မန္ခ်က္စတာ ယူႏုိက္တက္ အသင္း ဟာ ၿပီး ခဲ့တဲ့ တနလၤာ ေန႔ ညက စပါး အသင္း ကို အိမ္ကြင္း မွာ လက္ခံ ကစား ခဲ့ၿပီး ၃ – ၀ ျဖင့္ ရွဳံးနိမ့္ ခဲ့ ပါတယ္ ။ အဆုိပါ ပြဲ အၿပီး သတင္း ေထာက္ တစ္ဦး နဲ႔ အေမး အေျဖ ျပဳလုပ္ စဥ္ မွာ ေတာ့ ယူႏုိက္တက္ နည္းျပ ေမာ္ရင္ဟို ဟာ ျမန္မာ ႏုိင္ငံ နဲ႔ ပတ္သက္ၿပီး ထည့္သြင္း ေျပာဆို သြားခဲ့ ပါတယ္ ။

ဘီဘီစီ သတင္း ဌာနက ေဖာ္ျပ ခဲ့တဲ့ ၄ မိနစ္ ေက်ာ္ ၾကာတဲ့ အင္တာဗ်ဳး ရုပ္သံ ဖုိင္ မွာ ဟိုေဆး ေမာ္ရင္ဟို ဟာ အမ်ဳိး သမီး သတင္း ေထာက္ တစ္ဦး ( ပရီးမီးယားလိဂ္ က ခန္႔အပ္ ထားသည့္ သတင္းေထာက္ ) နဲ႔ အေမး အေျဖ ျပဳလုပ္ ခဲ့ၿပီး ပြဲ နဲ႔ ပတ္သက္ တဲ့ အေၾကာင္း အရာ မ်ားကို အဓိက ေျပာဆို သြားခဲ့ တာ ျဖစ္ ပါတယ္ ။

ဟိုေဆး ေမာ္ရင္ဟို က သူ႔ရဲ႕ အသင္း ဟာ အေကာင္း ဆံုး ႀကဳိးစား ခဲ့တာ ျဖစ္ၿပီး ပရိသတ္ေတြ ရဲ႕ လက္ခုပ္ သံ ေတြ ဟာ သူတို႔ ဒီပြဲ ကို အႏုိင္ ရဖို႔ ထိုက္တန္ တယ္ ဆုိတာ ကို ျပသ ခဲ့တယ္ လုိ႔ ဆုိသြားခဲ့ ပါတယ္ ။

ဒါ့အျပင္ ယူႏုိက္တက္ ဟာ စပါး ထက္ ပို ေကာင္း ခဲ့ ေၾကာင္း ၊ တုိက္စစ္ ကစား ခဲ့ သလို ၊ အားနဲ႔ မာန္နဲ႔ ယွဥ္ၿပဳိင္ အားထုတ္ သြားခဲ့ တာ ျဖစ္ၿပီး အခြင့္ အေရး ေတြ လည္း ဖန္တီး ႏုိင္ ခဲ့တဲ့ အသင္း ျဖစ္ ေၾကာင္း ၊ ဒါေပမယ့္ စပါး အသင္း က ပထမ ဆံုး ရရွိ တဲ့ ေထာင့္ကန္ ေဘာ က ေန ဂိုး စ ရသြား ခဲ့ၿပီး ဒီ ဂုိး နဲ႔ အခ်ိန္ မကြာဟ ဘဲ ထပ္ မံ ရရွိ လုိက္တဲ့ ဒုတိယဂိုး ေတြ က ပြဲ ကို ေျပာင္းျပန္ လွန္ ပစ္ လုိက္တာ ျဖစ္ ေၾကာင္း ေျပာဆို သြားခဲ့ ပါတယ္ ။

သတင္း ေထာက္ က ပြဲ ရဲ႕ ရလဒ္ အေပၚ စိတ္ပ်က္ မိ သလား ဆုိတဲ့ ေမးခြန္း ကို လည္း ေမာ္ရင္ဟို က စိတ္ပ်က္ ေပမယ့္ အသင္း သားေတြ အတြက္ နဲ႔ ကစားပံု ေတြ အတြက္ ေပ်ာ္ရႊင္ မိ ေၾကာင္း ၊ ဒီ လုိ စိတ္ဓါတ္ တက္ၾကြ ေနမႈ ေတြ ကို ဆက္လက္ ထိန္းထား ဖို႔ ႀကဳိးစား လုပ္ေဆာင္ သြားမွာ ျဖစ္ေၾကာင္း ၊ ကစားပံု ေကာင္း ေန ေပမယ့္လည္း ဂိုး သြင္း ႏုိင္ ဖုိ႔ လိုအပ္ ေၾကာင္း ၊ သြင္းဂိုး ၁ ဂုိး ဟာ အရာ အားလံု းကိ ုေျပာင္းလဲ ပစ္ လုိက္ တာ ျဖစ္ ေၾကာင္း ေျပာဆို သြားခဲ့ ပါတယ္ ။

အင္တာဗ်ဳး ရဲ႕ ေနာက္ဆံုး ေမးခြန္း မွာေတာ့ သတင္း ေထာက္ ျဖစ္သူ က လက္ရွိ အခ်ိန္ ေတြ ဟာ ခက္ခဲ တဲ့ အခ်ိန္ ေတြ လို႔ သတ္မွတ္ လုိ႔ ရႏုိင္ သလား လို႔ ေမးျမန္း ခဲ့ ပါတယ္ ။ အဲ့ဒီ အခ်ိန္ မွာေတာ့ ေမာ္ရင္ဟို က –

“ခက္ခဲတဲ့ အခ်ိန္ေတြလား ၊ ကြ်န္ေတာ္ ကေတာ့ ခက္ခဲ တဲ့ အခ်ိန္ ေတြ လုိ႔ မသတ္ မွတ္ ထား ပါဘူး ။ မင္း အေနနဲ႔ ပြဲမစခင္ အေျခ အေနေတြ ကို ၾကည့္ မယ္ ဆိုရင္ ၊ အျပင္ က သတင္းေတြ နဲ႔ ယွဥ္ၿပီး ေျပာမယ္ ဆုိရင္ ဥပမာ ေပါ့ . . ျမန္မာ . . ငါ့ အထင္ ေတာ့ ဒါကမွ ခက္ခဲ တဲ့ အခ်ိန္ လုိ႔ ေျပာရမယ္ ထင္ ပါတယ္ ။ ျမန္မာ က ခက္ခဲ တဲ့ အခ်ိန္ ကို ေရာက္ ေနတာပါ ။ ေဘာလံုးပြဲစဥ္ အခ်ဳိ႕ ကို ရွဳံးနိမ့္ တာ က ခက္ခဲ တဲ့ အခ်ိန္ မဟုတ္ ေသး ပါဘူး” လုိ႔ ေျဖၾကား သြားခဲ့တာ ျဖစ္ ပါတယ္ ။

မန္ခ်က္စတာ ယူႏုိက္တက္ အသင္း ဟာ ပြဲစဥ္ ၃ ပြဲ ကစား အၿပီး မွာ ၃ မွတ္ သာ ရရွိ ထား ေသးၿပီး အဆင့္ ၁၃ ေနရာကို ေရာက္ရွိ ေနခဲ့ ပါတယ္ ။ လာမယ့္ တနဂၤေႏြ ေန႔ မွာ ေတာ့ ယူႏုိက္တက္ ဟာ ဘန္ေလ အသင္း နဲ႔ ယွဥ္ၿပဳိင္ ကစား ရမွာ ျဖစ္ ပါတယ္ ။

SPORTS MYANMAR

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီး ခဲ့တဲ့ တနင်္လာ နေ့ ညက စပါး အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ခဲ့ပြီး ၃ – ၀ ဖြင့် ရှုံးနိမ့် ခဲ့ ပါတယ် ။ အဆိုပါ ပွဲ အပြီး သတင်း ထောက် တစ်ဦး နဲ့ အမေး အဖြေ ပြုလုပ် စဉ် မှာ တော့ ယူနိုက်တက် နည်းပြ မော်ရင်ဟို ဟာ မြန်မာ နိုင်ငံ နဲ့ ပတ်သက်ပြီး ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ် ။

ဘီဘီစီ သတင်း ဌာနက ဖော်ပြ ခဲ့တဲ့ ၄ မိနစ် ကျော် ကြာတဲ့ အင်တာဗျုး ရုပ်သံ ဖိုင် မှာ ဟိုဆေး မော်ရင်ဟို ဟာ အမျိုး သမီး သတင်း ထောက် တစ်ဦး ( ပရီးမီးယားလိဂ် က ခန့်အပ် ထားသည့် သတင်းထောက် ) နဲ့ အမေး အဖြေ ပြုလုပ် ခဲ့ပြီး ပွဲ နဲ့ ပတ်သက် တဲ့ အကြောင်း အရာ များကို အဓိက ပြောဆို သွားခဲ့ တာ ဖြစ် ပါတယ် ။

