ယာဂန်​က​လော့ဟာ သူ့အသင်းရဲ့ ၃ဦးတွဲ တိုက်​စစ်​ကစားသမား​တွေရဲ့ အရည်​အ​သွေး ကို ချီးကျူးလိုက်​ပြီး ၎င်းတို့ဟာ ပြီးခဲ့တဲ့ စ​နေ​နေ့က ​ဆောက်​သမ်​တန်​ ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်​ရရှိခဲ့တဲ့ ပွဲစဉ်​မှာ အားလုံးကို ခြာစနားသွား​စေ ခဲ့တယ်​လို့ ဆိုလိုက်​ပါတယ်​။ လီ​ဗာပူးဟာ စိန့်​​မေရီမှာ အိမ်​ရှင်​အသင်း ရဲ့ ဖိအား​ပေးမှူ​တွေကို ပထမပိုင်း တစ်​ပိုင်းလုံး ခံခဲ့ရပြီး ​ဆောက်​သမ်​တန်​ ရဲ့ အဆုံးသတ်​ မ​သေချာမှု အက်​ဒရီယန်​ လက်​စွမ်းပြမှု​တွေ​ကြောင့်​သာ ဂိုးမ​ပေး ခဲ့ရတာပါ။

ဒါ​ပေမယ့်​ ပထမပိုင်း ပြီးခါနီးမှာ​တော့ ဆာဒီယိုမာ​နေးဟာ ပင်​နယ်​တီ ဧရိယာထိပ်​က​နေ လှပစွာ ကန်​သွင်းယူခဲ့ပြီး အသင်းရဲ့ mood ကို ​ပြောင်းလဲသွား​စေခဲ့ပါတယ်​။ လီ​ဗာပူး ဟာ ဒုတိယပိုင်းမှာ​တော့ က​လော့ရဲ့ half-time team talk နဲ့အတူ ပွဲကို ပြန်​လည်​ စိုးမိုး လာနိုင်​ခဲ့ပြီး ​ဆောက်​သမ်​တန်​ ကို ဖိအား​ပေး ကစားခဲ့ကာ ပွဲချိန်​ မိနစ်​ ၇၀မှာ​တော့ ဆာဒီယိုမာ​နေးရဲ့ ဖန်​တီးမှု က​နေ ​ရော်​ဘတ်​တိုဖာမီနို က ​နောက်​ထပ်​ ဦး​ဆောင်​ဂိုး ကို သွင်းယူ ​ပေးခဲ့ပါတယ်​။

လီ​ဗာပူးဟာ အဆိုပါ ပွဲမတိုင်​မီ ပြီးခဲ့တဲ့ ​ဗုဒ္ဓဟူး​နေ့က ချဲလ်​ဆီး နဲ့ ယူအီးအက်​​​အေ စူပါဖလား ပွဲစဉ်​မှာ အချိန်​ပို မိနစ်​ ၁၂၀ အပြင်​ ပင်​နယ်​တီ အဆုံးအဖြတ်​ ထိ ​ရေကုန်​​ရေခမ်း ကစားထားခဲ့ရပြီး စ​နေ​နေ့မှာ ​ဆောက်​သမ်​တန်​ နဲ့ ကစားရတာ​ကြောင့်​ ပြင်​ဆင်​ချိန်​ အနည်းငယ်​သာ ရခဲ့တဲ့ အပြင်​ ကစားသမား​တွေ အ​နေနဲ့လည်း ပွဲပန်းမှု​တွေ ခရီးပန်းမှု​တွေ ရှိ​ခဲ့ပါတယ်​။ ဒါ​ပေမယ့်​ လီ​ဗာပူး ဟာ ​ဆောက်​သမ်​တန်​ ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်​ယူကာ ​ခြေ​ချော်​မှုကို ​ရှောင်​လွှဲနိုင်​ခဲ့ပြီး ယာဂန်​က​လော့ က​တော့ the south coast မှာ နိုင်​ပွဲကို အဓိက ပုံ​ဖော်​​ပေး ခဲ့တဲ့ သူ့ရဲ့ ၃ဦးတွဲ တိုက်​စစ်​ကို ချီးကျူး ဂုဏ်​ပြု သွားပါတယ်​။

ယာဂန်​က​လော့ က “ကျွန်​​တော့်​ရဲ့ ဘဝ အကြိမ်​ ​တော်​​တော်​များများ အရမ်း​ကောင်းတဲ့ ကစားသမား​တွေကို ပိုင်​ဆိုင်​ခဲ့ပါတယ်​။ ဒါ​ပေမယ့်​ ကမ္ဘာ့အဆင့်​ ကစားသမား​တွေ​တော့ မဟုတ်​ပါဘူး။ ဘုရားသခင်​ကို ​ကျေးဇူးတင်​ပါတယ်​ ။ အခုဆိုရင်​ ကျွန်​​တော်​ ဒီလို ကစားသမား​တွေကို ပိုင်​ဆိုင်​ထား ပါပြီ။ သူတို့ဟာ ခြားနားမှုကို ​ပေးနိုင်​ပါတယ်​။ ကျွန်​​တော်​တို့ ဒါကို ​ပြောစရာ​တောင်​ မလိုပါဘူး။ ဆာဒီယိုမာ​နေး ၊ ​ရော်​ဘတ်​တိုဖာမီနို ၊ မိုဟာမက်​ဆာလား တို့ဟာ ​နောက်​ဆုံး ကျွန်​​တော်​တို့ ကြုံ​တွေ့ ခဲ့ရတဲ့ အ​ခြေအ​နေမှာ အရမ်းကို ထူးချွန်​ခဲ့ပါတယ်​။ သူတို့ဟာ ဘယ်​​လောက်​ပဲ ပင်​ပန်း​နေသည်​ ဖြစ်​​စေ ပြိုင်​ဘက်​ကို ​တောက်​​လျှောက်​ ခြိမ်း​ခြောက်​မှု ​ပေးခဲ့ကြပါတယ်​။ ဒါဟာ အရမ်းကို ​ကောင်းလှပြီး ခြားနားမှုကို ဖြစ်​​စေပါတယ်​။ ကျွန်​​တော်​တို့ ဒီအ​ကြောင်း ​ပြောစရာ​တောင်​ မလိုပါဘူး။” လို့ ဆိုသွားပါတယ်​။

ဆက်​လက်​ပြီး က​လော့က “​ဆောက်​သမ်​တန်​ ဟာ သူတို့ရဲ့ ကစားကွက်​နဲ့ အတူ ကျွန်​​တော်​တို့ရဲ့ ကစားပုံကို သတ်​ပစ်​ဖို့ ကြိုးစားခဲ့ပါတယ်​။ သူတို့ရဲ့ ကစားပုံဟာ ဘန်​​လေနဲ့ ပွဲတုန်းကနဲ့ ခြားနား​နေပါတယ်​။ သူတို့ဟာ ​နောက်​တန်းမှာ စုစုစည်းစည်း နဲ့ တိုက်​ပွဲဝင်​ ခဲ့ကြပြီး ကျွန်​​တော်​​တို့ကို ​တောင်​ပံ​တွေမှာ ​နေရာလွတ်​​တွေ ​ပေးခဲ့ပါတယ်​။ ကျွန်​​တော်​တို့ ဒါကို အသုံးချ ခဲ့​ပေမယ်​ လုံ​လောက်​​အောင်​ အသုံးမချ နိုင်​ခဲ့ပါဘူး။ ဒီထက်​ပိုပြီး အသုံးချ နိုင်​ခဲ့​မယ်​ ဆိုရင်​ သူတို့ အများကြီး ​ပြေးလွှား ​နေရမှာပါ။ ကျွန်​​တော်​တို့ ပထမပိုင်း အပြီးမှာ​​တော့ အနည်းငယ်​ ချိန်​ညှိ နိုင်​ခဲ့ပါတယ်​။

ကျွန်​​တော်​ ဒီနိုင်​ပွဲအတွက်​ တကယ့်​ကို ​ပျော်​ပါတယ်​။ ဒါဟာ အရမ်းကို အ​ရေးပါပါတယ်​။ ရာသီအစဟာ အရမ်းကို အ​ရေးကြီးပါတယ်​။ ​ဆောက်​သမ်​တန်​ ကို အ​ဝေးကွင်းမှာ သွားကစား ရတာဟာ အမြဲတမ်း ခက်​ခဲပါတယ်​။ ဒါ​ပေမယ့်​ ကျွန်​​တော်​တို့ ကြုံ​တွေ့ ခဲ့ရတဲ့ ရက်​သတ္တပတ်​ အရ က​တော့ ဒါဟာ စပယ်​ရှယ်​ နိုင်​ပွဲပါပဲ။” လို့ ဆိုလိုက်​ပါတယ်​။

SM