မန်ချက် စတာ ယူနိုက်တက် တိုက်စစ်မှုး အလက်ဆစ် ဆန်းချက် ရဲ့ တာဝန်ရှိသူတွေ ဟာ မီလန် မြို့ ကို သွားေ၇ာက် ကာ အင်တာ နဲ့ ဆွေးနွေးမှု ပြုလုပ် နေပြီဖြစ်တယ် လို့ သတင်းထွက် လာခဲ့ ပါတယ် ။ အင်တာ ဟာ ဆန်းချက် ကို အငှား ခေါ်ယူ ကာ ပေါင် ၁၄ သန်း ဖြင့် အပြီးသတ် ၀ယ်ယူ ခွင့် ကို လည်း စာချုပ် မှာ ထည့်သွင်း မယ် လို့ သတင်း ကြားသိ ရ ပါတယ် ။

စပါး အသင်း နည်းပြ ပိုချက်တီနို ဟာ အပြောင်း အရွှေ့ နောက်ဆုံး နေ့ရက် က အဲရစ်ဆင် – ဒိုင်ဘားလား အလဲ အထပ် ကို ငြင်းပယ် ခဲ့သူ ဖြစ်တယ် လို့ သတင်း ထွက် လာခဲ့ ပါတယ် ။

ဘိုင်ယန် နဲ့ စာချုပ် ပြည့်လို့ ထွက်ခွာ လာခဲ့တဲ့ ပြင်သစ် တောင်ပံ ကစား သမား ဖရန့် ရီဘာရီ ဟာ စီးရီးအေ ကလပ် ဖီအိုရင်တီးနား နဲ့ ၂ နှစ် စာချုပ် ချုပ်ဆို တော့မှာ ဖြစ်ပြီး တစ်နှစ် လုပ်ခ ပေါင် ၃.၆ သန်း ရရှိမယ် လို့ ကြားသိရ ပါတယ် ။

ချဲလ်ဆိး အတွက် သတင်းကောင်း ကတော့ လူငယ်လေး ဟတ်ဆန် အိုဒွိုင်း ဟာ အသင်းနဲ့ လေ့ကျင့်မှု ပြန်လည် ပြုလုပ် နေပြီပဲ ဖြစ်ပါတယ် ။

ယူဗင်တပ် ဟာ ၁၀ ရက်ခန့်သာ ကျန်တော့တဲ့ အပြောင်း အရွှေ့ အတွင်း ဘာစီလိုနာ ကွင်းလယ်လူ ရာကီတစ် ကို ခေါ်ယူ နိုင်ဖို့ အတွက် ပြင်ဆင် နေပြီး ကွင်းလယ်လူ အမ်မရီကမ် ကို အလိုက်ပေး ကမ်းလှမ်းသွား ဖို့ ရှိနေ တယ် လို့ ကြားသိ ရ ပါတယ် ။ ဒါ့အပြင် ယူဗင်တပ် ဒါရိုက်တာ ပါရာတစ်ဆီ ဟာ ဘာစီလိုနာ ရဲ့ ၀ါရင့် တိုက်စစ်မှုးကြီး လူးဝစ် ဆွာရက် ကို ခေါ်ယူ ဖို့ စိတ်ဝင်စား နေပြီး ဆွာရက် ထွက်ခွာသွားပါက နေမာ ရောက်ရှိ လာဖို့ ပိုမို လမ်းပွင့် လာနိုင်ချေ ရှိပါတယ် ။

ဒါ့အပြင် ယူဗင်တပ် တာဝန်ရှိသူ အချို့ ဟာလည်း ပြင်သစ် ကို ရောက်ရှိ နေပြီး ဒိုင်ဘားလား ရဲ့ အပြောင်း အရွှေ့ ကိစ္စ အတွက် PSG နဲ့ တိုင်ပင် ဆွေးနွေး နေတယ်လို့ ကြားသိရ ပါတယ် ။

ရီးရဲ ကစား သမား ဘရာဟင် ဒီယာ့ဇ် ကတော့ ဒဏ်ရာ ရရှိသွားခဲ့ ကာ ၃ ပတ် ခန့် အနည်းဆုံး အနားယူ ရဖွယ် ရှိတယ် လို့ သတင်း ကြားသိရ ပါတယ် ။

လီယွန်နယ် မက်ဆီ ဟာ ဘာစီလိုနာ အသင်းရဲ့ လေ့ကျင့်ကွင်း ကို မေ၇ာက်လာ နိုင်သေးတာ ကြောင့် လာမယ့် ရီးရဲ ဘက်တစ် နဲ့ ပွဲ မှာ ပါဝင် နိုင်ဖို့ အခြေ အနေ မကောင်းမွန် သေးဘူး လို့ သုံးသပ်မှုတွေ ရှိလာခဲ့ ပါတယ် ။

Messi

ဘာစီလိုနာ နောက်ခံလူ ဟွမ်မီရန်ဒါ ကတော့ ပြင်သစ် ကလပ် မာဆေး ကို ပြောင်းရွှေ့ တော့မှာ ဖြစ်ကြောင်း အေးဂျင့် ဖြစ်သူက အတည်ပြု သွားခဲ့ ပါတယ် ။

ရီးရဲ တိုက်စစ်မှုး လူကာ ဂျိုဗစ် က တော့ အသင်း နည်းပြ ဇီဒန်း နဲ့ အဆင်မပြေ ဖြစ်နေခဲ့ တာ ကြောင့် အေစီမီလန် ကို အငှားထွက် ဖွယ် ရှိနေတယ် ဆိုတဲ့ သတင်းတွေ ဟာ မဟုတ်မှန် ကြောင်း ငြင်းဆို သွားခဲ့ ပါတယ် ။

အင်တာ တိုက်စစ်မှုး အီကာဒီ ဟာ နာပိုလီ အသင်း ကို ပြောင်းရွှေ့ ဖို့ ဆန္ဒ မရှိဘဲ ယူဗင်တပ် တစ်သင်း ကို သာ ပြောင်းရွှေ့ ဖို့ ဆန္ဒ ရှိနေတယ် လို့ သိရ ပါတယ် ။ နာပိုလီ ကတော့ စပါး ကနေ စာချုပ် ပြည့်လို့ ထွက်ခွာ လာတဲ့ တိုက်စစ်မှုး လော်ရန်တေး ကို ခေါ်ယူနိုင် ဖို့ အလား အလာ ကောင်းနေတယ် လို့ သိရ ပါတယ် ။

အသက်လက်တီကို မက်ဒရစ် ဟာ ဗလင်စီယာ ရှေ့တန်းလူ ရိုဒရီဂို ကို ခေါ်ယူမှု ပြီးမြောက် ခဲ့ပါက အိန်ဂျယ် ကော်ရီယာ ကို အေစီမီလန် ထံ စေလွှတ် မယ်လို့ သိရ ပါတယ် ။

မိုနာကို အသင်း ကတော့ ချဲလ်ဆီး မှာ အဆင်မပြေ ဖြစ်နေတဲ့ သူတို့ရဲ့ ကွင်းလယ်လူဟောင်း ဘာကာယိုကို ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စား နေခဲ့တယ် လို့ သတင်း ကြားသိရ ပါတယ် ။

အာဆင်နယ် နောက်ခံလူဟောင်း လစ်ခ်ျရှတိုင်နာ ကတော့ ဘွန်ဒစ်လီဂါ ကလပ် အော့ဘတ် ကို တစ်ရာသီ စာချုပ် နဲ့ ကစားဖို့ သဘောတူ ခဲ့ပြီ လို့ သိရှိ ရ ပါတယ် ။

SPORTS MYANMAR