ဟိုဆေး မော်ရင်ဟို က သူ့ရဲ့ အသင်း ဟာ အကောင်း ဆုံး ကြိုးစား ခဲ့တာ ဖြစ်ပြီး ပရိသတ်တွေ ရဲ့ လက်ခုပ် သံ တွေ ဟာ သူတို့ ဒီပွဲ ကို အနိုင် ရဖို့ ထိုက်တန် တယ် ဆိုတာ ကို ပြသ ခဲ့တယ် လို့ ဆိုသွားခဲ့ ပါတယ် ။

ဒါ့အပြင် ယူနိုက်တက် ဟာ စပါး ထက် ပို ကောင်း ခဲ့ ကြောင်း ၊ တိုက်စစ် ကစား ခဲ့ သလို ၊ အားနဲ့ မာန်နဲ့ ယှဉ်ပြိုင် အားထုတ် သွားခဲ့ တာ ဖြစ်ပြီး အခွင့် အရေး တွေ လည်း ဖန်တီး နိုင် ခဲ့တဲ့ အသင်း ဖြစ် ကြောင်း ၊ ဒါပေမယ့် စပါး အသင်း က ပထမ ဆုံး ရရှိ တဲ့ ထောင့်ကန် ဘော က နေ ဂိုး စ ရသွား ခဲ့ပြီး ဒီ ဂိုး နဲ့ အချိန် မကွာဟ ဘဲ ထပ် မံ ရရှိ လိုက်တဲ့ ဒုတိယဂိုး တွေ က ပွဲ ကို ပြောင်းပြန် လှန် ပစ် လိုက်တာ ဖြစ် ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

သတင်း ထောက် က ပွဲ ရဲ့ ရလဒ် အပေါ် စိတ်ပျက် မိ သလား ဆိုတဲ့ မေးခွန်း ကို လည်း မော်ရင်ဟို က စိတ်ပျက် ပေမယ့် အသင်း သားတွေ အတွက် နဲ့ ကစားပုံ တွေ အတွက် ပျော်ရွှင် မိ ကြောင်း ၊ ဒီ လို စိတ်ဓါတ် တက်ကြွ နေမှု တွေ ကို ဆက်လက် ထိန်းထား ဖို့ ကြိုးစား လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း ၊ ကစားပုံ ကောင်း နေ ပေမယ့်လည်း ဂိုး သွင်း နိုင် ဖို့ လိုအပ် ကြောင်း ၊ သွင်းဂိုး ၁ ဂိုး ဟာ အရာ အားလုံ းကိ ုပြောင်းလဲ ပစ် လိုက် တာ ဖြစ် ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

အင်တာဗျုး ရဲ့ နောက်ဆုံး မေးခွန်း မှာတော့ သတင်း ထောက် ဖြစ်သူ က လက်ရှိ အချိန် တွေ ဟာ ခက်ခဲ တဲ့ အချိန် တွေ လို့ သတ်မှတ် လို့ ရနိုင် သလား လို့ မေးမြန်း ခဲ့ ပါတယ် ။ အဲ့ဒီ အချိန် မှာတော့ မော်ရင်ဟို က –

“ခက်ခဲတဲ့ အချိန်တွေလား ၊ ကျွန်တော် ကတော့ ခက်ခဲ တဲ့ အချိန် တွေ လို့ မသတ် မှတ် ထား ပါဘူး ။ မင်း အနေနဲ့ ပွဲမစခင် အခြေ အနေတွေ ကို ကြည့် မယ် ဆိုရင် ၊ အပြင် က သတင်းတွေ နဲ့ ယှဉ်ပြီး ပြောမယ် ဆိုရင် ဥပမာ ပေါ့ . . မြန်မာ . . ငါ့ အထင် တော့ ဒါကမှ ခက်ခဲ တဲ့ အချိန် လို့ ပြောရမယ် ထင် ပါတယ် ။ မြန်မာ က ခက်ခဲ တဲ့ အချိန် ကို ရောက် နေတာပါ ။ ဘောလုံးပွဲစဉ် အချို့ ကို ရှုံးနိမ့် တာ က ခက်ခဲ တဲ့ အချိန် မဟုတ် သေး ပါဘူး” လို့ ဖြေကြား သွားခဲ့တာ ဖြစ် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပွဲစဉ် ၃ ပွဲ ကစား အပြီး မှာ ၃ မှတ် သာ ရရှိ ထား သေးပြီး အဆင့် ၁၃ နေရာကို ရောက်ရှိ နေခဲ့ ပါတယ် ။ လာမယ့် တနင်္ဂနွေ နေ့ မှာ တော့ ယူနိုက်တက် ဟာ ဘန်လေ အသင်း နဲ့ ယှဉ်ပြိုင် ကစား ရမှာ ဖြစ် ပါတယ် ။

SPORTS MYANMAR