ပြီးခဲ့တဲ့ စနေ နေ့က အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ယူနိုက်တက် တို့ ချဲလ်ဆီး အသင်း နဲ့ 0 – 0 ဆိုတဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့နောက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္ဓဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ပေါလ် အင့်စ် က ပေါ့ဂ်ဘာကို ရောင်းချလိုက် သင့်ကြောင်း တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

ပြင်သစ် လက်ရွေးစင် အသင်း နဲ့ အတူ ကမ္ဘာ့ ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ ပေါ့ဂ်ဘာဟာ ယူနိုက်တက်တို့ ကစား ခဲ့တဲ့ နောက်ဆုံး ပွဲစဉ် 3 ပွဲ မှာတော့ အရံခုံ ပေါ်မှာပဲ ရှိနေခွင့် ပိုင်ဆိုင် သွားခဲ့ ရပြီး လူစားဝင် ကစားသမား အဖြစ်သာ ပွဲ ကစားချိန် မိနစ် အချို့ကို ပိုင်ဆိုင် ထားခဲ့ရ ပါတယ် ။

အခုတော့ ယူနိုက်တက် ဂန္ဓဝင် ပေါလ် အင့်စ်က ပေါ့ဂ်ဘာ ဆိုတာ ချဲလ်ဆီး အသင်း နဲ့ ရင်ဆိုင်ခဲ့ ရတဲ့ ပွဲစဉ်မျိုးမှာ တော်မီနေး ၊ ဖရက်ဒ် တို့ကို ကျော်လွန်ပြီး ဦးစားပေး ကစားသမား အဖြစ် ပွဲထွက် ကစားခွင့် ပိုင်ဆိုင် နိုင်ခဲ့ သင့်တယ်လို့ ခံစားခဲ့ ရကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဒါ့အပြင် ယူနိုက်တက် ကစားသမား ဘဝ တုန်းက အသင်း အတွက် 281 ပွဲ အထိ ကစားပေးထား ခဲ့တဲ့ ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ ပေါလ် အင့်စ် က ပေါ့ဂ်ဘာ အနေ နဲ့ ရီးယဲ မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့ သင့်ပြီး ဖြစ်ကြောင်း တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

” ပေါလ် ပေါ့ဂ်ဘာ ဆိုတာက ကွင်းထဲ ရှိနေ ခဲ့သင့် ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါဟာ တစ်ကယ့် ပွဲကြီး ပွဲကောင်း တစ်ပွဲ ဖြစ်နေ ခဲ့လို့ ပါပဲ ။ သူ့ အတွက်တာ့ အသင်း ရဲ့ အရံခုံတန်း ပေါ်မှာ ထိုင်နေပြီး ပွဲစဉ်ကို ကြည့်ရှု နေရတယ် ဆိုတာက လေးစား သမှု ကင်းမဲ့ လွန်းတဲ့ အဖြစ်အပျက် တစ်ခု ပါပဲ ”

” သူ ကစားတဲ့ နေရာမှာ ဖရက်ဒ် နဲ့ မက် တော်မီနေး တို့ဟာ ပွဲထွက် ကစားနေ ခဲ့ကြ ပါတယ် ။ ကျွန်တော်သာ ဆိုရင် ‘ ငါက တစ်စုံတခု မှားယွင်းတာတွေ လုပ်နေခဲ့ မိလို့ အသင်း ရဲ့ ပွဲထွက် ကစားသမား စာရင်းမှာ မပါဝင် ရတာလား ? ‘ ဆိုပြီး မေးခွန်း ထုတ်မိ လိုက်မှာ ပါပဲ ”

” သူဟာ ဒဏ်ရာ ပြသနာ ကြုံတွေ့ နေခဲ့တဲ့ အတွက် ပွဲထွက် ကစားခွင့် အပြည့်အဝ မရရှိ ခဲ့တဲ့ အကြောင်း ကျွန်တော် နားလည် ပါတယ် ။ ဒါပေမယ့် အခု အချိန်တော့ သူဟာ ယူနိုက်တက် ကနေ ထွက်ခွာ သွားသင့် ပါပြီ ။ သူ ကိုယ်တိုင်လည်း မကြာသေးခင်ကပဲ ရီးယဲ မက်ဒရစ်ကို ပြောင်းရွှေ့ချင်တယ်ဆိုတဲ့ စကားမျိုး ပြောခဲ့ သေးတယ် လေ ”

” သူဟာ ယူနိုက်တက် အသင်းဆီ ပြန်လာ ကတည်းက စွမ်းဆောင်ရည် တွေက တည်ငြိမ်မှု ကင်းမဲ့ နေခဲ့တယ်လို့ ကျွန်တော် တွေ့ခဲ့ရ ပါတယ် ။ ပေါ့ဂ်ဘာ ဆိုတာ ကမ္ဘာ့အဆင့် ကစားသမား ဖြစ်တဲ့ အတွက် အိုးလ် ထရပ်ဖို့ဒ် ဆီကို ပြန်လည် ရောက်ရှိခဲ့တဲ့ အချိန်မှာ ‘ Great ‘ ပဲလို့ ကျွန်တော် တွေးတောခဲ့ပါ သေးတယ် ”

” ဒါပေမယ့် သူ လုပ်ဆောင် ခဲ့တဲ့ အရာ အများစုက ပြသနာတွေကို ဖြစ်ပေါ်စေခဲ့ ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ပရိသတ် တွေက သူ့ကို ဆန့်ကျင် နေခဲ့ကြ ပါပြီ ။ အဲ့ဒီလို အချိန်မှာ ဘရူနို ဖာနန်ဒက်စ် ရောက်လာ ခဲ့ပြီး ယူနိုက်တက် အသင်းသား တစ်ဦး အနေ နဲ့ ဘာတွေ လုပ်ဆောင်ရမလဲ ဆိုတာကို ပြသ သွားခဲ့ ပါတယ် ”

” ဘရူနို က တည်ငြိမ်တဲ့ စွမ်းဆောင်ရည် တွေကို ပြသ သွားခဲ့တဲ့ အချိန်မှာ ပေါ့ဂ်ဘာ ကတော့ တည်ငြိမ်မုှ ကင်းမဲ့ နေခဲ့ ပါတယ် ။ ဒါ့ကြောင့်လည်း သူဟာ အခုလို အရံခုံ ပေါ်မှာ ချန်လှပ်ခံနေခဲ့ ရတဲ့ ရက်စွဲ တွေကို ပိုင်ဆိုင် နေခဲ့ရတာပါ ” လို့ ပေါလ် အင့်စ် က သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar