ဂန်းနား ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး က သူ့ရဲ့ တပည့်ဟောင်း ဖြစ်သူ အာတီတာ ဟာ အာဆင်နယ် အသင်းကို ထိပ်ဆုံး လေးသင်းအတွင်း ဝင်ရောက်နိုင်အောင် စွမ်းဆောင် ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ် မှာ အဆင့် ၈ နေရာမှာ ရပ်တည် နိုင်ခဲ့ပြီး အဆင့် ၄ နေရာက ချဲလ်ဆီး နဲ့ ၁၀ မှတ်အကွာ ၊ အဆင့် ၁ နေရာက လီဗာပူး နဲ့ ၄၃ မှတ် အထိ ကွာဟ ခဲ့ပါတယ် ။

ဒါပေမယ့်လည်း အာဆင်နယ် အသင်းဟာ အာတီတာ လက်ထက် မှာ သိသိသာသာ တိုးတက် ကောင်းမွန် လာခဲ့ပြီး အက်ဖ်အေဖလား ကော ကွန်မြူနတီဒိုင်းပါ ရယူ နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ ဒီရာသီ အဖွင့်ပွဲစဉ် လေးပွဲမှာ နိုင်ပွဲ ၃ ပွဲ အထိ ရှာဖွေ ထားနိုင်ပြီး အဆင့် ၄ နေရာမှာ ရပ်တည် နေပါတယ် ။

ဂန်းနား ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး က The Guardian နဲ့ Q and A ကဏ္ဍ မှာ အာတီတာ ကို ဘယ်လို အကြံဉာဏ် ပေးချင်သလဲ ဆိုတဲ့ မေးခွန်းကို ” လက်ရှိအချိန်မှာ သူ(အာတီတာ) က အသင်းကို ဆက်လက် ခိုင်မြဲအောင် သူ့ယုံကြည်ချက် အတိုင်း လုပ်ဆောင်လျှက် ရှိနေပါတယ် ။ ”

” အသင်းမှာ ကောင်းမွန်တဲ့ အသင်းလိုက် စိတ်ဓတ် ကိန်းအောင် နေပြီး သူတို့မှာ အခွင့်အလမ်းကောင်း ရှိနေတယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ် ။ မနှစ်က ရခဲ့တဲ့ အမှတ်ထက် ပိုမို တိုးတက်အောင် လုပ်ဖို့ အရမ်း မခက်ခဲဘူးလို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော်ကတော့ သူတို့ အဆင့်လေးအတွင်း ဝင်မယ်လို့ကို ယုံကြည်မိပါတယ် ၊ ဒီထက်ကော မပိုနိုင်ဘူးလား ဆိုရင် ဘာကြောင့် မဖြစ်နိုင်ရမှာလဲလို့ ကျွန်တော်ကတော့ ပြန်ပြောမှာပါ ။ ”

” သူတို့ အသင်းဟာ ဒီရာသီမှာ ကျွန်တော့်ကို အံ့ဩအောင် လုပ်နိုင်မှာပါ ၊ သူတို့ရဲ့ ကစားသမား အဝယ်တွေကလည်း သိပ်ကောင်းပါတယ် ၊ သူတို့ ခံစစ်ကို ကောင်းကောင်း အင်အား ဖြည့်တင်း ထားပါတယ် ။ ”

” နောက်ပြီး သူတို့ အနေနဲ့ အသင်းက ကစားသမားတွေကို ဆက်လက် ထိန်းသိမ်း ထားနိုင်ပါတယ် ။ ကျွန်တော့်ရဲ့ အာဆင်နယ် နည်းပြ ဘဝ နောက်ဆုံးနှစ်မှာ ဝယ်ခဲ့တဲ့ အူဘာမီယန်းကိုလည်း အသင်းမှာ ဆက်လက်ထိန်းသိမ်း နိုင်ခဲ့ပါတယ် ၊ သူတို့မှာ ကစားသမား အစုံအလင် ရှိပါတယ် ၊ အားနည်းချက်ရယ်လို့ မရှိပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR