ချဲလ်ဆီး အသင်း ဟာ မနက်ဖြန် ညမှာ ချန်ပီယံလိဂ် အုပ်စု အဆင့် နောက်ဆုံး ပွဲစဉ် အဖြစ် တတိယ နေရာ က ယူရိုပါလိဂ် ကို ဆင်းကန်ခွင့် ရသွားတဲ့ ခရာစနိုဒါ အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ် မှာ လက်ခံကစားမှာ ဖြစ်ပါတယ် ။

အိမ်ရှင် ချဲလ်ဆီး အသင်း ဟာ ၁၆ သင်း အဆင့် ကို အုပ်စုဗိုလ် နဲ့ တက်ရောက်သွားပြီ ဖြစ်လို့ ၊ ဒီပွဲ အတွက် အဓိက ကစားသမား အားလုံး ကို အနားပေးသွားမှာ ဖြစ်ပြီး ၊ အရန် နဲ့ လူငယ် ကစားသမား သက်သက် ကို ပွဲအတွေ့အကြုံ အတွက် ကစားခွင့် ပေးသွားဖို့ ရှိပါတယ် ။

ဒီပွဲ အတွက် ဒဏ်ရာရ ကစားသမား ၂ယောက် ရှိနေတယ် လို့ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် က အတည်ပြု ပြောဆိုခဲ့ပါတယ် ။ တယောက် က ပြီးခဲ့တဲ့ စနေနေ့ က လိဒ်စ်ယူနိုက်တက် ကို ၃ – ၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ တံကောက်ကြော ဒဏ်ရာ ရခဲ့တဲ့ မော်ရိုကို လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ဟာကင် ဇီယက်ချ် ပဲ ဖြစ်ပါတယ် ။

နောက်တယောက် ကတော့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ဖြစ်ပြီး ၊ ၎င်းဟာလည်း ဇီယက်ချ် လိုပဲ တံကောက်ကြော ဒဏ်ရာ ရထားပါတယ် ။ ဇီယက်ချ် ကတော့ ဒဏ်ရာ ရသည် ဖြစ်စေ ၊ မရသည် ဖြစ်စေ ၊ နဂို ကတည်းက ၊ မနက်ဖြန်ပွဲကို ဝင်ကစားမှာ မဟုတ်ပါဘူး ။ ဒဏ်ရာ ပြဿနာ မဟုတ်ရင်တော့ အိုဒွိုင်း ဟာ မနက်ဖြန်ည ပွဲမှာ ကစားခွင့် ရမှာ ဖြစ်ပါတယ် ။

ခရာစနိုဒါ နဲ့ ပွဲကို အရန် ကစားသမား တွေ ပွဲထွက် ကစားခွင့် ရမယ့် အထဲမှ ၊ ယုံကြည်မှု ပျောက်ဆုံး နေတဲ့ စပိန် လက်ရွေးစင် ဂိုးသမား ကီပါ အရီဇာဘာလာဂါ နဲ့ မကြာသေးခင် ကမှ ဒဏ်ရာ က ပြန်ကောင်းလာတဲ့ စကော့တလန် ဆယ်ကျော်သက် ကွင်းလယ်လူ ဘီလီ ဂီလ်မာ တို့ ပါဝင်နေပါတယ် ။

ဒီ အကြောင်းတွေနဲ့ ပတ်သက်ပြီး လမ်းပတ် က ယနေ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ” ဒီနေ့ နေ့လယ် မှာ ဟာကင် ဟာ သူ့ဒဏ်ရာ နဲ့ ပတ်သက်ပြီး ဆေးထပ်စစ်ဦးမှာပါ ။ ဒီတော့ သူ့ရဲ့ ဒဏ်ရာ ဘယ်လောက် ပြင်းထန်မှု ရှိလဲ ဆိုတာ အချက်ကျကျ ပိုသိရဖို့ ရှိပါတယ် ။ မနက်ဖြန် ပွဲအတွက် သူ လွဲချော်မှာပါ ။ ”

” နောက်ပြီး ကော်လမ် ဟာလည်း မနေ့က လေ့ကျင့်ရေး အစီအစဉ် မှာ တံကောက်ကြော ဒဏ်ရာ ထပ်ရခဲ့လို့ ၊ မနက်ဖြန်ပွဲကို လွဲချော်မှာ ဖြစ်ပါတယ် ။ ကီပါ နဲ့ ဘီလီ တို့က မနက်ဖြန် ပွဲမှာ ပွဲထွက် ကစားမှာ ဖြစ်ပါတယ် ။ ဒီပွဲ အတွက် ကျွန်တော် တို့ဟာ အဓိက ကစားသမား တစုံတယောက်မှ ဒဏ်ရာ အနာတရ မရစေချင်ပါဘူး ။ ”

” ဒါ့အပြင် ဒီပွဲဟာ ပုံမှန် ကစားခွင့် မရတဲ့ အသင်းသား တွေကို အခွင့်အရေး ပေးဖို့ အချိန်ကောင်း တရပ်ပါပဲ ။ ဒီပွဲကနေ တဆင့် သူတို့ရဲ့ ခံယူချက်တွေ ၊ ပုံစံကောင်းတွေကို ထုတ်ပြခွင့် ရလာမှာပါ ။ ဂိုးသမား ဖြစ်နေတဲ့ အတွက် ကီပါ ရဲ့ အခြေအနေ က အခြား ကွင်းတွင်း ကစားသမား ၁၀ နေရာ နဲ့ နှိုင်းယှဉ်လိုက်ရင် နည်းနည်းတော့ ကွဲပြားမှု ရှိပါတယ် ။ ”

” အက်ဒို ( မန်ဒီ ) က အခုအချိန် မှာ ပုံစံကောင်းတွေ ပြသနေလို့ ၊ ကီပါ အတွက် နေရာ ပြန်ရဖို့ အတော်လေး ခက်ခဲရပါတယ် ။ ဒါပေမယ့် ကီပါ ဟာ လေ့ကျင့်ရေး အစီအစဉ် တွေမှာ အမြဲ ကြိုးစားပါတယ် ။ ပွဲထွက်ခွင့် မရတဲ့ အပေါ်လည်း သူဟာ အကောင်းဆုံး တုန့်ပြန်ထားနိုင်ပြီး ၊ တခါတလေ ကျရင် ဒီ အခိုက်အတန့် တွေက ခင်ဗျား ရဲ့ ကစားသမား ဘဝ ကို ပိုမို တောင့်တင်းတဲ့ ပုံစံ နဲ့ ပြန်လာစေဖို့ အထောက်အကူ ပေးပါတယ် ။ ”

” ကျွန်တော့ မှာ မနက်ဖြန် ပွဲအတွက် ကီပါ ကို ပွဲထွက်ခွင့် ပေးဖို့ ဘာမေးခွန်းထုတ်စရာ ၊ သံသယဝင်စရာ တခုမှ မရှိပါဘူး ။ သူဟာ မနက်ဖြန် ပွဲအတွက် ပွဲထွက်ခွင့် နဲ့ ထိုက်တန်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR