မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ် မှာတော့ ဂွတ်ဒီဆင် ပါ့ခ် ကွင်းထဲမှာ အဲဗာတန် အသင်းနဲ့ ရင်ဆိုင်ခဲ့ ရပြီး 1 – 3 ဆိုတဲ့ ရလဒ် နဲ့ အတူ လိုအပ်တဲ့ အဝေးကွင်း နိုင်ပွဲကို ထိုက်တန်တဲ့ ကွင်းအတွင်း စွမ်းဆောင်ရည် တွေနဲ့ ရယူ သွားနိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ်မှာတော့ အဲဗာတန် အသင်းအတွက် ဘားနက်ဒ် က ပွဲချိန် 19 မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူ သွားခဲ့ပေမယ့် ယူနိုက်တက် အသင်း ဖက်က ဘရူနို ဖာနန်ဒက်စ်ဟာ ပွဲချိန် 25 မိနစ် နဲ့ 32 မိနစ် တွေမှာ ခြေပဂိုး နဲ့ အနိုင်ဂိုး တွေကို သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက် အသင်း အတွက် လူစားဝင် ကစား ပေးခဲ့တဲ့ တိုက်စစ်မှူးသစ် အီဒင်ဆန် ကာဗာနီ က ပွဲချိန် နောက်ဆုံး မိနစ်မှာ ယူနိုက်တက် ကစားသမား ဘဝရဲ့ ပထမဆုံး ဂိုးကို သွင်းယူ ပေးသွား နိုင်ခဲ့တဲ့ အတွက် သရဲနီ တို့ဟာ အဖိုးတန် အဝေးကွင်း နိုင်ပွဲကို ရရှိ သွားခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် အဆိုပါ ပွဲစဉ် အတွင်းမှာတော့ အဲဗာတန် အသင်း နဲ့ အင်္ဂလန် လက်ရွေးစင် အသင်း တို့ရဲ့ နံပါတ် တစ် ဂိုးသမား ဖြစ်သူ ဂျော်ဒန် ပစ်ဖို့ဒ် ဟာ ယူနိုက်တက် အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယား အပေါ် အငြင်းပွားဖွယ်ရာ ပစ်ဒဏ် ကျူးလွန် ခဲ့ပါ သေးတယ် ။

ပစ်ဖို့ဒ်ဟာ မကြာသေးခင်က လီဗာပူး အသင်း ရဲ့ အားထား ရတဲ့ ဗဟို ခံစစ် ကစားသမား ဖြစ်သူ ဗာဂျီလ် ဗန်ဒိုက် အပေါ် ပစ်ဒဏ် ကျူးလွန်ခဲ့ သေးတဲ့ အတွက် နယ်သာလန် လက်ရွေးစင်က ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားခဲ့ပါ သေးတယ် ။ ဒါ့ကြောင့် ပစ်ဖို့ဒ် ဟာလည်း ဝေဖန်မှု ခံနေခဲ့ရ ပါတယ် ။

ဒါပေမယ့် ဟယ်ရီ မက်ဂွားယား ကတော့ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ကစားပေးရတော့မယ့် ရက်စွဲ မတိုင်မီ ဝေဖန်မုှ တွေကို ခံနေခဲ့ ရတဲ့ အသင်းဖော် ဖြစ်သူ ဖက်က ကာကွယ် စကား ဆိုလိုက်ရင်း သူနဲ့ ခိုက်မိခဲ့တဲ့ အဖြစ်အပျက် က ပင်နယ်တီ မပေးခဲ့သင့်ကြောင်း ပြောရင်း စိတ်သက်သာရာ ရရှိသွား စေခဲ့ ပါတယ် ။

” ကျွန်တော် ဒါကို ပွဲပြီးခဲ့တဲ့နေ့ ကတည်းက ရှင်းပြခဲ့ပြီး ပါပြီ ။ ပုဂ္ဂိုလ်ရေး အရ ပြောရမယ် ဆိုရင် ဒါဟာ ပင်နယ်တီ မဖြစ်သင့် ပါဘူး ။ ဒါဟာ ကျွန်တော်က ဂျော်ဒန်ကို အရင်ဆုံး foul မိလိုက်တာလည်း ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် ။ ကျွန်တော်ရဲ့ လက်က သူ့ရဲ့ ရင်ဘက်ကို အရင်ထိခဲ့ရ ပါတယ် ”

” သူ ဘောလုံး ဖမ်းဖို့ လုပ်တဲ့ အချိန် ကျွန်တော် သူ့ကို ထိမိခဲ့ ပါတယ် ။ ပြီးတော့ ကျွန်တော့် ဒူးဟာလည်း ထိတွေ့မှု တစ်ခုကို ခံစားခဲ့ရ ပါတယ် ။ အဲ့ဒီ မတိုင်ခင် တုန်းက ကျွန်တော်ဟာ ဂျော်ဒန်ကို တွန်းသလို ဖြစ်မိခဲ့တယ်လို့ ခံစား ခဲ့ရ ပါတယ် ။ အားလုံးက သူ့ဆီ ပြေးပြီး ဘောလုံးကို ဦးယူ နိုင်ဖို့ ကြိုးစား နေခဲ့ ကြတယ်လေ ”

” အဲ့ဒီလို အနေအထား တစ်ရပ်မှာ ကျွန်တော် သူ့ကို တွန်းမိ သလို ဖြစ်သွား ခဲ့ရ ပါတယ် ။ ဒီလို အဖြစ်အပျက်ကို ပင်နယ်တီ သတ်မှတ်မယ် ဆိုရင်တော့ ဒါက ပြင်းထန်တယ်လို့ ကျွန်တော် ထင်ပါတယ် ” လို့ မက်ဂွားယား က လက်ရွေးစင် အသင်းဖော် ဖက်မှ ကာကွယ် စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar