ခရိုေ အးရှား နိုင်ငံ ဇာဒါမှာ မွေးဖွားခဲ့ပြီး ၊ဒိုင်မိုဇာဂရက်အသင်းမှာကြီးပြင်းကာစပါးနဲ့အတူကမ္ဘာ့ ဘောလုံးစင်မြင့်ထက်ကိုတက်လှမ်းလာနိုင်ခဲ့တဲ့လူကာမိုဒရစ်ဟာလက်ရှိအချိန်မှာတော့ရီးရဲမက်ဒရစ် ရဲ့ ပြယုဂ် တစ်ခုတောင် ဖြစ်လို့ နေပါပြီ။

ဘာနေဗျူးကို စတင်ရောက်ရှိ လာခဲ့တဲ့ အချိန်က စလို့ အသင်းအတွက်လဲ အမြင့်ဆုံး ခြေစွမ်းတွေ နဲ့ ပေးဆပ်ခဲ့သလို ၊ ပရိသတ်တွေ ရဲ့ အချစ်တော် တစ်ယောက် ဖြစ်အောင်လဲ နေထိုင် ပြုမူခဲ့သူ ဖြစ်ပါတယ်။

အခုချိန်မှာတော့ အသက် 35 နှစ် ပြည့်တော့မှာ ဖြစ်လို့ ဘောလုံးသမားဘ၀နေဝင်ချိန်တွေကိုလဲ ရင်ဆိုင် ဖြတ်ကျော်နေပါပြီ။ လက်ရှိ စာချုပ်သစ်တမ်းဟာ ဒီရာသီ အကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်သည့်တိုင်အောင်၊မိုဒရစ်ကတော့နောက်ထပ်တစ်နှစ်လောက်ဆက်ပြီးကစားပေးချင်သေးတယ်လို့ ဆိုပါတယ်။

အဲဒီလို အခွင့်အရေး ရရှိဖို့ အတွက် သူ့အနေနဲ့ အရံ ကစားသမား အဖြစ်သော်လည်းကောင်း ၊ ပွဲကစားခွင့် ကန့်သတ်ချက်တွေ သော်လည်းကောင်း ရှိလာခဲ့မယ် ဆိုရင်တောင် လက်ခံဖို့အသင့် ဖြစ်သလို ၊ နောက်ဆုံး လစာ ပမာဏ လျှော့ယူခိုင်းရင်လဲ ပြသနာမရှိဘူးလို့သိရပါတယ်။

မိုဒရစ်တို့မိသားစုဟာမက်ဒရစ်မှာပျော်ရွှင်စရာကောင်းတဲ့အခိုက်အတန့်တွေကိုပိုင်ဆိုင်ထားတာပါ။ တစ်ချိန်တည်းမှာပဲ သူကိုယ်တိုင်ကလဲရီးရဲအတွက်အမြင့်ဆုံးစွမ်းဆောင်ရည်တွေပေးနိုင်စွမ်း ရှိနေသေးတယ် လို့ ယုံကြည်နေပါတယ်။

လက်ရှိအချိန်ထိတော့ကလပ်အသင်းကသူ့ကိုစာချုပ်သစ်ထပ်ချုပ်မယ့်အကြောင်းကမ်းလှမ်းလာတာမျိုးတွေ မရှိသေးသလို ၊ ကြိုတင် အသိပေးထားတာလဲ မရှိသေးပါဘူး။
“ကျနော်ကရီးရဲမက်ဒရစ်မှာပဲဆက်နေသွားချင်တာပါဒါပေမယ့်ဒီကိစ္စကကျနော်တစ်ယောက်ထဲ အပေါ်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး။ ကလပ် အသင်းကရော၊နည်းပြကြီးကပါလိုချင်ဦးမှပါ။

ကျနော့် ရဲ့ တစ်ခုတည်းသော ဆန္ဒက ရီးရဲ မက်ဒရစ်မှာ ကစားသမားဘ၀ ကုန်ဆုံးသွားတဲ့ အထိ ဆက်ပြီး ကစားပေးသွားဖို့ပါပဲ ၊ ဖြစ်နိုင်ရင်ပေ့ါလေ။ ဒါပေမယ့် နည်းပြနဲ့ကလပ်အတွက်ကိုယ်က ဝန်ထုတ်ဝန်ပိုး ဖြစ်နေတာမျိုးတွေ မလိုချင်ပါဘူး။

ကျနော်တို့ အကြားမှာ ဆက်ဆံရေးကောင်းတွေကရှိထားပြီးသားပါ။အသင်းမှာဆက်ရှိသွားသည် ဖြစ်စေ ၊အသင်းသစ်ဆီပြောင်းလဲသွားရသည်ဖြစ်စေ၊သဘောတူညီမှုတစ်ခုဟာလွယ်လွယ်ကူကူ နဲ့ ရရှိမှာ ဖြစ်ပါတယ်။ဒီရာသီဟာ ကျနော့် ရဲ့ ဘာနေဗျူး ကစားသမားဘ၀ 9 ရာသီမြောက်လေ။ ရီးရဲ မက်ဒရစ် က ကျနော့် ရဲ့ အိမ်လို ဖြစ်နေပါပြီ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

လူကာ မိုဒရစ်ဟာ နည်းပြ အဆက်ဆက် အပြောင်းအလဲတွေ အကြားမှာ ၊ ပွဲထွက်ကစားသမား နေရာ ကို ရှားရှား ပါးပါး ရယူနိုင်ခဲ့တဲ့ သူ ဖြစ်ပါတယ်။ အန်ဆယ်လော့တီ ဆိုရင် မိုဒရစ် ဒဏ်ရာ ရရှိသွားတာကြောင့် ၊ နောက်ထပ် ချန်ပီယံလိဂ် ဖလား တစ်လုံးထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းမရှိတာ ဖြစ်တယ်လို့တောင် မှတ်ချက် ပေးခဲ့ဖူးပါတယ်။

သို့သော် သူ့ကို ရီးရဲ မက်ဒရစ်ဆီ ခေါ်ဆောင်လာခဲ့တဲ့ သူက မော်ရင်ဟိုပါ။

“ ကျနော် ရီးရဲ မက်ဒရစ် ကို ပြောင်းရွှေ့လာဖြစ်ဖို့ အဓိကဆွဲဆောင်စည်းရုံးခဲ့သူကမော်ရင်ဟိုပါ။ သူ နဲ့ တစ်နှစ်ပဲ လက်တွဲ ကစားလိုက်ရတာက ရှက်ဖို့တော့ ကောင်းပါတယ်။ သူကအံ့အားသင့်ဖို့ ကောင်းတဲ့နည်းပြတစ်ယောက်ဗျ။ပေါင်းသင်းဆက်ဆံရတာခက်ပေမယ့်၊အမြဲတမ်းပွင့်ပွင့်လင်းလင်းပြောတတ်သူပါ။ကျနော်ကအဲဒီလိုပွင့်ပွင့်လင်းလင်းပြောတတ်သူတွေကိုကြိုက်ပါတယ်။ဒီကလပ်ဆီ ကို ခေါ်ဆောင်ပေးခဲ့တဲ့ အတွက်လဲ အမြဲတမ်း ကျေးဇူး တင်နေမှာပါ”

“ အန်ဆယ်လော့တီ ကလဲ နောက်ထပ် ထူးခြား နည်းပြ တစ်ယောက်ဖြစ်သလို၊လူသားပိုဆန်တဲ့ သူပေါ့ဗျာ။ သူနဲ့ အတူ ဖြတ်သန်းခဲ့တဲ့ 2 ရာသီ အတွင်းမှာ ကိုပါဒယ်ရေး ဖလား နဲ့ ချန်ပီယံလိဂ် ဖလား ကို ဆွတ်ခူးနိုင်ခဲ့တယ်လေ။ သူနဲ့ ကတော်တော်လေးအဆင်ပြေတာဗျ။အခုချိန်ထိတောင် အဆက်သွယ်တွေ ရှိနေတုန်းပါပဲ”

“ဇီဒန်းကတော့ထိပ်တန်းမန်နေဂျာတစ်ယောက်ပါ။သူနဲ့အတူကျနော်တို့ရယူထားတဲ့အောင်မြင်မှုတွေကနောက်တစ်ကြိမ်ပြန်ကြိုးစားကြည့်ဖို့တောင်မဖြစ်နိုင်ပါဘူး။လူတွေကသူ့ရဲ့နည်းပြအရည်အသွေးကိုအခုချိန်ထိမေးခွန်းထုတ်နေကြတဲ့အပေါ်မယုံကြည်နိုင်ဘူးဗျာ။သူဟာကမ္ဘာ့ အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက် ဆိုတာ သေချာပါတယ်။

သူ့မှာ ရှင်းလင်း တိကျတဲ့ အိုက်ဒီယာတွေ ရှိတယ် ၊ ကစားသမားတွေ ရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်တွေကို ဆွဲထုတ်နိုင်တယ်လေ။ သူဟာ အဲလက် ဖာဂူဆန် ၊ အာဆင်ဝင်းဂါး တို့လို ရီးရဲ မက်ဒရစ် ရဲ့ သက်တော်ရှည် နည်းပြ တစ်ယောက်တောင် ဖြစ်သွားနိုင်ပါတယ်” လို့ COPE နဲ့ အင်တာဗျူး မှာ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SPORTS MYANMAR