စနေနေ့ ညရဲ့ အစောဆုံး ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ စိတ်လှုပ်ရှား စရာတွေ ပြည့်နှက် နေခဲ့ ပါတယ် ။ အမှတ်ပေး ဇယား ထိပ်ဆုံး က အဲဗာတန် ဟာ အိမ်ကွင်း မှာ မနိုင်တာ ကြာပြီ ဖြစ်တဲ့ လီဗာပူး ကို လက်ခံ ကစား ခဲ့ပြီး ဒီ တစ်ကြိမ် မှာလည်း အနိုင် မရခဲ့ ပြန်ပါဘူး ။ မနိုင် ခဲ့ဘူး ဆိုတာ ထက် ကံကောင်းလို့ မရှုံး ခဲ့တာ လို့တောင် ပြောနိုင် ပါတယ် ။ လီဗာပူး အတွက်တော့ ဒီည ပွဲ ဟာ ကြီးမားတဲ့ နစ်နာမှုတွေ နဲ့ ညတစ်ည ပါပဲ ။

လီဗာပူး တို့ ပထမဆုံး နစ်နာခဲ့ တာက ဗာဂျယ် ဗန်ဒိုက် ရဲ့ ပြစ်ဒဏ်ဘောပါ ။ အဲဗာတန် ဂိုးသမား ပစ်ဖိုဒ့် ရဲ့ ဖျက်ထုတ်မှု ကြောင့် ဗန်ဒိုက် တစ်ယောက် လူစားလဲ ခဲ့ရ ပါတယ် ။ ပစ်ဖိုဒ့် ကတော့ ဘာ ကတ် မှ အပြ မခံ ခဲ့ရ ပါဘူး ။ ဘာဖြစ်လို့ လည်း ဆိုတော့ ဗန်ဒိုက် က လူကျွံ နေခဲ့ လို့ပါ ။

ဒီနေရာမှာ ပစ်ဖိုဒ့် အဝါကတ် တောင် မထိတာ နဲ့ ပတ်သက်ပြီး စဉ်းစား စရာတွေ အများကြီး ရှိပါတယ် ။ လူကျွံ နေတာကြောင့် လို့ ပြောသံတွေ ကြားမိ ပါတယ် ။ ဒါပေမယ့် တကယ်တမ်း မှာတော့ ပစ်ဖိုဒ့် ဟာ လူကျွံ တာ ကို မသိဘဲ နဲ့ ကာကွယ်ဖို့ ကြိုးစား ခဲ့တာကြောင့်က ပိုပြီး ဖြစ်နိုင် ပါတယ် ။ လူကျွံ နေတာကို သိလျက် နဲ့ ပြေးဖျက် ရင်တော့ ကတ် ထိဖို့ ကျိန်းသေ မှာပါ ။

ဒါပေမယ့် အင်္ဂလန် ဂိုးသမား ရဲ့ ဝင်ပုံ က အရမ်း ကြမ်းလွန်း ပါတယ် ။ ဘောလုံးကို ကာကွယ်ရင်း တစ်ဖက် ကစား သမား ကိုပါ ထိခိုက် ဒဏ်ရာ ရစေနိုင်တဲ့ ပုံစံမျိုးပါ ။ တကယ်လည်း ဗန်ဒိုက် ဒဏ်ရာ ရသွားခဲ့ ပါတယ် ။ ပစ်ဖိုဒ့် ကတော့ လူကျွံ နေတယ် ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အပြစ်မဲ့သူ ဖြစ်သွား ခဲ့ရ ပါတယ် ။

ဒါဟာ မျှတမှု မရှိပါဘူး ၊ တကယ်လို့ ဗန်ဒိုက် သာ ကျိုးသွားခဲ့မယ် ၊ လတွေ အများကြီး နားသွား ရမယ် ဆိုရင် ဘယ်လို ဖြစ်နိုင် မလဲ ၊ ဒီ ဖျက်ထုတ်မှု ဟာ အရမ်း အန္တရာယ် များပါတယ် ။ လူကျွံ သည်ဖြစ်စေ ၊ မကျွံသည် ဖြစ်စေ အရေးယူမှု တော့ ရှိရမှာပါ ။ လူကျွံ တာကြောင့် လီဗာပူးတို့ ပင်နယ်တီ မရသင့် ပါဘူး ၊ ဒါမှန်ပါတယ် ၊ ဒါပေမယ့် ပစ်ဖိုဒ့် လည်း ထိုက်သင့်တဲ့ အပြစ်ဒဏ် ကို ကျခံရ မှာပါ ။

နောက်ထပ် ပြောစရာ ဖြစ်လာတာ ကတော့ လူကျွံ စည်းမျဉ်း ပါပဲ ။ လီဗာပူး တို့ ပယ်ဖျက် ခံလိုက် ရတဲ့ တတိယ ဂိုးမှာ မာနေး လူကျွံ နေပုံက ဘယ်လိုမှ လက်ခံလို့ မရ တဲ့ အနေ အထား ပါပဲ ။ VAR နဲ့ ပြန်ကြည့်ပြီး ဆုံးဖြတ်ရင်တောင်မှ ဒါဟာ လူကျွံ နေပါတယ် လို့ ဘယ်လိုမှ တွေးတောပေးလို့ မရတာပါ ။ မာနေး ဟာ ဂိုးကို ကျောပေးထားတာ ဖြစ်ပြီး ဘောလုံး လာမှ လှည့်ပြေး ခဲ့တာပါ ။ သူ့ရဲ့ အရွေ့ က အရှေ့ကို ဦးတည် မနေ ပါဘူး ။ လီဗာပူး တို့ ခံလိုက် ရတာလို့ ပဲ ပြောချင် ပါတယ် ။

 

ဒီ လူကျွံ စည်းမျဉ်း ဟာ တစ်ပွဲ နဲ့ တစ်ပွဲ မတူ တာက VAR နဲ့ လူကျွံ စည်းမျဉ်း ကို ဝေဖန်မှုတွေ များနေရတဲ့ အဓိက အကြောင်းအရင်း ပါပဲ ။ လီဗာပူး နဲ့ ပွဲမှာ မာနေး လူကျွံတယ် လို့ သတ်မှတ်ပြီး ဂိုးကို ပယ်ဖျက်တယ် ၊ နောက်ပွဲ တစ်ပွဲ မှာတော့ ဒါကို လစ်လျှူရှု လိုက်တယ် ၊ နောက်တစ်ပွဲ မှာ ပြန်ပေးတယ် ၊ ပြီးတော့ မပေးပြန်တော့ ဘူး၊ ဒီလိုကြီး ဖြစ်နေ တာပါ ။

VAR စနစ် ဟာ ဒိုင်လူကြီးတွေ ရဲ့ မမျှတမှု တွေ ၊ အားနည်းချက်တွေ ကို အကာအကွယ် ပေးပြီး ကိုယ်စား ဝင်ခံ ခဲ့ရတဲ့ အရာလို့ တစ်ခါက ရေးခဲ့ဖူး ပါတယ် ။ တော်တော် လေး ကြာခဲ့ ပါပြီ ။ အခုချိန် အထိ ဒါက မှန်နေ တုန်းပါပဲ ။

၂၁ ရာစု မှာ အရာရာ ဟာ ပြောင်းလဲ တိုးတက်နေပါတယ် . . . စည်းမျဉ်း စည်းကမ်းတွေ လည်း ဒီလိုပဲ ဖြစ်ရမှာပါ

SPORTS MYANMAR