* အဲဗာတန္ သို႕ တရာသီ အငွား နဲ႕ ေရာက္ရွိ ေနခဲ့တဲ့ ခ်ယ္လ္ဆီး ေနာက္ခံလူ ကတ္ဇူးမား ကေတာ့ သူ႕ အေနနဲ႕ အျခား အသင္း သို႕ အျပီးသတ္ ေျပာင္းေရႊ႕ မွာ မဟုတ္ပဲ အငွား စာခ်ဳပ္ျပီးဆံုး ပါက ခ်ယ္လ္ဆီး သို႕ သာ ျပန္လာမွာ ျဖစ္ေၾကာင္း Telegraph နဲ႕ အင္တာဗ်ဴး တခု မွာ ေျပာၾကား သြားခဲ့ ပါတယ္ ။ ဇူးမား က ဆာရီ ေရာက္ရွိ လာခဲ့တာ ေနာက္က် တဲ့အျပင္ ေနာက္ခံလူ အမ်ားအျပား အသင္း မွာ ရွိေနေသးတာ ေၾကာင့္ အခုလို အငွားထြက္ ကစားရျခင္း ျဖစ္တယ္ လို႕ လည္း ဆိုပါတယ္ ။

* ခ်ယ္လ္ဆီး နဲ႕ လက္စတာ နည္းျပေဟာင္း ရာနီေရးရီ ဟာ ယေန႕ မွာ ခ်ယ္လ္ဆီး ရဲ႕ ေလ့က်င့္ေရး ကြင္း ေကာ့ဘ္ဟမ္း သို႕ အလည္ ေရာက္လာျပီး တပည့္ေဟာင္း ကန္ေတ ၊ ဒရင့္ခ္ဝါးတာ နဲ႕ နည္းျပ ဆာရီ ၊ လက္ေထာက္ နည္းျပ ဇိုလာ တို႕အျပင္ အသင္း ရဲ႕ ကစားသမား အခ်ိဳ႕ နဲ႕ လည္း ေတြ႕ဆံု စကား ေျပာခဲ့တယ္ လို႕ သိရပါတယ္ ။

* နာပိုလီ ေနာက္ခံလူ ဟစ္ဆခ်္ ရဲ႕ ေအးဂ်င့္ ျဖစ္သူ က ၄င္း ရဲ႕ ကစားသမား ဟာ ဆာရီ ရဲ႕ ခ်ယ္လ္ဆီး သို႕ မေျပာင္းေရႊ႕ ခဲ့ရလို႕ ေပ်ာ္ရႊင္ဝမ္းသာ ေနေၾကာင္း နဲ႕ အန္ဆယ္ေလာ့တီ နဲ႕ လက္တြဲ ေနရလို႕ ေက်နပ္ ေနတဲ့ အေၾကာင္း Calcio Napoli 24 နဲ႕ ေတြ႕ဆံုခန္း မွာ ေျပာၾကား သြားခဲ့ ပါတယ္ ။

* ခ်ယ္လ္ဆီး ေနာက္ခံလူ အက္ဇ္ပီလီကြီတာ ၊ ကြင္းလယ္လူ ကိုဗာဆစ္ ၊ ေဂ်ာ္ဂ်င္ဟို တို႕ဟာ Goal ဝက္ဘ္ဆိုဒ္ မွ ေရြးခ်ယ္တဲ့ ယခု တပတ္ ပရီးမီးယားလိဂ္ အေကာင္းဆံုး အသင္း မွာ ပါဝင္ လာခဲ့တယ္ လို႕ သိရပါတယ္ ။

* Sky Sports ရဲ႕ ေဘာလံုးပြဲ ေဝဖန္သူ ဂေရမီ ေဆာင္းနက္စ္ က ဆာရီ ရဲ႕ ေနာက္တန္း ေရြးခ်ယ္ပံု ကို ေဝဖန္လိုက္ျပီး ေဒးဗစ္လူးဝဇ္ ဟာ ခ်ယ္လ္ဆီး ေနာက္တန္း မွာ ပြဲထြက္ခြင့္ ရဖို႕ မသင့္ေလ်ာ္ ေတာ့ေၾကာင္း ေျပာၾကား သြားခဲ့ ပါတယ္ ။ ေဒးဗစ္ လူးဝဇ္ ဟာ အာဆင္နယ္ နဲ႕ ပဲြ မွာ အမွား မ်ားခဲ့ေၾကာင္း နဲ႕ နယူးကာဆယ္ နဲ႕ ပြဲစဥ္ မွာလည္း အေကာင္းဆံုး ကစားႏိုင္ခဲ့ျခင္း မရွိေၾကာင္း ေဝဖန္ခဲ့တာ ျဖစ္ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ရဲ႕ ေနာက္ခံလူ ရူဒီဂါ က အသင္းသားေတြ အားလံုးဟာ ေဘာလံုး ရျပီ ဆိုရင္ ေဂ်ာ္ဂ်င္ဟို ကို ပဲ ေဘာလံုး ေပးေလ့ ရွိေၾကာင္း နဲ႕ သူ ဟာ အသင္း ရဲ႕ ပစ္မွတ္ ကစားသမား ျဖစ္ေၾကာင္း လည္း ခ်ီးက်ဴး သြားခဲ့ ပါတယ္ ။

* နယူးကာဆယ္ ေနာက္ခံလူ ယတ္ဒ္လင္ ဟာ ျပီးခဲ့တဲ့ ခ်ယ္လ္ဆီး နဲ႕ ပြဲစဥ္ က ေခ်ပဂိုး ရဖို႕ အတြက္ ခ်ယ္လ္ဆီး တိုက္စစ္မွဴး အုိလီဗီယာ ဂ်ရူး ကို တံေတာင္ နဲ႕ တိုက္ခဲ့ေပမယ့္ အက္ဖ္ေအ အဖြဲ႕ခ်ဳပ္ ကေတာ့ ဘာျပစ္ဒဏ္ မွ မခ်မွတ္ ေပးခဲ့ဘူး လို႕ လည္း Sky Sports က ေဖာ္ျပ သြားခဲ့ ပါတယ္ ။

* စပါး ကစားသမား ေဟာင္း ဂ်ာမိန္း ဂ်ီးနပ္စ္ က ခ်ယ္လ္ဆီး ကြင္းလယ္လူ အန္ဂိုလို ကန္ေတ ဟာ ျပင္သစ္ အသင္း နဲ႕ အတူ ကမၻာ့ဖလား ရရွိေအာင္ စြမ္းေဆာင္ ႏိုင္ခဲ့တဲ့ အျပင္ ကြင္းလယ္ မွာ လည္း အေကာင္းဆံုး ကစားႏိုင္ ခဲ့ေပမယ့္ မက္ဆီ ၊ ေရာ္နယ္ဒို တို႕ေၾကာင့္ ကမၻာ့ အေကာင္းဆံုး ဆု ရဖို႕ မျဖစ္ႏိုင္ေၾကာင္း ဆိုသြား ခဲ့ပါတယ္ ။

* ခ်ယ္လ္ဆီး နည္းျပ ေဟာင္း ရုဒ္ဂူးလစ္ က အသင္း ရဲ႕ နည္းျပ ဆာရီ ရဲ႕ ကစားကြက္ အထိုင္က် ဖို႕ အတြက္ အခ်ိန္ အနည္းငယ္ ထပ္ေပးဖို႕ လိုေၾကာင္း ေျပာၾကား လိုက္ပါတယ္ ။

* ယေန႕ မနက္ က ရႈံးထြက္ဖလား ပဲြစဥ္ မ်ား အျပီး အငွးကစားသမား မ်ားရဲ႕ ေျခစြမ္းမ်ား
ေမဆင္ေမာင့္တ္ ( ဒါဘီ ေကာင္တီ ) ( ပြဲခ်ိန္ျပည့္ ) ( သြင္းဂိုး တဂိုး )
တိုမိုရီ ( ဒါဘီ ေကာင္တီ ) ( ပြဲခ်ိန္ျပည့္ )
လူးဝစ္ ေဘကာ ( လိဒ္စ္ ယူႏိုက္တက္ ) ( ပြဲခ်ိန္ျပည့္ )
ဂ်မယ္လ္ ဘလက္မန္း ( လိဒ္စ္ ယူႏိုက္တက္ ) ( ပဲြခ်ိန္ျပည့္ )
ေတာ့ဒ္ ကိန္း ( ဟူးလ္စီးတီး ) ( ပြဲခ်ိန္ျပည့္ )
ေကစီ ပါလ္မာ ( ဘလက္ဘန္း ) ( မိနစ္ ၆၀ မွာ လူစားဝင္ ) ( သြင္းဂိုး တဂိုး )
ဗစ္တိုးရီးယန္း အန္ဘန္ ( မတ္ဇ္ ) ( ပြဲခ်ိန္ျပည့္ )

Unicode

ချယ်လ်ဆီး သတင်းတို များ

* အဲဗာတန် သို့ တရာသီ အငှား နဲ့ ရောက်ရှိ နေခဲ့တဲ့ ချယ်လ်ဆီး နောက်ခံလူ ကတ်ဇူးမား ကတော့ သူ့ အနေနဲ့ အခြား အသင်း သို့ အပြီးသတ် ပြောင်းရွှေ့ မှာ မဟုတ်ပဲ အငှား စာချုပ်ပြီးဆုံး ပါက ချယ်လ်ဆီး သို့ သာ ပြန်လာမှာ ဖြစ်ကြောင်း Telegraph နဲ့ အင်တာဗျူး တခု မှာ ပြောကြား သွားခဲ့ ပါတယ် ။ ဇူးမား က ဆာရီ ရောက်ရှိ လာခဲ့တာ နောက်ကျ တဲ့အပြင် နောက်ခံလူ အများအပြား အသင်း မှာ ရှိနေသေးတာ ကြောင့် အခုလို အငှားထွက် ကစားရခြင်း ဖြစ်တယ် လို့ လည်း ဆိုပါတယ် ။

* ချယ်လ်ဆီး နဲ့ လက်စတာ နည်းပြဟောင်း ရာနီရေးရီ ဟာ ယနေ့ မှာ ချယ်လ်ဆီး ရဲ့ လေ့ကျင့်ရေး ကွင်း ကော့ဘ်ဟမ်း သို့ အလည် ရောက်လာပြီး တပည့်ဟောင်း ကန်တေ ၊ ဒရင့်ခ်ဝါးတာ နဲ့ နည်းပြ ဆာရီ ၊ လက်ထောက် နည်းပြ ဇိုလာ တို့အပြင် အသင်း ရဲ့ ကစားသမား အချို့ နဲ့ လည်း တွေ့ဆုံ စကား ပြောခဲ့တယ် လို့ သိရပါတယ် ။

* နာပိုလီ နောက်ခံလူ ဟစ်ဆချ် ရဲ့ အေးဂျင့် ဖြစ်သူ က ၄င်း ရဲ့ ကစားသမား ဟာ ဆာရီ ရဲ့ ချယ်လ်ဆီး သို့ မပြောင်းရွှေ့ ခဲ့ရလို့ ပျော်ရွှင်ဝမ်းသာ နေကြောင်း နဲ့ အန်ဆယ်လော့တီ နဲ့ လက်တွဲ နေရလို့ ကျေနပ် နေတဲ့ အကြောင်း Calcio Napoli 24 နဲ့ တွေ့ဆုံခန်း မှာ ပြောကြား သွားခဲ့ ပါတယ် ။

* ချယ်လ်ဆီး နောက်ခံလူ အက်ဇ်ပီလီကွီတာ ၊ ကွင်းလယ်လူ ကိုဗာဆစ် ၊ ဂျော်ဂျင်ဟို တို့ဟာ Goal ဝက်ဘ်ဆိုဒ် မှ ရွေးချယ်တဲ့ ယခု တပတ် ပရီးမီးယားလိဂ် အကောင်းဆုံး အသင်း မှာ ပါဝင် လာခဲ့တယ် လို့ သိရပါတယ် ။

* Sky Sports ရဲ့ ဘောလုံးပွဲ ဝေဖန်သူ ဂရေမီ ဆောင်းနက်စ် က ဆာရီ ရဲ့ နောက်တန်း ရွေးချယ်ပုံ ကို ဝေဖန်လိုက်ပြီး ဒေးဗစ်လူးဝဇ် ဟာ ချယ်လ်ဆီး နောက်တန်း မှာ ပွဲထွက်ခွင့် ရဖို့ မသင့်လျော် တော့ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။ ဒေးဗစ် လူးဝဇ် ဟာ အာဆင်နယ် နဲ့ ပွဲ မှာ အမှား များခဲ့ကြောင်း နဲ့ နယူးကာဆယ် နဲ့ ပွဲစဉ် မှာလည်း အကောင်းဆုံး ကစားနိုင်ခဲ့ခြင်း မရှိကြောင်း ဝေဖန်ခဲ့တာ ဖြစ်ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ နောက်ခံလူ ရူဒီဂါ က အသင်းသားတွေ အားလုံးဟာ ဘောလုံး ရပြီ ဆိုရင် ဂျော်ဂျင်ဟို ကို ပဲ ဘောလုံး ပေးလေ့ ရှိကြောင်း နဲ့ သူ ဟာ အသင်း ရဲ့ ပစ်မှတ် ကစားသမား ဖြစ်ကြောင်း လည်း ချီးကျူး သွားခဲ့ ပါတယ် ။

* နယူးကာဆယ် နောက်ခံလူ ယတ်ဒ်လင် ဟာ ပြီးခဲ့တဲ့ ချယ်လ်ဆီး နဲ့ ပွဲစဉ် က ချေပဂိုး ရဖို့ အတွက် ချယ်လ်ဆီး တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ကို တံတောင် နဲ့ တိုက်ခဲ့ပေမယ့် အက်ဖ်အေ အဖွဲ့ချုပ် ကတော့ ဘာပြစ်ဒဏ် မှ မချမှတ် ပေးခဲ့ဘူး လို့ လည်း Sky Sports က ဖော်ပြ သွားခဲ့ ပါတယ် ။

* စပါး ကစားသမား ဟောင်း ဂျာမိန်း ဂျီးနပ်စ် က ချယ်လ်ဆီး ကွင်းလယ်လူ အန်ဂိုလို ကန်တေ ဟာ ပြင်သစ် အသင်း နဲ့ အတူ ကမ္ဘာ့ဖလား ရရှိအောင် စွမ်းဆောင် နိုင်ခဲ့တဲ့ အပြင် ကွင်းလယ် မှာ လည်း အကောင်းဆုံး ကစားနိုင် ခဲ့ပေမယ့် မက်ဆီ ၊ ရော်နယ်ဒို တို့ကြောင့် ကမ္ဘာ့ အကောင်းဆုံး ဆု ရဖို့ မဖြစ်နိုင်ကြောင်း ဆိုသွား ခဲ့ပါတယ် ။

* ချယ်လ်ဆီး နည်းပြ ဟောင်း ရုဒ်ဂူးလစ် က အသင်း ရဲ့ နည်းပြ ဆာရီ ရဲ့ ကစားကွက် အထိုင်ကျ ဖို့ အတွက် အချိန် အနည်းငယ် ထပ်ပေးဖို့ လိုကြောင်း ပြောကြား လိုက်ပါတယ် ။

* ယနေ့ မနက် က ရှုံးထွက်ဖလား ပွဲစဉ် များ အပြီး အငှးကစားသမား များရဲ့ ခြေစွမ်းများ
မေဆင်မောင့်တ် ( ဒါဘီ ကောင်တီ ) ( ပွဲချိန်ပြည့် ) ( သွင်းဂိုး တဂိုး )
တိုမိုရီ ( ဒါဘီ ကောင်တီ ) ( ပွဲချိန်ပြည့် )
လူးဝစ် ဘေကာ ( လိဒ်စ် ယူနိုက်တက် ) ( ပွဲချိန်ပြည့် )
ဂျမယ်လ် ဘလက်မန်း ( လိဒ်စ် ယူနိုက်တက် ) ( ပွဲချိန်ပြည့် )
တော့ဒ် ကိန်း ( ဟူးလ်စီးတီး ) ( ပွဲချိန်ပြည့် )
ကေစီ ပါလ်မာ ( ဘလက်ဘန်း ) ( မိနစ် ၆၀ မှာ လူစားဝင် ) ( သွင်းဂိုး တဂိုး )
ဗစ်တိုးရီးယန်း အန်ဘန် ( မတ်ဇ် ) ( ပွဲချိန်ပြည့် )