ဒီနေ့ပွဲမှာ အိမ်ရှင် အာဆင်နယ် အသင်းဟာ နယူးကာဆယ် အသင်း နဲ့ ပွဲက လူစာရင်းကို သုံးနေရာ အပြောင်းအလဲ ပြုလုပ်ပြီး ပွဲထွက်လာခဲ့ပါတယ်။ ချန်ဘာ နေရာမှာ ဒေးဗစ်လူးဝဇ် ၊ ဒဏ်ရာ ပြဿ နာ ရှိနေတဲ့ ရှာကာ နေရာမှာ ဆီဘယ်လော့ ၊ မီခီတာရန်း နေရာမှာ လာကာဇက် တို့ကို ပြောင်းလဲ အသုံးပြု လာခဲ့ပါတယ်။ အသင်းခေါင်းဆောင် အဖြစ်တော့ မွန်ရီရဲလ် က တာဝန်ယူ ပွဲထွက် ကစားခဲ့ပါတယ်။

ဧည့်သည် ဘန်လေ အသင်းကတော့ ၄-၄-၂ ကစားကွက်ကို ခင်းကျင်း လာခဲ့ပြီး ဂိုးသမား နေရာမှာ နစ်ပုတ် ၊ နောက်တန်းမှာ လိုတန် ၊ တာကောစကီး ၊ ဘန်မီး ၊ အဲရစ်ပီတာ ၊ အလယ်တန်းမှာတော့ ဂွတ်မတ်ဆန် ၊ ဂျက်ကော့ ၊ ဝက်စ်ဝုဒ် ၊ မက်နေးလ် တို့နဲ့ ပွဲထွက် လာခဲ့ပါတယ် ။ အက်ရှ်လေ ဘန်းစ် နဲ့ ခရစ်ဝုဒ် တို့ကတော့ ဘန်လေ အသင်း တိုက်စစ်ကို ဦးဆောင် လာခဲ့ပါတယ် ။

ပွဲချိန် ၁၁ မိနစ်မှာ ဆိုကရက်တစ် ခေါင်းတိုက် ချပေးတာကို လာကာဇက် ထပ်မံ ခေါင်းတိုက်ခဲ့ပေမယ့် ဘန်လေ ဂိုးသမား နစ်ပုတ် ကာကွယ် နိုင်ခဲ့တာကြောင့် ထောင့်ကန်ဘော ဖြစ်သွားခဲ့ရပါတယ် ။ Goal !!!! အဆိုပါ ထောင့်ကန်ဘောကနေ ဆီဘယ်လော့ ရဲ့ ဖြတ်တင် ပေးပို့မှုကို လာကာဇက် တစ်ချက် ထိန်းပြီး ဘန်လေ အသင်း နောက်ခံလူ သုံးလေးယောက် ပိတ်ထားတဲ့ကြားက ရအောင် ကန်သွင်းယူသွားခဲ့တာပါ။

နယူးကာဆယ် အသင်း နဲ့ ပွဲကို ဒဏ်ရာ ပြဿ နာကြောင့် လွဲချော်ခဲ့တဲ့ လာကာဇက် အတွက်တော့ သူ့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ဂိုးကို ခက်ခက်ခဲခဲ လှလှပပ သွင်းယူ သွားခဲ့တာလည်း ဖြစ်ပါတယ် ။ လာကာဇက် ဟာ ပရီးမီးယားလိဂ် အိမ်ကွင်း ၃၆ ပွဲမှာ ၂၁ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၇ ကြိမ် ပြု လုပ် ထားနိုင်ပါတယ် ။

Arsenal’s French striker Alexandre Lacazette (C) celebrates after scoring the opening goal of the English Premier League football match between Arsenal and Burnley at the Emirates Stadium in London on August 17, 2019. (Photo by Daniel LEAL-OLIVAS / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

ဘန်လေ အသင်း ရဲ့ ဖြတ်တင်ဘောတွေ ၊ တည်ကန်ဘော တွေဟာ အာဆင်နယ် အသင်း နောက်တန်း ကစားသမားတွေနဲ့ ဂိုးသမား လီနို ကို အတော်လေး အခက်တွေ့စေခဲ့ပြီး ဂိုးမပေးရအောင် အသည်းအသန် ဖျက်ထုတ် နေခဲ့ရပါတယ် ။

ဒီနေ့ပွဲမှာ အာဆင်နယ် အသင်းရဲ့ ကစားသမားသစ် ဆီဘယ်လော့ ဟာ အထူး ခြေစွမ်းပြ ကစား နိုင်ခဲ့ပြီး သူ့ရဲ့ တည်ကန်ဘောတွေ ၊ အတိုးအလှုပ် ၊ လုပ်အားနှုန်း တွေဟာ ပရိသတ်တွေကို ဖျော်ဖြေမှု ပေးနိုင်ခဲ့ပြီး ဘန်လေ အသင်း နောက်တန်း ကစားသမားတွေကို အလုပ်ရှုပ်စေခဲ့ပါတယ် ။

ပွဲချိန် မိနစ် ၄၀ မှာ တန်ပြန် တိုက်စစ်ကနေ တစ်ဆင့် ဆီဘယ်လော့ ရဲ့ ပေးပို့မှုကို ဂွမ်ဒူဇီ အပိုင် ကန်သွင်းခဲ့ပေမယ့် နစ်ပုတ် ကာကွယ် သွားခဲ့ပါတယ် ။ Goal !!! ပွဲချိန် ၄၃ မိနစ်မှာတော့ ဘန်လေ အသင်း ချေပဂိုး ပြန်လည် ရရှိ သွားခဲ့ပြီး အာဆင်နယ် အသင်း ကစားသမားတွေရဲ့ လူကပ် ကစားပုံ အားနည်းမှုကို အက်ရှ်လေဘန်းစ် က အခွင့်ကောင်းယူပြီး သွင်းယူသွားခဲ့တာပါ ။

ပထမပိုင်းပြီးခါနီးမှာ မွန်ရီရဲလ် ရဲ့ ဖြတ်တင်ပေးပို့မှု ကနေ နယ်လ်ဆင် ဂိုးသွင်းယူ နိုင်ခဲ့ပေမယ့် VAR ပြန်ကြည့်ပြီး ဆုံးဖြတ် ရာမှာ မွန်ရီရဲလ် လူကျွံနေတာကို တွေ့ရှိ ရတာကြောင့် ဒိုင်လူကြီး မိုက်ဒင်း က ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ခြင်း မရှိပါဘူး ။

Arsenal’s Brazilian defender David Luiz (2nd R) congratulates Arsenal’s French striker Alexandre Lacazette on scoring the opening goal of the English Premier League football match between Arsenal and Burnley at the Emirates Stadium in London on August 17, 2019. (Photo by Daniel LEAL-OLIVAS / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

ဒုတိယပိုင်းမှာတော့ အူနိုင်း အမ်မရီ ဟာ အာဆင်နယ် အသင်း ပရိသတ်တွေ ကြည့်ချင်နေကြတဲ့ နီကိုလပ်စ်ပီပီ ကို နယ်လ်ဆင် နေရာမှာ လူစားလဲ ထည့်သွင်း ခဲ့ပါတယ် ။ ပရိသတ်တွေ မြင်ချင်နေကြတဲ့ အူဘာမီယန်း ၊ လာကာဇက် ၊ နီကိုလပ်စ် ပီပီ တိုက်စစ်အတွဲကို ပထမဆုံးအကြိမ် အသုံးပြု လိုက်တာလည်း ဖြစ်ပါတယ် ။

GOAL !!! ပွဲချိန် ၆၄ မိနစ်မှာ အာဆင်နယ် အသင်း ဦးဆောင်ဂိုး ပြန်လည် ရရှိ သွားခဲ့ပြီး ဆီဘယ်လော့ ရဲ့ ပေးပို့မှုကနေ အူဘာမီယန်း က ဘန်လေ ကစားသမား တစ်ဦးကို လှည့်ထွက်ကာ ဂိုးသမားရဲ့ ညာဘက် အောက်ခြေထောင့်ထဲကို လှပ သေသပ်စွာ ကန်သွင်းယူ သွားခဲ့တာလည်း ဖြစ်ပါတယ် ။

အူဘာမီယန်း အတွက်တော့ ဘန်လေ အသင်း နဲ့ ကစားခဲ့တဲ့ လေးပွဲဆက်တိုက် ဂိုးသွင်းယူ နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။ ဆီဘယ်လော့ ကတော့ ပရီးမီးယားလိဂ် မှာ ပထမဆုံး ပွဲထွက် ကစားရတဲ့ ပွဲမှာတင် ဂိုးဖန်တီးမှုနှစ်ကြိမ် ပြု လုပ်နိုင်ခဲ့တဲ့ တတိယမြောက် အာဆင်နယ် ကစားသမား ဖြစ်လာခဲ့ပါတယ် ။ ( ရေးပါလာ ၊ မီခီတာရန်း )

ပွဲပြီးခါနီးမှာ တော်ရီးယား ရဲ့ အပိုင် ကန်သွင်းချက်ကို ဘန်လေ ဂိုးသမား နစ်ပုတ် ကာကွယ်လိုက်နိုင်တာကြောင့် အာဆင်နယ် အသင်း တတိယမြောက် ဦးဆောင်ဂိုး နဲ့ လွဲချော် သွားခဲ့ပါတယ် ။ ပွဲအပြီးမှာတော့ အာဆင်နယ် အသင်းဟာ ဘန်လေ အသင်းကို နှစ်ဂိုး တစ်ဂိုး နဲ့ အနိုင်ရသွားခဲ့ပြီး အဆင့်တစ်နေရာကို ရောက်ရှိ လာခဲ့ပါတယ် ။

Arsenal’s French-born Ivorian midfielder Nicolas Pepe (L) vies with Burnley’s Dutch defender Erik Pieters (R) during the English Premier League football match between Arsenal and Burnley at the Emirates Stadium in London on August 17, 2019. (Photo by Daniel LEAL-OLIVAS / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

အာဆင်နယ် အသင်းဟာ၂၀၀၉-၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် နှစ်ပွဲဆက် နိုင်ပွဲ ရရှိသွားတာလည်း ဖြစ်ပါတယ် ။ ဒီနေ့ပွဲမှာ အာဆင်နယ် အသင်းရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သူကတော့ ကွင်းလယ်လူ ဆီဘယ်လော့ ဖြစ်ပြီး ဂိုးဖန်တီးမှု နှစ်ကြိမ် ပြု လုပ် နိုင်ခဲ့ပြီးအထူး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ် ။

ဆီဘယ်လော့ရဲ့ ဘန်လေ အသင်း နဲ့ ပွဲမှ စွမ်းဆောင်ရည်များ
***********************************
2 assists ????
97 touches
70 passes (90% passing accuracy)
19 duel (9 won)
7 recoveries
3 fouls won

SPORTS MYANMAR