Maguire

ဒီနွေ မှာ ယူနိုက်တက် အသင်း ဆီ စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ရောက်ရှိ လာ ခဲ့တဲ့ ယူနိုက်တက် နောက်ခံလူ မက်ဂွားယား ဟာ ပွဲဦးထွက် မှာ ခြေစွမ်း ကောင်း ပြသ နိုင်ပြီး ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်နိုင် ခဲ့တဲ့ အတွက် ချီးကျူး ဂုဏ်ပြု မှုတွေ များစွာ ရရှိ ခဲ့ပါ သေးတယ် ။

ဒါပေမယ့် Sky Sports မှ သတင်း ဝေဖန် သုံးသပ် သူ တစ်ဦး ဖြစ်တဲ့ ချာလီ နစ်ကိုးလ် က ယူနိုက်တက် အတွက် ပွဲထွက် ကစား ပေး ခဲ့တဲ့ မက်ဂွားယား ရဲ့ ခြေစွမ်း ဟာ သာမန် ထက် မပို ခဲ့ဘူး ၊ စပါယ်ရှယ် မဖြစ် ခဲ့ဘူး လို့ သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် မက်ဂွားယား ဟာ ယူနိုက်တက် ခံစစ် အတွက် ဆိုးလ်ရှား မျှော်လင့် ထား သလောက် လုပ်ဆောင် ပေးနိုင် မလား ဆိုတဲ့ အပေါ် သာ သံသယ ဖြစ်နေ ကြောင်း အာဆင်နယ် တိုက်စစ် မှူး ဟောင်းက ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်း မှ ခေါ်ယူ လို နေတဲ့ ပြက်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဂ်ဘာ ကို ရောင်းချ လိုက်သင့် ကြောင်း ချာလီ နစ်ကိုးလ် က Sky Sports ရဲ့ သတင်း သုံးသပ် ရေး အစီအစဉ် မှာ ပြောကြား သွားခဲ့ ပါ သေးတယ် ။

” ဟယ်ရီ မက်ဂွားယား ဟာ ချဲလ်ဆီး နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် အတွင်း သာမန် ပဲလို့ ကျွန်တော် ထင် ပါတယ် ။ သူဟာ သူ့ကို လုပ်ဆောင် ဖို့ ပြောထား သလောက် ပဲ လုပ်ပြ နိုင်ခဲ့ ပါတယ် ။ သူဟာ ကျွမ်းကျင် တဲ့ ဘောလုံး ကစားသမား တစ်ဦး ဖြစ် သလို ပွဲစဉ် အတွင်း တာဝန် ကျေခဲ့ ပါတယ် ”

Maguire

” ဒါပေမယ့် သူဟာ ခေါင်းဆောင် ဖြစ်နိုင် မယ့်သူ တစ်ဦး ပါ ၊ ပွဲစဉ် အတွင်း ကောင်းလွန်း တဲ့သူ တစ်ဦး ပါ ဆိုတဲ့ေ-ာက် ပေါက်ကရ စကား တွေ ကိုတော့ ကျွန်တော် တစ်ကယ် ပဲ မကြားချင် ပါဘူး ။ ဒီ အတွက် စောလွန်း နေပါ သေးတယ် ”

” သူဟာ ယူနိုက်တက် အသင်း နဲ့ အတူ အစ ကောင်းခဲ့ ပါတယ် ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် နဲ့ ပတ်သက် လို့ ဘယ်နောက်ခံ ၊ ညာ နောက်ခံ နေရာ တွေ အတွက် ကျွန်တော် သင်္ကာ မကင်း ဖြစ်နေ ဆဲ ပါပဲ ”

” ချဲလ်ဆီး ဟာ ယူနိုက်တက် ဖက်ကို နှစ်ဂိုး ၊ သုံးဂိုး လောက် အလွယ် တကူ သွင်းယူ နိုင်ခဲ့ သင့်တယ် ။ ကျွန်တော် ကတော့ ယူနိုက်တက် နဲ့ ပတ်သက် လို့ ယုံကြည် လို့ မရ နိုင်သေး ပါဘူး ။ ကျွန်တော်သာ ဆိုရင် ပေါ့ဂ်ဘာ ကို ရောင်းချ လိုစိတ် ရှိနေ ဦးမှာ ပါ ” လို့ နစ်ကိုးလ် က ပြောကြား သွားခဲ့ ပါတယ် ။

ဒီ တစ်ပါတ် အင်္ဂါနေ့ နံနက် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ နူနို အက်စ်ပီရီတို ဆန်းတို ဦးဆောင် တဲ့ ဝုလ်ဗ် အသင်း နဲ့ အဝေးကွင်း ပွဲစဉ် ကစား ရဖို့ ရှိနေ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာ ယူနိုက်တက် ဟာ 2 – 1 ဆိုတဲ့ ရလဒ် နဲ့ ခံစား သွားရ လိမ့်မယ် လို့ နစ်ကိုးလ် က ခန့်မှန်း သွားခဲ့ လိုက် ပါတယ် ။

Maguire

” နူနို ဆန်းတို ဆီမှာ ဆီမှာ အင်အား အပြည့် ရှိ သလို အသင်း ကို မောင်းနှင် နိုင်စွမ်း ၊ ပရိသတ် တွေကို တက်ကြွ အောင် လုပ်ဆောင် နိုင်စွမ်း လည်း ရှိ ပါတယ် ။ ယူနိုက်တက် ဟာ ချဲလ်ဆီး ကို 4 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ယူနိုင် ခဲ့ ပါတယ် ။ ဒီ ရလဒ် ကို မထင်မှတ် ပဲ ရရှိ လာတဲ့ ရလဒ် လို့ ပြောတာ အကောင်းဆုံး ပါပဲ ” လို့ နစ်ကိုးလ် က ဆိုသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar