ချယ်လ်ဆီး အသင်း ဟာ ယနေ့ည ၁ နာရီခွဲ အချိန် မှာ လီဗာပူး အသင်း နဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲ ကို တူရကီ နိုင်ငံ ၊ အစ္စတန်ဘူလ်မြို့ မှာ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ် ။ ဒါဟာ ချယ်လ်ဆီး နည်းပြသစ် ဖြစ်သူ ဖရန့် လမ်းပတ် အတွက် နည်းပြ ဘဝ မှာ ချယ်လ်ဆီး အသင်း နဲ့ အတူ ပထမဆုံး ဆုဖလား ရယူဖို့ အနီးစပ်ဆုံး ဖလား ဖြစ်လို့ နေပါတယ် ။

လမ်းပတ် နဲ့ ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို အိုးလ်ထရက်ဖို့ဒ် မှာ ၄ဂိုးပြတ် နဲ့ အရေးနိမ့် ထားခဲ့တာကြောင့် ယနေ့ည လီဗာပူး အသင်း နဲ့ ပွဲစဉ် မှာ ရလဒ်ကောင်း တခု ပြန်ပြီး ရရှိနိုင်ဖို့ သတိထား ပြင်ဆင် လာဖို့ ရှိနေပါတယ် ။ လီဗာပူး အသင်း ကတော့ ဒီနှစ် ဘောလုံး ရာသီ မှာ ကစားသမား များများစားစား ခေါ်ယူထားခြင်း မရှိသေးပေမယ့် မနှစ်က အသင်း ကဲ့သို့ ဆက်လက် တောင့်တင်း နေဆဲ ဖြစ်ပါတယ် ။

Lampard

ယနေ့ည ပွဲမှာ လီဗာပူး ဂိုးသမား အလီဆင် ဒဏ်ရာကြောင့် ပါဝင်လာဖို့ မရှိပေမယ့် ဗန်ဒိုက် ဦးဆောင် နေတဲ့ ခံစစ် ကို ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တိုက်စစ် ကစားသမား တွေ ကျော်ဖြတ်ဖို့ ခက်ခဲ နိုင်ပါတယ် ။ မနေ့ ညက ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာ ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် က ယနေ့ည မှာ ရင်ဆိုင် ရမယ့် လီဗာပူး အသင်း နဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲ အပေါ် အခုလို မှတ်ချက် ပေးခဲ့ပါတယ် ။

လမ်းပတ် က ” ကျွန်တော် ဟာ လက်ရှိ ကျွန်တော့ အသင်း အပေါ် အကောင်းပဲ မြင်ထားပါတယ် ။ ကျွန်တော် ဟာ ချယ်လ်ဆီး အသင်းသား တွေ အပေါ် ယုံကြည်မှု အပြည့် ရှိသလို ၊ အခုလို ဥရောပ စူပါဖလား ဗိုလ်လုပွဲ ကို ကစားခွင့် ရရှိတယ် ဆိုတာဟာလည်း အသင်းသား တွေ အားလုံး နဲ့ ထိုက်တန်မှု ရှိတဲ့ အတွက်ကြောင့်ပါ ။ ဒါဟာ လက်ရှိ အသင်းသား နဲ့ ကလပ် ရဲ့ မနှစ် က စွမ်းဆောင်မှုကောင်း ကြောင့် ကစား ရတဲ့ ဖလား ပွဲပါ ။ ကျွန်တော် နဲ့ သက်ဆိုင်မှု မရှိခဲ့ပါဘူး ။ ”

