တော့တင်ဟမ် အသင်း ကစားသမားဟောင်း ဂျာမိန်း ဂျီးနပ်စ် က အာဆင်နယ် အသင်းဟာ အတွေ့အကြုံရင့် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို လိုအပ်နေပြီး ဘန်လေ နဲ့ ပွဲမှာ ခေါင်းဆောင်ကောင်း တစ်ဦး ပျောက်ဆုံး နေခဲ့ကြောင်း ဆိုပါတယ် ။

အာဆင်နယ် အသင်းဟာ အိမ်ကွင်း အမ်းမရိတ်မှာ ဘန်လေ အသင်းကို တိုက်စစ်မှူး အူဘာမီယန်း ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းမိမှုကြောင့် အရေးနိမ့် သွားခဲ့ရပြီး ဒီရာသီ ၇ ပွဲမြောက် ရှုံးပွဲ နဲ့ ကြုံတွေ့ သွားခဲ့ရပါတယ် ။

အာဆင်နယ် အသင်းဟာ ဘန်လေ အသင်းကို ရှုံးနိမ့်တာကြောင့် အိမ်ကွင်း လေးပွဲဆက် ရှုံးပွဲ ကြုံတွေ့ သွားခဲ့ရပြီး ဒါဟာ ၁၉၅၉ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံး အိမ်ကွင်း ရှုံးပွဲ ကြုံတွေ့ ရမှု ဖြစ်ပါတယ် ။

အဆိုပါပွဲမှာ အာဆင်နယ် အသင်း ကွင်းလယ်လူ ရှာကာ ဟာ ပြိုင်ဘက် ကစားသမား အက်ရှ်လေ ဝက်စ်ဝုဒ် ရဲ့ လည်ပင်းကို ညစ်ပြီး ရန်ရှာခဲ့တာကြောင့် တိုက်ရိုက် အနီကဒ်ပြ ထုတ်ပယ် ခံခဲ့ရပါတယ် ။

တော့တင်ဟမ် ကစားသမားဟောင်း ဂျာမိန်းဂျီးနပ်စ် ကတော့ ဘန်လေ ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ အသင်းကို ဦးဆောင် နိုင်မယ့်သူ ပျောက်ဆုံး နေပြီး သူတို့ဟာ ဒေးဗစ် လူးဝဇ် ကို သတိရနေမယ်လို့ ထင်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

” အာဆင်နယ် အသင်းရဲ့ အဓိက ကစားသမားတွေက စွမ်းဆောင်ရည်ကောင်းတွေ ပျောက်ဆုံး နေပါတယ် ။ ကျွန်တော် အခု အူဘာမီယန်း အကြောင်း ပြောနေတာပါ ၊ သူက အသင်း ကို ကယ်တင် ပေးနိုင်စွမ်း မရှိ ဖြစ်နေပါတယ် ။ ”

” ဝီလီယံ က အသင်းကို လစာ အများကြီးနဲ့ ရောက်လာ ခဲ့ပါတယ် ၊ ဒါပေမယ့် ခုထိ ဘာမှ မလုပ်ပြ နိုင်သေးပါဘူး ။ ပေပေ ကလည်း အာဆင်နယ် အသင်း ဈေးကြီး ပေးပြီး ခေါ်ယူ ခဲ့တဲ့ ကစားသမားပါ ။ ”

” သူတို့ ဒေးဗစ်လူးