မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က အသင်းဟာ တည်ငြိမ်မှု တွေကို ရှာဖွေ တွေ့ရှိ နိုင်ခဲ့ပြီလို့ ပြောရင်း ထိပ်သီး 4 သင်း စာရင်း ဝင်ရောက် နိုင်ဖို့ အတွက် အဆင်သင့် ဖြစ်နေပြီလို့ ထုတ်ဖော်ပြောကြားသွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီ စတင် ခဲ့စဉ်တုန်းက ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေခဲ့မှု နဲ့ အတူ အမှတ်ပေး ဇယား အောက်ပိုင်း နေရာမှာသာ ရပ်တည် နေခဲ့ရ ပါတယ် ။ ဒါပေမယ့် နောက်ပိုင်း ပွဲစဉ်တွေ မှာတော့ နိုင်ပွဲတွေ ပြန်လည် ရှာဖွေရင်း အဆင့် 9 နေရာထိ တက်နိုင်ခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ဝက်စ်ဟမ်းနဲ့ ပွဲစဉ် မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ပြီးခဲ့တဲ့ ပွဲစဉ် 40 ကို ပြန်လည် ကြည့်ရှု လိုက်မယ်ဆိုရင် အသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ် တည်ငြိမ်မှု အရှိဆုံး အသင်း တစ်သင်း အဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း ဆင်ခြေ ပေးသွားခဲ့ ပါတယ် ။

ဒါ့အပြင် PSG အသင်း နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ် မှာ ဝက်စ် ဘရွန်းနဲ့ ရင်ဆိုင် ခဲ့တဲ့ တုန်းကထက် အများကြီး ပိုကောင်းတဲ့ ခြေစွမ်းကို ပြသ ထားနိုင်ခဲ့ ပေမယ့် တစ်ကယ်တမ်း မှာတော့ ရလဒ် ပြောင်းပြန် ထွက်ပေါ် ခဲ့ကြောင်း ၊ ရလဒ်ကို ထိန်းချုပ်လို့ မရနိုင်ကြောင်းပါ ဆင်ခြေ ပေးခဲ့လိုက် ပါတယ် ။

” ဟုတ်ပါတယ် ၊ ဝက်စ်ဟမ်း အသင်းကို နိုင်ရင် ထိပ်သီး လေးသင်း စာရင်း ဝင်နိုင်မယ် ဆိုတာက တစ်ကယ့်ကို စိတ်ဓါတ် တက်ကြွ စေတဲ့ အကြောင်းပြချက် တစ်ခု ပါပဲ ။ ကျွန်တော်တို့ အခုထိ တစ်ပွဲလျော့ ကစားထားတယ် ဆိုတာကို သိရှိကြ ပါတယ် ။ အဲ့တာကို တစ်ချိန်မှာ ကျွန်တော်တို့ ကစားခွင့် ရပါလိမ့်မယ် ”

” ရာသီကြို လေ့ကျင့်ရေး လုပ်ဆောင်တာ နောက်ကျ ခဲ့တဲ့ အသင်း တစ်သင်း အတွက်တော့ ထိပ်ပိုင်းကို ပြန်လည် တက်လှမ်း နိုင်ဖို့ နီးစပ် နေတာက ကြီးမားတဲ့ အောင်မြင်မှု တစ်ခုလို ပါပဲ ။ ကျွန်တော်တို့ဟာ အဝေးကွင်းမှာ ရလဒ်တွေ ပိုကောင်းမွန်ခဲ့ ကြပြီး ဒါကို ဆက်လက် လုပ်နိုင်ဖို့ မျှော်လင့် နေကြ ပါတယ် ”

” တည်ငြိမ်မှု တစ်ခု အကြောင်း ပြောမယ် ဆိုရင်တော့ ပွဲစဉ် ဘယ်လောက် နောက်ပြန် သွားကြည့်မလဲ ဆိုတာကို ထည့်တွက် ရပါ လိမ့်မယ် ။ ဘောလုံး ဆိုတာ လူသားတွေ ကစားကြတဲ့ အားကစား တစ်ခုလေ ။ သူတို့ အားလုံး အတွက် ဘောလုံး က ဘဝရဲ့ ရှင်သန်မှု တစ်ခု ပါပဲ ”

” ကျွန်တော်တို့ အံ့ဖွယ် ပွဲစဉ် အချို့ကို ကစား နိုင်ခဲ့ကြ ပါတယ် ။ အကယ်လို့ ပြီးခဲ့တဲ့ ပွဲစဉ် 40 လောက်ကို နောက်ပြန် သွားလိုက်မယ် ဆိုရင် ကျွန်တော် တို့က ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ခြေစွမ်း အတည်ငြိမ်ဆုံး အသင်း တစ်သင်း ဖြစ်တယ် ဆိုတာကို မြင်တွေ့ရပါ လိမ့်မယ် ”

” အကယ်လို့ ရှုံးပွဲ ကြုံတွေ့မယ် ဆိုရင် ခင်ဗျားဟာ စိတ်မကျေမနပ် ဖြစ်နေမှာ ပါပဲ ။ ဒါပေမယ့် ပွဲစဉ်မှာ နိုင်မလား ၊ ရှုံးမလား ဆိုတာကို အဆုံးအဖြတ် ပေးတဲ့ အရာတွေ ရှိပါတယ် ။ PSG နဲ့ ပွဲက ကစားပုံဟာ ဝက်စ် ဘရွန်းနဲ့ ပွဲထွက် အများကြီး ပိုကောင်းခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ သုံးမှတ် မရခဲ့ကြ ပါဘူး ”

” ကျွန်တော်တို့ စွမ်းဆောင်ရည် ညံ့တဲ့ ပွဲစဉ်တွေ နည်းသထက် နည်းပါး လာခဲ့ပြီး တည်ငြိမ်မှု တစ်ခုကို ရရှိ နေခဲ့ကြ ပါပြီ ။ ဒါပေမယ့် ခင်ဗျားဟာ အဆုံးသတ်မှာ ပွဲရလဒ်ကို ထိန်းချုပ်လို့တော့ မရနိုင် ပါဘူး ။ အဲ့တာကပဲ ရှုံးမလား ၊ နိုင်မလား ဆိုတာကို အဆုံးအဖြတ် ပေးတာပါ ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar