အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ ရော်ဘင် ဗန်ပါစီက ဂန်နား ကစားသမား ဘဝရဲ့ နောက်ဆုံး ရက်စွဲ တစ်ခုမှာ အသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်သူက သူတို့ အသင်းဟာ ဘဏ္ဍာရေး တောင့်တင်းတဲ့ အသင်းဖြစ်ကြောင်း ငွေကိန်းဂဏန်းပြ စည်းရုံး ခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

နယ်သာလန် လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်တဲ့ ရော်ဗင် ဗန်ပါစီဟာ အဆိုပါ အချိန်တုန်းက အထူး ခြေစွမ်းကောင်းတွေကို နှစ်စဉ်ဆိုသလို ပြသထားနိုင်ခဲ့တဲ့ အတွက် ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး စာရင်းဝင် တစ်ဦး ဖြစ်ခဲ့ရ ပါတယ် ။ ဒါ့ကြောင့် သူ့ကို ခေါ်ချင်တဲ့ အသင်းလည်း များခဲ့ကြ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ကစားသမား ကိုယ်တိုင် ကလည်း အမှတ်ပေး ဖလားနဲ့ အဓိက ဖလား တွေကို ဆွတ်ခူးလိုစိတ် ပြင်းထန် နေခဲ့တာကြောင့် အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် မဖြစ်နိုင် ခဲ့တဲ့နောက် အသင်း ပြောင်းဖို့ အတွက် ဆန္ဒ ရှိလာခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် အသင်း ကတော့ အဓိက တိုက်စစ်မှူး ဖြစ်သူကို လက်လွတ် ဆုံးရှုံးလိုစိတ် မရှိခဲ့တာကြောင့် သူ့ကို အသင်းမှာပဲ ဆက်လက် ရှိနေစေရေး အတွက် ဘဏ္ဍာရေး အပေါင်း လက္ခဏာ ဆောင်ကျဉ်း နေကြောင်း ကိန်းဂဏန်း တွေကို ပြသပြီး စည်းရုံး ခဲ့တာပဲ ဖြစ်ပါတယ် ။

” အာဆင်နယ်မှာတုန်းက ကျွန်တော်တို့ တွေဟာ ဆုဖလားတွေကို စိန်ခေါ် နိုင်စွမ်း ရှိသင့်တဲ့ အဆင့်အတန်းမျိုးမှာ မရှိခဲ့ ကြဘူးလို့ ခံစားခဲ့ရ ပါတယ် ။ တစ်နေ့ကျတော့ အာဆင်နယ် အသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်သူက ကျွန်တော့်ဆီ ရောက်ရှိလာခဲ့ပြီး အသင်းဟာ ဘဏ္ဍာရေး ကြွယ်ဝကြောင်း အပေါင်း လက္ခဏာ ဆောင်တဲ့ ကိန်းဂဏန်း တွေကို ပြသ သွားခဲ့ ပါတယ် ”

” ဒါပေမယ့် ကျွန်တော် ကတော့ ‘ ဒီ ကိန်းဂဏန်း တွေကို ကျွန်တော် ေ-ာက်ဖက် လုပ်နေမှာ မဟုတ်ဘူး ၊ ကျွန်တော်က ပရီးမီးယားလိဂ် ဖလားကြီးကို ကိုင်မြှောက် ဆွတ်ခူးချင် နေတာပါ ‘ လို့ ပြန်လည် တုန့်ပြန် ပြောကြား ဖြစ်ခဲ့ ပါတယ် ” လို့ ရော်ဘင် ဗန်ပါစီ က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

အဆိုပါ အချိန် တုန်းက အာဆင်နယ် အသင်းမှာ ပီတာ ဟီးလ် ဝုဒ် က အာဆင်နယ် အသင်းရဲ့ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နေသူအဖြစ် ရှိခဲ့ပါတယ် ။ အဲ့ဒီနောက် သူထွက်ခွာခဲ့ရတဲ့ နောက် တစ်နှစ် (2013) မှာတော့ ဆာ ရှစ်ပ် ကပ်စ်ဝှစ်ခ် က အစားထိုး ဝင်ရောက် လာခဲ့ ပါတယ် ။

အဲ့ဒီနောက် ဗန်ပါစီက သူဟာ အာဆင်နယ် အသင်းမှ ထွက်ခွာဖို့ လုပ်ဆောင် ခဲ့တဲ့နောက် ဂျူဗင်တပ် အသင်းဆီ ရောက်ဖို့ အရမ်းကို နီးစပ်ခဲ့ကြောင်း ၊ သဘော တူညီမှု တစ်ခု မပြီးမြောက် နိုင်ခဲ့တဲ့ အတွက် အဆုံးသတ်မှာ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ ခဲ့တာ ဖြစ်ကြောင်း ဆက်လက် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” အင်္ဂလန် ပြင်ပက အသင်း တစ်သင်းကို ပြောင်းတာက ပိုကောင်းလိမ့်မယ်လို့ ကျွန်တော်တို့ ခံစားခဲ့ကြရပါတယ် ။ ဂျူဗင်တပ်နဲ့ ချိတ်ဆက်မှု ကလည်း အရမ်းကို နီးစပ်ခဲ့ပါသေးတယ် ။ ဒါပေမယ့် အာဆင်နယ် အသင်းရဲ့ ဥက္ကဋ္ဌ က ဂျူဗင်တပ် အသင်းဆီ ပြောင်းရွှေ့ရေး နဲ့ ပတ်သက်လို့ သူလိုချင်တာ မရတဲ့ အတွက် ခေါင်းမာခဲ့ ပါတယ် ”

” ကျွန်တော်ကလည်း နောက်ထပ် ရွေးချယ်ချင်တဲ့ အသင်း နှစ်သင်းက မန်ချက်စတာ ယူနိုက်တက် နဲ့ မန်စီးတီး အသင်းတွေပဲလို့ သူ့ကို ပြောဖြစ်ခဲ့ပါ သေးတယ် ။ ဒါကို သူ စိတ်ကြိုက် ရွေးချယ်ခဲ့ ပါတယ် ။ ကျွန်တော် အာဆင်နယ် အသင်း ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းတာနဲ့ပတ်သက်လို့ အခုထက်ထိ အင်္ဂလန်မှာ လူတွေ စန်းစန်းတင့် ဖြစ်နေကြတုန်း ပါပဲ ”

” ဒါပေမယ့် ကျွန်တော် ကတော့ အနိုင် ရလိုစိတ်ပဲ ရှိခဲ့ ပါတယ် ။ ကျွန်တော်ဟာ ဆုဖလားတွေ ကိုင်မြှောက်ချင်စိတ်ပဲ ရှိနေခဲ့ ပါတယ် ။ ဒီအတွက် ကျွန်တော်ဟာ စွန့်စားမှုကြီး လုပ်ခဲ့ရ ပါတယ် ” လို့ ဗန်ပါစီ က သူ အသင်း ပြောင်းရွှေ့ ခဲ့စဉ် တုန်းက အဖြစ်အပျက် တွေကို ပြန်ပြောင်း ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar