ဂန်းနား ဂန္တဝင် နည်းပြ အာဆင်ဝင်းဂါး ဟာ အာဆင်နယ် ကို နည်းပြစဉ်က သူ့အတွက် ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်ဟာ ၁၉၉၀ ခုနှစ် အစောပိုင်းကာလက ဝင်ဘယ်ဒန် အသင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

ပြင်သစ် လူမျိုး နည်းပြ အာဆင်ဝင်းဂါး ဟာ အာဆင်နယ် အသင်းကို ၁၉၉၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် အထိ နှစ်ပေါင်း ၂၂ နှစ်ကြာ နည်းပြ ခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၃ ကြိမ် ၊ အက်ဖ်အေ ဖလား ၇ ကြိမ် အထိ ရယူ နိုင်ခဲ့ပါတယ် ။

အာဆင်ဝင်းဂါး က BBC နဲ့ အင်တာဗျူးမှာ သူ့ရဲ့ အာဆင်နယ် နည်းပြ ဘ​ဝ ရင်ဆိုင်ရ အခက်ခဲဆုံး အသင်းကို ရွေးချယ် ပေးရာမှာ ပြည်တွင်း ပြိုင်ဘက်တွေ ဖြစ်တဲ့ မန်ယူနိုက်တက် ၊ ချဲလ်ဆီး ကို ထည့်သွင်း မပြောဆိုခဲ့ဘဲ ဝင်ဘယ်ဒန် အသင်းကို အံ့အားသင့်ဖွယ် ရွေးချယ် ပေးခဲ့ပါတယ် ။

အာဆင်ဝင်းဂါး က BBC မှာ သူ့ရဲ့ အာဆင်နယ် နည်းပြ ဘ​ဝ ရင်ဆိုင်ရ အခက်ခဲဆုံး အသင်း​က ဘယ်အသင်းလဲ ဆိုတဲ့ မေးခွန်းကို ” ကျွန်တော် အင်္ဂလန်ကို စရောက်ခါစက ရင်ဆိုင်ခဲ့ရတဲ့ ဝင်ဘယ်ဒန် အသင်း ပေါ့ဗျာ ။ ” လို့ ဖြေကြား ခဲ့ပါတယ် ။

အာဆင်ဝင်းဂါး ဟာ သူ့ရဲ့ အာဆင်နယ် နည်းပြ ဘဝ ပထမဆုံး ရာသီမှာ လန်ဒန် မြို့ခံပြိုင်ဘက် ဝင်ဘယ်ဒန် အသင်း နဲ့ ရင်ဆိုင် ခဲ့ရာ နိုင်ပွဲ မရရှိခဲ့ဘဲ အိမ်ကွင်းမှာ အရှုံး ၊ အဝေးကွင်းမှာ သရေရလဒ်သာ ရရှိ ခဲ့ပါတယ် ။

အာဆင်ဝင်းဂါး ရဲ့ အာဆင်နယ် နည်းပြ ဘဝ ပထမဆုံး ရာသီမှာ နည်းပြ ဂျိုးကင်နီယာ ဦးဆောင်တဲ့ ဝင်ဘယ်ဒန် အသင်းဟာ ဂန်းနားတို့ကို ကောင်းကောင်း ဒုက္ခ ပေးနိုင်ခဲ့တာ ဖြစ်ပါတယ် ။ အာဆင်နယ် နဲ့ ရင်ဆိုင်ခဲ့တဲ့ နှစ်ပွဲစလုံးမှာ ဝင်ဘယ်ဒန် အသင်း ကွင်းလယ်လူ ဗင်နီဂျူးစ် ဟာ ဂိုးသွင်းနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက်ပိုင်း ဝင်ဘယ်ဒန် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့တဲ့ ၆ ပွဲမှာ အာဆင်နယ် အသင်းဟာ နိုင်ပွဲလေးပွဲ အထိ ပြန်လည် ရှာဖွေ နိုင်ခဲ့ပြီး ၁ ပွဲသာ ရှုံးနိမ့် ခဲ့ပါတယ် ။ ဝင်ဘယ်ဒန် အသင်းဟာ ၂၀၀၀ ခုနှစ်မှာ ပရီးမီးယားလိဂ် ကနေ တန်းဆင်း သွားခဲ့ရပြီး လက်ရှိမှာ လိဂ်ဝမ်း မှာ ကစားနေပါတယ် ။

ဒါ့အပြင် အာဆင်ဝင်းဂါး က သူ့ရဲ့ အာဆင်နယ် အသင်းသားတွေ ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက် ကစားသမား နှစ်ဦး က ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို မန်ယူနိုက်တက် ကွင်းလယ်လူ ရွိုင်ကိန်း နဲ့ မန်စီးတီး ကွင်းလယ်လူ အက်ဖ်အင့်ဟာလန်း တို့ ဖြစ်ကြောင်း ပြန်လည် ဖြေကြား ခဲ့ပါတယ် ။ အက်ဖ်အင့်ဟာလန်း ဟာ လက်ရှိ ဒေါ့မွန် တိုက်စစ်မှူး အာလင်ဟာလန်း ရဲ့ဖခင်ပါ ။

SPORTS MYANMAR