မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှုး အန်တိုနီ မာရှယ် ကတော့ အသင်းရဲ့ တိုက်စစ်မှုး နေရာ အတွက် တာဝန် များများ ယူပေးဖို့ နည်းပြ ဆိုးရှား က တောင်းဆို ထားတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ မာရှယ် ဟာ အင်တာ မီလန် အသင်း ကို ထွက်ခွာ သွားတဲ့ တိုက်စစ်မှုး လူကာကူ ရဲ့ နေရာကို ဖြည့်ဆည်း ပေးနိုင်မယ့် ကစား သမားတွေ ထဲ ကတစ်ဦး အဖြစ် မှတ်ယူခြင်း ခံထား ရသူလည်း ဖြစ် ပါတယ် ။

မာရှယ် ဟာ ချဲလ်ဆီး အသင်း ကို ၄ ဂိုးပြတ် အနိုင် ရရှိ ခဲ့တဲ့ ပရီးမီး ယားလိဂ် အဖွင့် ပွဲစဉ် မှာ ယူနိုက်တက် ရဲ့ အထောင် တိုက်စစ်မှုး အဖြစ် ပါဝင် ကစား ခဲ့ပြီး တတိယ မြောက် ဂိုးကို သွင်းယူပေး ခဲ့ ပါတယ် ။ မာရှယ် ဟာ လူကာကူ ထွက်ခွာ သွား အပြီးမှာ ယူနိုက်တက် နဲ့ ပထမဆုံး ရာသီမှာ ၀တ်ဆင် ခဲ့တဲ့ နံပါတ် ၉ ကို ပြန်လည် ရရှိ ခဲ့ပြီး ဒါဟာ သူ့ကို ပျော်ရွှင် စေခဲ့တယ် လို့ မန်ချက်စတာ ယူနိုက်တက် နဲ့ ပြုလုပ် တဲ့ အင်တာဗျုး အစီအစဉ် မှာ ပြောဆို သွားခဲ့ ပါတယ် ။

“အခု ကျွန်တော် ကျောနံပါတ် ၉ ကို ပြန်ရခဲ့ ပါပြီ ။ ဒါဟာ ကျွန်တော့ အတွက် ၀မ်းသာ စရာ ပါပဲ ။ နည်းပြ ( ဆိုးရှား ) က ကျွန်တော့ ကို ဒီရာသီ မှာ သွင်းဂိုးတွေ အတွက် ပိုမို တာဝန်ယူ ဖို့ တောင်းဆို ထားပါတယ် ။ ဒီ အတွက် အကောင်းဆုံး ကြိုးစား သွား မှာပါ”

“သွင်းဂိုး တွေ ပိုမို ရရှိ ဖို့ အတွက် ကျွန်တော် သေချာ ကြိုးစား လေ့ကျင့် နေပြီး အရင်ကထက် တိုးတက် လာတယ် လို့ ထင်မိ ပါတယ် ။ ငယ်ငယ်လေး ကတည်းက ကျွန်တော် ဟာ အထောင်တိုက်စစ်မှုး အဖြစ် နဲ့ ကစား လာခဲ့ တာပါ ။ နောက်ပိုင်း မှာတော့ အပြင် ကို ပိုထွက် ပြီး ကစားခဲ့ ရ ပါတယ် ။ ဒါကလည်း ကျွန်တော့ ကို ပျော်ရွှင် စေခဲ့ ပါတယ်”

“အခုတော့ ကျွန်တော် နှစ်သက်တဲ့ နေရာ အစစ် အမှန် ကို ပြန်ရောက် လာခဲ့ ပါပြီ ။ ဒါကြောင့် အသင်း ကို အရင် က ထက် ပိုပြီး ကူညီနိုင် မယ် လို့ မျှော်လင့် ထားသလို အရင်နှစ်တွေ က ထက် လည်း ဂိုးပိုသွင်း နိုင်မယ် လို့ ယုံကြည် ထားပါတယ်” လို့ အန်တိုနီ မာရှယ် က ပြောဆို သွားခဲ့ ပါတယ် ။

အန်တိုနီ မာရှယ် ဟာ မန်ချက် စတာ ယူနိုက်တက် ကို ၂၀၁၅ ခုနှစ် တုန်းက ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး အသင်း အတွက် ပွဲပေါင်း ၁၅၀ ကျော် ကစားပေး ထားခဲ့ပြီး ဂိုးပေါင်း ၅၀ ကျော် သွင်းယူ ပေးထားနိုင် ခဲ့ပြီ ဖြစ် ပါတယ် ။ မန်ချက် စတာ ယူနိုက်တက် ဟာ လာမယ့် တနင်္လာနေ့ မှာ တော့ ပရီးမီးယားလိဂ် ပွဲစဉ် ( ၂ ) အဖြစ် ၀ုဗာ ဟမ်တန် အသင်း ရဲ့ အိမ်ကွင်း ကို သွားရောက် ယှဉ်ပြိုင် ကစား သွားရ မှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR