ယူနိုက်တက် တို့ 4 – 0 ဆိုတဲ့ ရလဒ် နဲ့ ချဲလ်ဆီး ကို အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ် မှာ ဘစ်ဆာကာ ဟာ ယူနိုက်တက် အတွက် ပထမ ဆုံး အကြိမ် ပွဲထွက် ကစား ပေးနိုင် ခဲ့ ပါတယ် ။ ဘစ်ဆာကာ ကတော့ အဖွင့် ပွဲစဉ် ဟာ သူ မျှော်လင့် ထားခဲ့ သလို ဖြစ်လာ ခဲ့ကြောင်း ထုတ်ဖော် ပြောကြား လိုက် ပါတယ် ။

ဒါပေမယ့် အဲ့ဒီလို ခမ်းနား လှတဲ့ ရလဒ် ကို အဖွင့် ပွဲမှာ ပိုင်ဆိုင် နိုင်ခဲ့ ပေမယ့် အသင်း ရဲ့ ကစား ပုံ နဲ့ ခြေစွမ်း ပိုင်းမှာ လိုအပ်ချက် တွေ ရှိနေ ခဲ့တဲ့ အတွက် သူဟာ မပျော်မရွှင် ဖြစ်ခဲ့ ရကြောင်း ဘစ်ဆာကာ က ဝုလ်ဗ် နဲ့ ကစား ရမယ့် ပွဲစဉ် မတိုင်မီ အင်တာဗျူး မှာ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ချဲလ်ဆီး အသင်း ကို အနိုင် ရယူ ခဲ့ခြင်း က ခမ်းနား လှတဲ့ ရလဒ် တစ်ခု ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ အနိုင် ရရှိ ခဲ့တဲ့ ပုံစံ ကို ကြည့်ရှု ပြီး ကျွန်တော် အရမ်း ပျော်ရွှင် နေတာ မျိုး မဖြစ် ခဲ့ရ ပါဘူး ”

” ကျွန်တော် ဟာ ယူနိုက်တက် ကစားသမား တစ်ဦး အနေ နဲ့ အိုးလ် ထရပ်ဖို့ဒ် မှာ ပထမ ဆုံး ပွဲစဉ် ကစား ဖို့ အရမ်း ပဲ စောင့် မျှော် နေခဲ့ ပါတယ် ။ ကျွန်တော် အဲ့တာ ကို လုပ်ဆောင် ခွင့် ရရှိ ခဲ့တဲ့ အတွက် ၊ ရလဒ် ကောင်းမွန် ခဲ့တဲ့ အတွက် ပျော်ရွှင် ခဲ့ရ ပါတယ် ”

” ကျွန်တော် ဟာ ပထမဆုံး ပွဲ အတွက် ကြောက်ရွံ့ ထိတ်လန့် မနေ ခဲ့ရ ပါဘူး ။ ကျွန်တော် ဟာ အဲ့ဒီ လို ဖြစ်တက် တဲ့ ကစား သမား မျိုး မဟုတ် ပါဘူး ။ လူတွေ အတော် များများ က ကစား သမား သစ် ဘယ်လို ကစား လိမ့်မလဲ ဆိုတာ အထူး စောင့်ကြည့် နေကြ လိမ့်မယ် လို့ ကျွန်တော် သိနေ ခဲ့ ပါတယ် ”

” ဒါပေမယ့် ကျွန်တော် ကတော့ ပြိုင်ဖက် ကို ပိတ်ဆို့ ကာကွယ် ဖို့ ၊ ပွဲစဉ် အပေါ် အာရုံ စိုက်ဖို့ ပဲ အလေးထား လုပ်ဆောင် ခဲ့ ပါတယ် ။ ဝန်ခံ ရရင် ကျွန်တော် နည်းနည်း စိတ် လှုပ်ရှား နေတာ ပေါ့ဗျာ ။ ကျွန်တော် ဟာ ရာသီ ကြို ကာလ မှာ ပွဲ ကစား ခွင့် များစွာ ရရှိ ထားခဲ့ ပါတယ် ”

” အဲ့တာ က ကျွန်တော့် အတွက် တစ်ကယ် ပဲ လိုအပ် ခဲ့ ပါတယ် ။ အဲ့တာ ကြောင့်လည်း ကျွန်တော် ဟာ အသင်း အကြောင်း ၊ အသင်း ဖော်တွေ အကြောင်း ကို ကောင်းကောင်း သိရှိ ခဲ့ရ တယ်လေ ။ အဲ့တာ က ကျွန်တော့် အတွက် အကူအညီ ဖြစ်စေ ခဲ့ ပါတယ် ”

” ကျွန်တော် တို့ ကစား ခဲ့တဲ့ ပွဲစဉ် တိုင်းဟာ ကောင်းမွန်စွာ ပဲ ပြီးဆုံး သွားခဲ့ ပြီး ကျွန်တော် နဲ့ အတူ အစ ကတည်းက ကစား ခဲ့ ကြတဲ့ အသင်းဖော် တိုင်းက ခမ်းနား ခဲ့ကြ ပါတယ် ။ သူတို့ တွေဟာ တစ်ကယ့် ကောင်းမွန် တဲ့ လူသား တွေ ဖြစ်ကြ ပြီး ကျွန်တော် စတင် ရောက်ရှိ ကတည်းက အသင်း မှာ အံဝင် နိုင်ဖို့ အကောင်းဆုံး ကူညီ ပေးခဲ့ ကြ ပါတယ် ”

” ဒါပေမယ့် ကစားသမား တစ်ဦး အတွက် ကတော့ အိုးလ် ထရပ်ဖို့ဒ် မှာ ကစား ခဲ့တဲ့ ပထမဆုံး ပွဲစဉ် ဟာ မှတ်တိုင် တစ်ခု ပါပဲ ။ ကျွန်တော် ကောင်းမွန် တဲ့ ခြေစွမ်း ပြသ နိုင် ခဲ့တဲ့ အတွက် တစ်ကယ် ပဲ ပျော်ရွှင် မိ ပါတယ် ” လို့ ဘစ်ဆာကာ က ပြောခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ရာသီ ကြို ပွဲစဉ် ကနေ အခု ထက်ထိ နိုင်ပွဲ တွေ ဆက်တိုက် ရှာဖွေ နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် အခုတော့ အဝေးကွင်း ပွဲစဉ် အဖြစ် ဝုလ်ဗ် နဲ့ ကစား ရမယ့် ပွဲဟာ ယူနိုက်တက် အတွက် စမ်းသပ်မှု တစ်ခု ဖြစ်လာ ဖို့ ရှိနေ ပါတယ် ။ အဆိုပါ ပွဲစဉ် နဲ့ ပတ်သက်လို့ …

” ဒါဟာ သေချာပေါက် ခက်ခဲ တဲ့ ပွဲစဉ် တစ်ပွဲ ဖြစ် လာမှာ ပါ ။ ဒါပေမယ့် ကျွန်တော် တို့ ချဲလ်ဆီး နဲ့ ပွဲစဉ် တုန်းက အပေါင်း လက္ခဏာ ဆောင်တဲ့ အရာ တွေကို ဒီပွဲ ဆီ ယူဆောင် လာကြ မှာပါ ။ ကျွန်တော် တို့ ဒီထက် ပို ကောင်းအောင် ကစား နိုင်သေးတဲ့ ဧရိယာ တွေ ရှိနေ ပါ သေးတယ် ”

” လက်ရှိ ကျွန်တော် တို့ ယူနိုက်တက် မှာ အတွေ့အကြုံ ရင့်တဲ့ ဝါရင့် ကစားသမား တွေ ၊ လူငယ် ကစားသမား တွေနဲ့ စုပေါင်း ဖွဲ့စည်း ထား ပါတယ် ။ လူငယ် ကစားသမား တစ်ဦး အနေ နဲ့ အခု လို အစု အဖွဲ့ ပိုင်ဆိုင် ဖို့ ဆိုတာ တစ်ကယ် ပဲ အရေးကြီး တယ်လို့ ကျွန်တော် ထင် ပါတယ် ”

” ကျွန်တော် တို့ အဆင့် အတန်း ကို ထိန်းသိမ်း နိုင်မယ့် ၊ လိုအပ်တဲ့ အချိန် မှာ ပွဲရှိန် တွေကို ဆက်လက် တိုးမြှင့် ပေးနိုင်မယ့် ကစားသမား တွေ လိုအပ် ပါတယ် ။ ဒါကို အသင်း မှာ ရှိတဲ့ ဝါရင့် ကစားသမား တွေက ပဲ လုပ်ဆောင် ပေးနိုင် ကြ ပါတယ် ” လို့ ဘစ်ဆာကာ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar