ချန်ပီယံလိဂ် ပြိုင်ပွဲကနေ မမျှော်လင့်ပဲ ထွက်လိုက်ရပြီ ဖြစ်တဲ့ ယူနိုက်တက်ဟာ ဒီတစ်ပတ်မှာတော့ မြို့ခံပြိုင်ဘက် ကလပ် ဖြစ်တဲ့ မန်စီးတီး အသင်းနဲ့ ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ ဒီပွဲဟာ ဆိုးရှား ရဲ့ ရာထူးကို အဆုံးအဖြတ် ပေးသွားနိုင်တဲ့ ပွဲမျိုး ဖြစ်တယ်လို့တောင် ပြောဆိုမှုတွေ ရှိနေပြီး ၊ ဘွတ်ကီ ဒိုင်တွေ အကြားမှာလဲ လောင်းကြေးဖွင့်မှုတွေက အချိန်နဲ့ တစ်ပြေးညီ ဆက်တိုက် မြင့်တက်လျှက် ရှိနေပါတယ်။

ပေါလ်မာဆွန် ကတော့ မန်ချက်စတာ ဒါဘီ ပွဲစဉ် နဲ့ ပတ်သက်ပြီး ဆိုးရှား ရဲ့ အနေအထား တွေ ၊ အသင်းရဲ့ ရပ်တည်မှုတွေ အကြောင်းကို အခုလိုပဲ သုံးသပ်သွားခဲ့ပါတယ်။

“ ကျနော့် အမြင်မှာတော့ ဒီပွဲဟာ အရမ်း အရမ်းကို အရေးကြီးတဲ့ ပွဲပါ။ ပြောရရင် ဒီပွဲ မနိုင်လို့ကတော့ ၊ ဆိုးရှားလဲ လစ်ရနိုင်ပါတယ်။ သူ့ရာထူးအတွက် အဆုံးအဖြတ် ပေးမယ့် ပွဲမျိုးပေါ့။

တစ်ခု ရှိတာ က ယူနိုက်တက်မှာ အခြား ပုံစံမျိုး နဲ့ လည်ပတ်မယ့် အစီအစဉ်တွေ မရှိတော့ဘူးလား ၊ အခြား ကလပ်တွေ နဲ့ မတူတဲ့ဟန်တွေ နဲ့ ရှေ့ဆက်မယ့် အစီအစဉ်တွေ မချမှတ်နိုင်တော့ဘူးလား။

ကလပ်အသင်း ဘက်ကရော နည်းပြသစ် လိုချင်ရဲ့လား။

လက်ရှိ အခြေအနေ ကို ကျေနပ်နေတာလား။

အခုလိုလေး နိုင်လိုက် ၊ ရှုံးလိုက်ဖြစ်နေတာကို သာယာနေတာလား။

အသင်းကို ဦးဆောင် မောင်းနှင်နေတဲ့ သူတွေကရော ယူနိုက်တက်ဟာ အကြီးကျယ် ခမ်းနားဆုံး ကလပ် ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်ပြီး ခံယူသေးရဲ့လား။

လက်ရှိ ပုံစံက ထိပ်သီး အသင်းပုံစံ မဟုတ်ဘူးလို့ ကျနော်လို့များ တွေးကြသေးရဲ့လား။

ဆိုတာပါ။

တကယ်လို့ ရီးရဲ မက်ဒရစ် သာ ချန်ပီယံလိဂ် ကနေ နှုတ်ထွက်လိုက်ရမယ် ဆိုရင် ၊ ဇီဒန်း လဲ သေချာပေါက် ထုတ်ပယ်ခံရပါလိမ့်မယ်။ သူတို့ဟာ အကြီးကျယ်ဆုံး ဆိုတဲ့ ဂုဏ်ပုဒ်ကို လုံး၀ အထိခိုက်ခံမှာ မဟုတ်ပါဘူး။

ယူနိုက်တက် တာဝန်ရှိသူတွေကရော အခုပုံစံကို ကျေနပ်နေကြတာလား ။ ကျနော်ဖြင့် သူတို့ ဘုတ်အဖွဲ့က ဘယ်လိုတွေ လုပ်ဆောင်နေလဲ ဆိုတာ နားတောင် မလည်တော့ပါဘူးဗျာ။

…………………

ပရိသတ်တွေ မပါပဲ နဲ့ ထိပ်သီး ကလပ်တွေထဲက ဘယ်လို အသင်းမျိုး နဲ့ ရင်ဆိုင် ကစားချင်လဲလို့ မေးကြည့်လိုက်ပါ။ လီဗာပူး ၊ ချဲဆီး ၊ စပါး ၊ မန်စီးတီး အသင်းတွေထဲက ဘယ်သူနဲ့ ရင်ဆိုင်ချင်လဲလို့ မေးလိုက်ပါ ၊ မန်စီးတီး လို့ပဲ သူတို့က ဖြေပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ သူတို့ ကစားဟန် နဲ့ လိုက်ဖက်တာ က မန်စီးတီးပဲ ရှိတာလေ။

မန်စီးတီး ကဘောလုံးကို ကိုင်ထားမယ် ၊ ယူနိုက်တက် က တန်ပြန် တိုက်စစ်ကို ကစားမယ် ။ သူတို့ အိုက်ဒီယာ က ဒါပါပဲ။

မန်စီးတီး ကရော အာဆင်နယ်လို နောက်တန်းအထိ ဘောလုံးကို မြှားခေါ်မယ်ထင်လား ၊ ပြီးတော့ စိတ်ရှည်ရှည်ထားပြီး တိုက်စစ်ပုံဖော်မယ် ထင်လား ၊ ကျနော်တော့ မထင်ပါဘူး။

ဒီတစ်ပတ် ကစားမယ့်ပွဲဟာ ဆိုးရှား စိတ်ကြိုက် ပွဲမျိုးပါ။ ခံစစ်ကို ပိတ်ထားပြီး ၊ မြင်းတွေလို ပြေးပြီး တန်ပြန် တိုက်စစ်ကို ပုံဖော် နိုင်ဖို့ ကြိုးစားပါလိမ့်မယ်။

…………………….

တစ်ခု ရှိတာက ယူနိုက်တက် အနေနဲ့ ဦးဆောင်ဂိုး သွားပေးလိုက်လို့ မရပါဘုူး။ 1-0 နဲ့ သာ ဦးဆောင်ခံလိုက်ရရင်တော့ ၊ မျှော်လင့်ချက် မရှိတော့ဘူးလို့ပဲ ယေဘုယျ မှတ်ယူလိုက်ပါ။ သူတို့ အနေနဲ့ တစ်ချိန်လုံး Come Back တွေ ဆော့ပြဖို့ မဖြစ်နိုင်ဘူးလေ။ မန်စီးတီး ကလဲ တစ်ဂိုးလောက် အသာရတာ နဲ့ ခံစစ်ကို အားပြုပြီး တန်ပြန် တိုက်စစ်နဲ့ ပြန်ဆော်ပြနိုင်တဲ့ အသင်းမျိုးပါ။

ဝက်စ်ဟမ်း နဲ့ ပွဲပြီးတုန်းက ဆိုးရှား ကိုယ်တိုင်က “ ဝက်စ်ဟမ်း က အမှတ်တွေ ဆက်တိုက် ယူနေတဲ့ အသင်းမျိုးမှာ ၊ ဒီပွဲ အနိုင်ရလာဒ်ဟာ အရမ်းကို ကြီးကျယ်လွန်းပါတယ်” ဆိုပြီးပြောသွားတာ သတိထားမိပါတယ်။

သူ ကိုင်နေတာ မန်ချက်စတာ ယူနိုက်တက်ပါ။

ဝက်စ်ဟမ်းက ဗီလာ ၊ ရှက်ဖီး ၊ ဖူဟမ် တို့လို အသင်းတွေကို ပဲ နိုင်ထားတာပါ။ ဒီလို အသင်းမျိုးကို နိုင်တာတောင် ကြီးကြီးကျယ်ကျယ်တွေ ပြောနေဦးမှာလား။ တကယ်ဆိုရင် ယူနိုက်တက် ဆိုတာ ဝက်စ်ဟမ်းလို အသင်းမျိုးတော့ နိုင်အောင် ကစားရမယ် လောက်ပဲ ပြောခဲ့သင့်တာလေ။ သူ့ရဲ့ ကစားသမားစာရင်းက အပြတ်သတ်ကြီး အသာစီး ရထားတာလေ။

ယူနိုက်တက်ဟာ ဆောက်သမ်တန် ၊ ဝက်စ်ဟမ်း ၊ လိုက်ပ်ဇစ် တို့နဲ့ ပွဲတွေမှာ ဦးဆောင်ဂိုးတွေ ပေးရတယ်။ ပီအက်စ်ဂျီ နဲ့ ပွဲ မရှုံးသင့်ပဲ ရှုံးတယ်။ မညှာမတာ ပြောရရင် ဝက်စ်ဟမ်း နဲ့ပွဲ ပထမပိုင်း ကစားသွားတဲ့ ပုံစံက စုတ်ပြတ်သတ်နေတာပါပဲ။

သူတို့ ခြေစွမ်းက မီးနစ် 90 လုံး တစ်ပြေးညီ ဖြစ်အောင် အခုထိ ထိန်းမထားနိုင်သေးပါဘူး ။ ဒီပုံစံအတိုင်းဆိုရင် စပါးနဲ့ ပွဲမှာ ရှုံးခဲ့သလိုမျိုး ၊ မကြာခင်မှာ ထပ်ပြီး ရှုံးဦးမယ်လို့တောင် ပြောလိုက်ချင်ပါတယ်။

မာကို့စ် ရပ်ရှ်ဖို့ဒ် က Super Sup လုပ်ဖို့ သိပ်ကောင်းတဲ့ ချာတိတ်လေးပါ။ သူများတွေ အမောမှ ဝင်လာပြီး ၊ ပြေးမယ် ၊ တိုးမယ် ၊ အဝေးကန်ချက်တွေ နဲ့ ခြိမ်းခြောက်မယ် ဆိုရင် တော်တော်ကို ထိရောက်ပါလိမ့်မယ်။ တစ်ခါတလေ ဆိုးရှားအနေနဲ့ အဲဒီလိုမျိုးတွေ စဉ်းစားသင့်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

SM