မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဝါရင့် တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အလက်ဆစ် ဆန်းချက် က အသင်း နဲ့ အတူ ရာသီ သစ် အတွက် ပြင်ဆင် နေချိန် မှာ လူငယ် တိုက်စစ် ကစားသမား ဖြစ်သူ မာဆွန် ဂရင်းဝုဒ် နဲ့ အချင်းများ ခဲ့ပြီး ဒေါသ ထွက်ခဲ့ ရတယ် လို့ သိရှိ လိုက်ရ ပါတယ် ။

ဖြစ်စဉ် ကတော့ ယူနိုက်တက် တို့ ရာသီ အသင်း ရဲ့ လေ့ကျင့်ရေး ကွင်းထဲမှာ အလက်ဆစ် ဆီမှ ဂရင်းဝုဒ် က ဘောလုံး ဝင်လု ရာမှာ ကြမ်းတမ်း မှု အနည်းငယ် ရှိ ခဲ့တဲ့ အတွက် ဒဏ်ရာ မှ နလန် ထကာစ ရှိနေ သေးတဲ့ ချီလီ လက်ရွေးစင် ဒေါသ ခြောင်းခြောင်း ထွက်ခဲ့ ရတာ ပဲ ဖြစ်ပါတယ် ။

အလက်ဆစ် ဟာ ချီလီ လက်ရွေးစင် အသင်း အတွက် ကိုပါ အမေရိက ဖလား ပြိုင်ပွဲ ကစား ပေး ခဲ့စဉ် တုန်းက ဒူးကောက် ကြော ဒဏ်ရာ ရရှိ ခဲ့တာ ကြောင့် အသင်း ဆီ ပြန်လည် ရောက်ရှိ တဲ့ အချိန် ကြံ့ခိုင် မှု ရရှိ ဖို့ ကိုသာ အဓိက ထား လေ့ကျင့် ခဲ့ပြီး ပွဲစဉ် တွေမှာ မပါဝင် နိုင်ခဲ့ တာပဲ ဖြစ် ပါတယ် ။

အခုလည်း ထွက်ပေါ် နေတဲ့ သတင်း တွေ အရ အလက်ဆစ် ဟာ ကြံ့ခိုင် မှု ပြသနာ အမြန်ဆုံး သက်သာ ကောင်းမွန် လာဖို့ အတွက် ၊ ဒဏ်ရာ အပေါ် အထူး အာရုံစိုက် နိုင်ဖို့ အတွက် ကာရင်တန် ရဲ့ အဝေး မှာ တစ်ကိုယ် တည်း လေ့ကျင့် နေတယ် လို့ သိရှိ ရ ပါတယ် ။

အလက်ဆစ် အခုလို ပြန်လည် ကြိုးစား အားထုတ် နေရ ခြင်းရဲ့ အဓိက အကြောင်း အရင်း တစ်ခု က ရာသီ ကြို ပွဲစဉ် တွေ ကုန်ဆုံး ခဲ့တဲ့ အချိန် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က သူ့ကို အသင်း ရဲ့ စီမံကိန်း မှာ ထည့်သွင်း ထားတယ် လို့ ပြောကြား ခဲ့တာ ကြောင့် ဖြစ်တယ် လို့ The Sun က ဖော်ပြ သွားခဲ့ ပါတယ် ။

The Sun ရဲ့ ဖော်ပြချက် အရ တော့ အလက်ဆစ် က ဂရင်းဝုဒ် ဟာ ယူနိုက်တက် စီနီယာ အသင်း မှာ ပါဝင် နိုင်ဖို့ အတွက် အလား အလာ ကောင်းနေ ပိုင်ဆိုင် နေ ခဲ့တယ် လို့ သိရှိ နေခဲ့ ပါတယ် ။ ဒါ့ကြောင့် ရာသီ သစ်မှာ အလက်ဆစ် နဲ့ ဂရင်းဝုဒ် တို့ဟာ ပွဲထွက် ကစား ခွင့် ရရှိ ဖို့ အပြိုင် ကြိုးစား ရဖွယ် ရှိနေ ကြ ပါတယ် ။

အသက် 17 နှစ် အရွယ် တိုက်စစ် ကစားသမား လေးဟာ ဒီ ရာသီ ရဲ့ အဖွင့် ပွဲစဉ် အဖြစ် ယူနိုက်တက် တို့ ချဲလ်ဆီး အသင်း နဲ့ ကစား ခဲ့ ကြတဲ့ ပွဲစဉ် မှာ အရံ ကစားသမား အဖြစ် ပါဝင် ခဲ့ သလို ပွဲချိန် 86 မိနစ် မှာလည်း အသင်း ဖော် ရပ်ရှ်ဖို့ ရဲ့ နေရာ ကို လူစားဝင် ကစား ခွင့် ရရှိ ထားခဲ့ ပါ သေးတယ် ။

ဒါပေမယ့် ဆိုးလ်ရှား ကတော့ အလက်ဆစ် ကို အသင်း မှာ နေရာ ပေးဖို့ တွေးနေ ခဲ့တာ ကြောင့် ယူနိုက်တက် မှာ ဘယ်သူ ဟာ ဦးစား ပေး ဖြစ်နိုင် မလဲ ဆိုတာ စိတ်ဝင်စား ဖို့ ကောင်းနေ ခဲ့ ပါတယ် ။ ရာသီ သစ် မတိုင်မီ ကတော့ ဆိုးလ်ရှား က အလက်ဆစ် ရဲ့ ကြံ့ခိုင် မှုနဲ့ ပတ်သက် လို့ …

” အလက်ဆစ် ဟာ အသင်း နဲ့ ပူးပေါင်း ပြီး ကောင်းမွန်စွာ လေ့ကျင့် နိုင်ခဲ့ ပါပြီ ။ သူဟာ အသင်းဖော် တွေထက် လေး ၊ ငါးပတ် လောက် နောက်ကျ ခဲ့ပြီး မှ အသင်းဆီ ရောက်လာ နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် သူဟာ ရာသီကြို ပွဲစဉ် တွေလည်း မကစား နိုင်ခဲ့ ပါဘူး ။ သူရဲ့ သူ့ရဲ့ အမှတ်အသား ကို ပြန်ရ နိုင်ဖို့ လုပ်ဆောင် နိုင် လိမ့်မယ် လို့ ကျွန်တော် တွေးနေ ပါတယ် ”

” ကျွန်တော် ကတော့ သူ့ကို အသင်း မှာပဲ ရှေ့ဆက် နေဖို့ အတွက် မျှော်လင့် ထား ပါတယ် ။ ကျွန်တော် တို့ အသင်း အတွက် ဂိုးတွေ ပိုမို သွင်းယူ နိုင်မယ့် တိုက်စစ် ကစားသမား တွေကို လိုအပ် နေ ပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြား ခဲ့တာ ပဲ ဖြစ် ပါတယ် ။

#Sports_Myanmar