မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ငါးနှစ် တာ ကစား ခဲ့ ဖူးတဲ့ နောက်ခံ ကစားသမား ဟောင်း ဖြစ်သူ ပေါလ် ပါကား က လက်ရှိ အသင်း ဟောင်းရဲ့ ခံစစ် မှာ အဓိက အားနည်းချက် က ဘယ် နောက်ခံလူ လုခ် ရှော သာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ယိုယွင်း ခဲ့တဲ့ အသင်း ရဲ့ ခံစစ် ကြောင်းကို ပြင်ဆင် ဖို့ အတွက် ဒီနွေ အပြောင်း အရွှေ့ မှာ အထူး အာရုံစိုက် ခဲ့တဲ့ အသင်း ပဲ ဖြစ် ပါတယ် ။

အဓိက အားဖြင့် အသင်း ရဲ့ ဗဟို ခံစစ် နေရာ မှာ ဖီးလ် ဂျုံးစ် နဲ့ စမောလင်း တို့ဟာ ခြေစွမ်း မမှန် ခဲ့မှု ၊ ဘိုင်လီ နဲ့ ရိုဟို တို့ ဒဏ်ရာ ပြသနာ တွေနဲ့ မကြာခန ရုန်းကန် နေခဲ့ ရမှု တွေကြောင့် နည်းပြ ဆိုးလ်ရှား ဟာ ဗဟို ခံစစ် နေရာ အတွက် လက်စတာ စီးတီး အသင်း မှ နောက်ခံလူ မက်ဂွားယား ကို စံချိန်တင် ပြောင်းရွှေ့ ကြေး ပေါင် သန်း 80 ပေးပြီး ခေါ်ယူ ခဲ့ ပါတယ် ။

ဒါ့အပြင် အသင်း ခေါင်းဆောင် ဗလန်စီယာ အသင်း မှ ထွက်ခွာ ခဲ့မှု ၊ အက်ရှ်လေ ယန်း အသက် အရွယ် ရရှိ ခဲ့မှု တွေကြောင့် ယူနိုက်တက် ဟာ အဆိုပါ နေရာ ကို အင်အား ဖြည့်တင်း ဖို့ ခရစ္စတယ် ပဲလေ့စ် အသင်း မှ အာရွန် ဝမ် ဘစ်ဆာကာ ကို ခေါ်ယူ ခဲ့ပါ သေးတယ် ။

အခုတော့ ယူနိုက်တက် ရဲ့ ခံစစ် ကြောင်းမှာ ဘစ်ဆာကာ ၊ မက်ဂွားယား ၊ လင်ဒီလော့ဖ် နဲ့ လုခ်ရှော ဆိုတဲ့ ပထမ တန်းစား ပွဲထွက် ကစားသမား စာရင်း ရှိနေ ခဲ့ ပါပြီ ။ ဒါပေမယ့် ယူနိုက်တက် ကစားသမား ဟောင်း ပေါလ် ပါကား က ယူနိုက်တက် ခံစစ် ကြောင်းမှာ လုခ် ရှော ဟာ အားနည်းချက် အဖြစ် ရှိနေ ဆဲ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် အသက် 24 နှစ် အရွယ် လုခ်ရှော အနေ နဲ့ ပြောင်းလဲ မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခက်ခက် ခဲခဲ ကြိုးစား ရ လိမ့်မယ် လို့ ပေါလ် ပါကား က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဟိုဆေး မော်ရင်ဟို လက်အောက် မှာ ကစား ခဲ့တဲ့ ရှော အတွက် ကျွန်တော် တစ်ကယ် ဝမ်းနည်း မိ ပါတယ် ။ သူဟာ ဟိုဆေး မော်ရင်ဟို ပေးခဲ့ တဲ့ အခွင့် အရေး တွေနဲ့ မထိုက်တန် ခဲ့ ပါဘူး ။ တစ်ကယ့် တော့ သူ ခြေထောက် ကျိုး ခဲ့တဲ့ အတွက် မော်ရင်ဟို က အကောင်းဆုံး ဖြစ်နိုင် အောင် တစ်ဖက် လှည်နဲ့ တက်စွမ်း သလောက် ကူညီ ခဲ့တာ ပါ ”

” ဒါပေမယ့် ရှော ကတော့ သူ့ကိုယ်သူ အကောင်းဆုံး မကူညီ နိုင်ခဲ့ ပါဘူး ။ သူ့ရဲ့ ခြေစွမ်း ကောင်း တွေကို ပြသ နိုင်ဖို့ အတွက် လုခ်ရှော အနေ နဲ့ အစားအသောက် ဆင်ခြင် ဖို့ ၊ ကြံ့ခိုင်မှု အကောင်းဆုံး ရရှိ ဖို့ အတွက် ဦးစား ပေး လုပ်ဆောင် ခဲ့သင့် ပါတယ် ။ ဒါပေမယ့် သူ မလုပ်ဆောင် ခဲ့ ပါဘူး ”

” သူဟာ ကျွန်တော် မျှော်လင့် ထားခဲ့ သလို ဘောလုံး ပြန် ကစားနိုင် ခြင်း မရှိခဲ့ ပါဘူး ။ သူဟာ ဟိုး အရင် တုန်းက ကစား တာ အရမ်း ကို ကောင်းမွန် ခဲ့ ပေမယ့် အခု နောက်ပိုင်း မှာတော့ တိုက်စစ် ပိုင်း လိုက်ပါ တဲ့ အခါ ထူးခြား တဲ့ အရာ တွေကို လုပ်ဆောင် နိုင်ခြင်း မရှိ ခဲ့ ပါဘူး ”

” သူဟာ အသင်း ရဲ့ တိုက်စစ် ပိုင်း အတွက် ထူးခြား တဲ့ အရာ တွေကို မလုပ်ဆောင် ပေးနိုင် ခဲ့ ပါဘူး ။ သူဟာ ပြိုင်ဖက် တွေကို လွယ်ကူစွာ မကျော်ဖြတ် နိုင်တော့ သလို ဘောလုံး ခြေထောက် ထဲ ရှိတဲ့ အချိန် ပြိုင်ဖက် ကို မျက်လှည့် ဆန်ဆန် လိမ်ခေါက် ကစား နိုင်ခြင်း မရှိ တော့ ပါဘူး ”

” သူဟာ တိုက်စစ် ပိုင်းကို တွန်းအား ပေးဖို့ ပြီးရင် ဘောလုံး လက်ခံ ရယူ နိုင်ဖို့ တိုက်စစ် ပိုင်းကို ပြေးတာ မျိုး တွေပဲ လုပ်လေ့ ရှိတက် ပါတယ် ။ ဒါ့ကြောင့် မက်ဂွားယား အနေ နဲ့ လုခ်ရှော ရှိတဲ့ ဖက်ကို ကာဗာ လုပ်ပြီး ကစား ရမယ် လို့ မော်ရင်ဟို ဘာကြောင့် ပြောခဲ့ သလဲ ဆိုတာ ကျွန်တော် ကောင်းကောင်း သဘောပေါက် နားလည် ပါတယ် ” လို့ ပေါလ် ပါကား က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar