မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ မနက်ဖြန် ည မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဝက်စ်ဘရွန်း အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား သွားရမှာ ဖြစ်ပါတယ် ။ ယူနိုက်တက် ဟာ ပွဲစဉ် ၈ ပြီးသည် အထိ ( ယူနိုက်တက် က 7 ပွဲသာ ကစားရသေး ) ရမှတ် ၁၀ မှတ် နဲ့ အဆင့် ၁၄ နေရာမှာ ရှိနေကာ အဆင့် ၁ နေရာက လက်စတာ စီးတီး နဲ့ ၈ မှတ် ကွာဟ နေခဲ့ ပါတယ် ။

ယူနိုက်တက် နည်းပြ ဆိုးရှား ဟာ ယနေ့ နေ့လည် ပိုင်းမှာ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် သွားခဲ့ပြီး ဘယ် ကစား သမားတွေ ပါမယ် ၊ မပါနိုင်ဘူး ဆိုတာ နဲ့ အသင်းသားတွေရဲ့ ကြံ့ခိုင်မှု အနေ အထားတွေ ကို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဆိုးရှား ကတော့ တိုက်စစ်မှူးလေး မားကပ် ရက်ဖိုဒ့် ဟာ ဝက်စ်ဘရွန်း နဲ့ ပွဲ အမီ ကြံ့ခိုင်မှု ပြည့်၀ လာဖို့ မျှော်လင့် ထားကြောင်း ပြောဆို ခဲ့ ပေမယ့် ခံစစ်မှူး ဗစ်တာ လင်ဒီလော့ဖ် ကတော့ စစ်ဆေးမှု ခံယူ ပြီးမှသာ ပါဝင် နိုင်ချေ ရှိမရှိ သုံးသပ် မှာ ဖြစ်တာကြောင့် ရက်ဖိုဒ့် ထက် အခွင့်အရေး နည်းနိုင်တယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

ရက်ဖိုဒ့် ဟာ အဲဗာတန် ကို ၃ – ၁ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲ မှာ ကတည်းက ဒဏ်ရာ ရရှိ ခဲ့ပြီး အင်္ဂလန် အသင်း ရဲ့ ဥရောပ နေးရှင်းလိဂ် ပွဲတွေ နဲ့ ခြေစမ်းပွဲ ကို လွဲချော် ခဲ့ ပါတယ် ။ လင်ဒီလော့ဖ် ကတော့ ပြင်သစ် အသင်း ကို ၄ – ၂ နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲမှာ ဆွီဒင် အသင်း အတွက် ပါဝင် ကစား ပေးခဲ့ပြီး ၆၆ မိနစ် မှာ ဒဏ်ရာ ရရှိ ခဲ့တာပဲ ဖြစ် ပါတယ် ။

လုခ်ရှော ၊ ဂျက်ဆီ လင်ဂတ် နဲ့ ဖီးလ် ဂျုံးစ် တို့ ၃ ဦး စလုံး ကတော့ ဒဏ်ရာ တွေကြောင့် ဒီပွဲ ကို သေချာပေါက် လွဲချော် ကြမှာ ဖြစ်ပြီး အသင်း နဲ့ လေ့ကျင့်ချိန် သိပ် မရှိ သေးတဲ့ အဲရစ် ဘိုင်လီ ကိုလည်း ပွဲထုတ် ဖို့ စဉ်းစား ဖွယ် မရှိနေ သေးပါဘူး ။ ဒါကြောင့် လင်ဒီလော့ဖ် မကစား နိုင်ပါက တွမ်ဇီဘီ ကို ဟယ်ရီ မက်ဂွဲယား နဲ့ တွဲဖက် ပွဲထုတ် လာဖို့ ရှိနေ ပါတယ် ။

“ဒဏ်ရာ အကြောင်း အတိုပြောရရင်တော့ ရှော ၊ ဂျက်ဆီ နဲ့ ဂျုံးစ် တို့ မလေ့ကျင့် နိုင်သေး ပါဘူး ။ သူတို့ထဲက အချို့ ဟာ နိုင်ငံ တကာ ရက်သတ္တပတ် အတွင်း ကြံ့ခိုင်မှု တိုးတက် လာပါတယ် ။ ဒါပေမယ့် လေ့ကျင့်ဖို့ အထိတော့ မဖြစ် နိုင်သေးပါဘူး ။ မနေ့က လေ့ကျင့်ခန်း မှာတော့ ကစား သမား အချို့ ပြန် ပူးပေါင်း လာကြ ပါတယ် ။ ဒါက သတင်းကောင်းပါ”

“ရက်ဖိုဒ့် နဲ့ လင်ဒီလော့ဖ် တို့ ကတော့ ( ပွဲ ကစားဖို့ ) ဖြစ်နိုင် ပါတယ် ။ ဒါပေမယ့် ဒွိဟ ဖြစ်နိုင်တဲ့ အနေ အထား ပါပဲ ။ မားကပ်စ် က ဒီနေ့ မှ လေ့ကျင့်ရေး ကွင်းကို လာ ပူးပေါင်း ခဲ့တာပါ ။ တကယ်လို့ ဘာပြဿနာ မှ မရှိရင်တော့ သူပါ နိုင်ပါတယ်”

“ဘိုင်လီ ကတော့ ဒီနေ့ မှ ပြန်လေ့ကျင့် တာပါ ၊ ဒါကြောင့် သူ မပါနိုင် ပါဘူး ။ သူရော မားကိုစ့် ရိုဟို ပါ လေ့ကျင့်မှု နဲ့ အဆက်ပြတ် နေတာပါ ။ သူတို့ အဆင်သင့် ဖြစ်မနေ သေးပါဘူး ။ ဗစ်တာ ကိုတော့ မနက်ဖြန် မှာ စစ်ဆေး သွားပါမယ် ။ သူ့ရဲ့ ကျောကုန်း က သိပ်နေလို့ မကောင်းပါဘူး” လို့ ဆိုးရှား က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ မနက်ဖြန် ပွဲ ပြီးပါက လာမယ့် ဗုဒ္ဓဟူးနေ့ မှာ အရေးပါ တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် အဖြစ် အစ္စတန်ဘူ ဘာဆက်ဆီဟာ အသင်း ကို အိမ်ကွင်း အိုးထရက်ဖိုဒ့် မှာ လက်ခံ ကစား သွားရဦးမှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR