လီဗာပူး အသင်းဟာ မနေ့ညက ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့မှာ ပြုလုပ်ခဲ့တဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ် အုပ်စု အဆင့် မဲခွဲပွဲမှာ နယ်သာလန် ချန်ပီယံ အိုင်ယက် ၊ ပြီးခဲ့တဲ့ ရာသီ ကွာတားဖိုင်နယ် တက်ရောက်ခဲ့တဲ့ အတ္တလန်တာ နဲ့ ဒိန်းမတ် ချန်ပီယံ မစ်ဂျယ်လန်း တို့နဲ့ အုပ်စု D မှာ ကျရောက်နေ ပါတယ်။

မနေ့ညက ချန်ပီယံလိဂ် အုပ်စု အဆင့် မဲခွဲမှုမှာ အင်္ဂလန် ၃ သင်း ဖြစ်တဲ့ မန်ချက်စတာစီးတီး ၊ ချဲလ်ဆီး နဲ့ လီဗာပူး တို့ဟာ အုပ်စုကျပ်ကို ရှောင်လွဲ နိုင်ခဲ့တယ်လို့ ဆိုနိုင်ပြီး မန်ချက်စတာယူနိုက်တက် တစ်သင်းသာ ပီအက်ဂျီ ၊ လိုက်ပ်ဇစ် တို့လို အသင်းတွေနဲ့ အုပ်စုကျပ်ထဲ ကျရောက်ခဲ့တာ ဖြစ်ပါတယ်။

အိုင်ယက် ၊ အတ္တလန်တာ ၊ မစ်ချယ်လန် တို့နဲ့ အုပ်စု D မှာ ကျရောက်နေမှု အပေါ် ကလော့က “ရိုးရိုးသားသား ပြောရမယ် ဆိုရင် ကျွန်တော် သွားရမယ့် ခရီး အကွာအဝေး တွေကို မစဉ်းစား ခဲ့ပါဘူး။ ဒါပေမယ့် အီတလီ ၊ ဟော်လန် နဲ့ ဒိန်းမတ် တို့ဟာ အင်္ဂလန်နဲ့ အဝေးကြီး မှာတော့ ရှိမနေပါဘူး။ ဒါဟာ အိုကေပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်တဲ့ အခါ ကျွန်တော်တို့ သွားရမယ့် ခရီးမိုင်တွေ အကြောင်း မစဉ်းစားပါဘူး။ ကျွန်တော်တို့ဟာ ကစားရမယ့် ပွဲစဉ်တွေ အကြောင်းပဲ တွေးပါတယ်။ ဒါဟာ တကယ် တောင့်တင်းတဲ့ အုပ်စုလို့ ကျွန်တော် မြင်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က အိုင်ယက်ဟာ ဘယ်လောက် ကောင်းခဲ့ သလဲ ဆိုတာကို လူတိုင်းလူတိုင်း သိကြပါတယ်။ သူတို့ဟာ အမြဲတမ်း လူစာရင်း အသစ် နဲ့ အသင်းကောင်းကို တည်ဆောက် နိုင်တဲ့ အသင်း ဖြစ်ပါတယ်။ မစ်ဂျယ်လန်းဟာ အကြောင်းရင်း အမျိုးမျိုးနဲ့ အတူ စိတ်ဝင်စားစရာ အကောင်းဆုံး အသင်းတွေ ထဲက တစ်သင်း အဖြစ် နှစ်ပေါင်းများစွာ ရှိနေပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့မှာ ထူးခြားတဲ့ ပုံစံ ရှိနေလို့ပါ။

သူတို့နဲ့ ရင်ဆိုင် ရမယ် ဆိုတာ ကြိုမသိထားဘဲ ကျွန်တော့်မှာ ဒီအသင်းနဲ့ ပက်သက်ပြီး သတင်းအချက်အလက် အနည်းငယ် ရှိနေ ပါတယ်။ အတ္တလန်တာဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က စတင်ပြီး စိတ်ဝင်စားစရာ ပရောဂျက်ကို တည်ဆောက် နေပါတယ်။ သူတို့ဟာ ကစားပုံ အတော်ကောင်းတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒါဟာ ကျွန်တော့် အတွက် တကယ်ကောင်းတဲ့ အုပ်စု တစ်ခု လိုပါပဲ။

အသင်းအားလုံးဟာ ဘောလုံးကို အကောင်းဆုံး ကစားဖို့ ကြိုးစား ကြသလို အသင်း အားလုံးဟာ ပြေးလွှားမှုတွေ အများကြီး ပြုလုပ်တဲ့ အသင်းတွေပါ။ ဒါ့ကြောင့် ပွဲစဉ်တွေဟာ ပြိုင်ဆိုင်မှု ပြင်းထန် နေပါလိမ့်မယ်။ ကျွန်တော်တို့ ၄ ၅ နာရီ ခရီးသွား ရမယ့် အစား ၁ နာရီခွဲ ၊ ၂ ရာသီလောက်ပဲ လေယာဉ်စီး ရတာဟာ ကောင်းတဲ့ အချက်ပါ။ ဒါပေမယ့် မော်စကို or ဂရိ တို့မှာ ကစားရရင်လည်း အိုကေပါတယ်။ ဒါဟာ ပြသနာ မရှိပါဘူး။” လို့ ပြောသွား ပါတယ်။

အုပ်စု အဆင့် ပွဲစဉ်တွေကို ယခုလ နှောင်းပိုင်းမှာ စတင် ကစား သွားရမှာ ဖြစ်ပြီး ပွဲစဉ် ၁ နဲ့ ပွဲစဉ် ၂ ကို အောက်တိုဘာ ၂၀/၂၁ နဲ့ အောက်တိုဘာ ၂၇/၂၈ တို့မှာ ကျင်းပ သွားမှာ ဖြစ်ပြီး လက်ကျန် ပွဲစဉ်တွေကိုတော့ နိုဝင်ဘာ ၃/၄ ၊ နိုဝင်ဘာ ၂၄/၂၅ ၊ ဒီဇင်ဘာ ၁/၂ နဲ့ ဒီဇင်ဘာ ၈/၉ တို့မှာ ကစား သွားမှာ ဖြစ်ပြီး လီဗာပူးတို့ ဘယ်အသင်းနဲ့ ဘယ်နေ့မှာ တွေ့ဆုံမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

SPORTS MYANMAR