တော့တင်ဟမ် အသင်း နည်းပြ မော်ရင်ဟို ကတော့ အာဆင်နယ် အသင်း တောင်ပံ ကစားသမား ဝီလီယံ ဟာ ပုံစံကောင်း ပြသဖို့ ရုန်းကန် နေရပေမယ့် သူတို့ အသင်းကို အန္တရယ် ပေးနိုင်တဲ့ ကစားသမား တစ်ဦး အဖြစ် ရှိနေဆဲ ဖြစ်ကြောင်း ဆိုပါတယ် ။

ဝီလီယံ ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီး အသင်း ကနေ အာဆင်နယ် အသင်းကို အလွတ်ပြောင်းရွှေ့ကြေး နဲ့ပြောင်းရွှေ့လာသူ ​ဖြစ်ပါတယ် ။ ဝီလီယံ ဟာ အခု အချိန်မှာ အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ၈ ပွဲ ကစားထားပြီး ဖြစ်ပါတယ် ။

ဒါပေမယ့် အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဝီလီယံ ဟာ ရာသီ အစ အဖွင့်ပွဲစဥ် ဖြစ်တဲ့ ဖူလ်ဟမ် အသင်း နဲ့ ပွဲမှာပဲ ခြေစွမ်းပြ ကစား နိုင်ခဲ့ပြီး နောက်ပိုင်းပွဲစဉ်တွေမှာ အတော်လေး ရုန်းကန် နေရပါတယ် ။

တော့တင်ဟမ် နည်းပြ မော်ရင်ဟို ကတော့ အာဆင်နယ် နဲ့ ပွဲမတိုင်မှီ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြီးခဲ့တဲ့ နွေရာသီက ဝီလီယံ ကို ခေါ်ယူဖို့ ကြိုးစား ခဲ့ဖူးကြောင်း ဝန်ခံလိုက်ပြီး ဘရာဇီးသားဟာ သူတို့ အသင်းကို ဒုက္ခ ပေးနိုင်စွမ်းရှိကြောင်း ပြောကြား လိုက်ပါတယ် ။

ဝီလီယံ နဲ့ မော်ရင်ဟို ဟာ ချဲလ်ဆီး အသင်းမှာ လက်တွဲ ခဲ့ကြ ဖူးပါတယ် ။ မော်ရင်ဟို က ” ကျွန်တော်တို့ ဝီလီယံ အတွက် ပိုက်ဆံ မရှိတာကြောင့်ပါ ၊ အာဆင်နယ် အသင်းမှာ သူရနေတဲ့ လစာကို ကျနော်တို့ ဘက်က မပေး နိုင်ပါဘူး ၊ ဒါကြောင့် သူ့ကို ခေါ်ဖို့ အချိန်မဖြုံးတော့တာပါ ၊ သူ့လစာကို ကျနော်တို့ မပေးနိုင်ပါဘူး ။ ”

” သူက အန္တရယ် ရှိတဲ့ ကစားသမားပါ ၊ သူက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး အဖြစ် ရှိနေဆဲပါ ၊ နောက်ပြီး သူက သူငယ်ချင်းကောင်း တစ်ဦးပါ ၊ ကျွန်တော်တို့ နှစ်ဦးကြားမှာ ဆက်ဆံရေးကောင်း ရှိတယ်ဆိုတာ ဖုံးကွယ်ထားစရာတော့ မရှိပါဘူး ။ ”

” ကျွန်တော်တို့ နှစ်ဦး ခုထိ အဆက်အသွယ် ရှိနေသေးပြီး ဖုန်းပြောလေ့ ရှိပါတယ် ၊ တစ်ယောက် နဲ့ တစ်ယောက်လည်း ကောင်းတဲ့ အရာတွေပဲ ဖြစ်ပါစေလို့ ဆုတောင်းပေးကြပါတယ် ၊သူက ကျနော့် သူငယ်ချင်းပါ ၊ ဒါ့အပြင် သူက ကစားသမားကောင်းတစ်ဦးလည်း ဖြစ်ပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR