဲ အသင်းကြီးမှာ ပွဲထွက် ကစားခွင့်ပေးဖို့ ဆုံးဖြတ်ကာ အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ပါဝင် ကစားခွင့် ပေးခဲ့ပါတယ် ။ နယ်လ်ဆင် ဟာ အန်ဂါးစ် အသင်းနဲ့ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့သလို အာဆင်နယ် အသင်းရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ဖြစ်တဲ့ နယူးကာဆယ် အသင်းနဲ့ ပွဲမှာလည်း ပွဲထွက် ကစားခွင့် ရခဲ့ပါတယ် ။

နယ်လ်ဆင် က Goal နဲ့ အင်တာဗျူးမှာ နယူးကာဆယ် အသင်းနဲ့ပွဲမှာ အာဆင်နယ် အသင်း အကျီင်္ ဝတ်ဆင် ပြီး ပွဲထွက် ကစားခွင့် ရတဲ့ အတွက် ပျော်ရွှင်မိကြောင်း နဲ့ ပုံမှန် ပွဲထွက်ခွင့် အတွက် အာမခံချက် မရှိသေးတာကြောင့် အခုထက် ပိုမို ကြိုးစားသွားဦးမယ်လို့ ပရိသတ်တွေကို ကတိပေး စကားဆို သွားခဲ့ပါတယ် ။

” ကျွန်တော်ကတော့ ရလာသမျှ အခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး ။ ပွဲထွက် ကစားခွင့် ရတဲ့အတွက် သိပ်ပျော်မိပါတယ် ၊ နည်းပြကြီး ရဲ့ မှန်ကန်တဲ့ လမ်းညွှန် ပြသမှုကြောင့်ပါ ၊ အာဆင်နယ် အသင်း ဝတ်စုံ နဲ့ ကစားခွင့် ပြန်ရခဲ့တဲ့ အတွက် အရမ်းဝမ်းသာ ပျော်ရွှင် မိပါတယ် ။ ”

” ကျွန်တော် ဂျာမနီ မှာ သွားကစားခဲ့တဲ့ အချိန်တုန်းက အကောင်းဆုံး လုပ်ပြ နိုင်ခဲ့တယ်လို့ ထင်ပါတယ် ။ ကျွန်တော်ရဲ့ အဓိက ရည်မှန်းချက် ကတော့ အာဆင်နယ် အသင်း မှာ အမြဲတမ်း ကစားခွင့် ရဖို့ပါပဲ ။ အသင်းမှာ ရှိနေတဲ့ လူအင်အားကြောင့် ကျွန်တော့်ကို အပတ်တိုင်း ပွဲထွက် လူစာရင်းမှာ ထည့်သွင်းဖို့ အာမခံချက် မပေးနိုင်ဘူးဆိုတာ သိပါတယ် ။ ”

” ကျွန်တော့်ကို ကစားဖို့ အခွင့်အရေး ပေးတဲ့ အချိန်ကျရင် အဆင့်သင့် ဖြစ်နေအောင် ကြို တင် ပြင်ဆင်ထားဖို့တော့ လိုအပ်ပါတယ် ။ အသင်းမှာ အူဘာမီယန်း ၊ နီကိုလပ်စ် ပီပီ ၊ လာကာဇက် တို့ ရှိ နေ ပါ တယ် ၊ သူတို့က ထိပ်တန်း ကြယ်ပွင့် ကစားသမား တွေချည်းပါပဲ ။ ကျွန်တော်က အသက်ငယ်သေးတော့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရမှာပေါ့ဗျာ ၊ အခွင့်အရေး ရလာရင်တော့ အမိအရ ဆုပ်ကိုင်သွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အူဘာမီယန်း

ရိုင်းစ်နယ်လ်ဆင် ဟာ အင်္ဂလန် လက်ရွေးစင် အသင်းကြီး အတွက် ကစားခွင့် မရသေးပေမယ့် ယူရို ယူ-၂၁ ပြိုင်ပွဲဝင် အင်္ဂလန် ယူ-၂၁ အသင်းမှာတော့ ရွေးချယ် ခံခဲ့ရပါတယ် ။ နယ်လ်ဆင် ဟာ ခရိုအေးရှား ယူ-၂၁ အသသင်း နဲ့ သုံးဂိုးစီ သရေ ကျခဲ့တဲ့ ပွဲမှာ ပင်နယ်တီ ကနေတစ်ဆင့် တစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ် ။

SPORTS MYANMAR