” ဒါပေမယ့် ဒီ ဖလား ပွဲကို ကစားခွင့် ရရှိ ထားတဲ့ ကျွန်တော့ ရဲ့ လက်ရှိ အသင်း အတွက် ဂုဏ်ယူ မိပါတယ် ။ လီဗာပူး အသင်း ရဲ့ အရည်အသွေး အပေါ် ကျွန်တော် အပြည့်အဝ နားလည် ထားပါတယ် ။ ဒီ အသင်း ဟာ ချန်ပီယံလိဂ် ဖလား ကို ထိုက်ထိုက်တန်တန် ရယူနိုင် ခဲ့တဲ့ အသင်း ဖြစ်ပါတယ် ။ သူတို့မှာ အရမ်း ထက်မြက်တဲ့ မန်နေဂျာ တယောက် ရှိသလို ၊ တကယ် တော်တဲ့ ထိပ်တန်း ကစားသမား အစုအဖွဲ့ ကိုလည်း ပိုင်ဆိုင် ထားပါတယ် ။ ဒါကြောင့်မို့ ကျွန်တော် တို့ အတွက် ဒီပွဲ ဟာ အရမ်း ကြီးမားတဲ့ စမ်းသပ်မှု ဖြစ်လာနိုင်ပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော် ဟာ ကိုယ့် အသင်းသား တွေအပေါ် ယုံကြည်မှု အပြည့် ထားထားပါတယ် ။ ဒီ ပွဲစဉ် ကို ရာနှုန်းပြည့် ပေးဆပ် ကစားမယ် ဆိုရင် ကျွန်တော် တို့ အနိုင် ရနိုင်ပါတယ် ။ ဒီဖလား ဟာ ကလပ် အတွက် အဓိပ္ပာယ် အရမ်း ရှိပါတယ် ။ အရင် က ကျွန်တော် တို့ ဒီဖလား ဗိုလ်လုပွဲ ကို ၂ကြိမ် ကစား ခဲ့ပြီး ၂ကြိမ်လုံး အရေးနိမ့် ခဲ့ပါတယ် ။ အက်သလက်တီကို အသင်း နဲ့ ရင်ဆိုင် ခဲ့ရတုန်းက ကျွန်တော် တို့ရဲ့ ကစားပုံ အရမ်း ဆိုးရွား ခဲ့ပြီး ဒီဖလား ကို သူတို့ဆီ လွယ်လွယ်ကူကူ နဲ့ ပေးအပ် ခဲ့ရပါတယ် ။ ”

” ဘိုင်ယန်မြူးနစ် ကိုတော့ ကျွန်တော် တို့ ကံဆိုးစွာ နဲ့ ရှုံးနိမ့် ခဲ့ရပါတယ် ။ ဒီလို ဥရောပ ဖလား ချန်ပီယံ ၂သင်း ထိပ်တိုက် ရင်ဆိုင် ရတဲ့ ဖလား ဗိုလ်လုပွဲမျိုး ကို ကစား ရဖို့ ဆိုတာ အာရုံစိုက်မှု ၊ ပေးဆပ်မှု များစွာ ပြုလုပ် ခဲ့ရပါတယ် ။ ဒါကြောင့်မို့ ဒီလို ဖလား ဗိုလ်လုပွဲ ဟာ ချယ်လ်ဆီး လို ကလပ် အသင်း အတွက် အရေးပါ နေရခြင်း ဖြစ်ပါတယ် ။ အဲ့ဒီ အတွက် ကျွန်တော် တို့ အရာ အားလုံး ပေးဆပ်ပြီး ဒီဖလား မှာ ချန်ပီယံ ဖြစ်အောင် ကြိုးစား ရပါမယ် ။ ”

” ဒီ ဖလား ဟာလည်း ဒီရာသီ အတွက် ပထမဆုံး အနီးစပ်ဆုံး ဆုဖလား တခု ဖြစ်တာကြောင့် အသင်း အတွက် အဓိပ္ပာယ် ရှိတဲ့ ဖလား တလုံး ဖြစ်ပါတယ် ။ ကျွန်တော် တယောက်တည်း အတွက်တော့ ဒီဖလား ဟာ ချယ်လ်ဆီး နည်းပြ ဘဝ ရဲ့ လှပတဲ့ ဖွင့်လှစ်ခြင်း ၊ စတင်ခြင်း တခုပါ ။ နောက်ထပ် ကစားသမား တွေ အဖို့လည်း လီဗာပူး လို အသင်းကြီး တသင်း နဲ့ ရာသီ အဖွင့် မှာပဲ စောစောစီးစီး စမ်းသပ်ခွင့် ရတာကြောင့် သူတို့ အတွက် အရမ်း ကောင်းပါတယ် ။ ”

” ကိုယ့် အသင်း ရဲ့ သမိုင်းကြောင်း မှာ ဒီဖလား တမျိုး ရဖို့ လိုအပ် နေသေးတယ် ဆိုရင် အခု အချိန် က စပြီး အဲ့ဒီ ဖလား ကို ပိုင်ဆိုင် နိုင်ဖို့ ကြိုးစားခွင့် ရှိနေပါပြီ ။ ဒါကြောင့်မို့ ဒီ ဖလား ဟာ ကျွန်တော် တို့ အတွက် ဘယ်လောက် ထိ အရေးပါ နေလဲ ဆိုတာ ကျွန်တော် တို့ သေချာ သဘောပေါက် ထားပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR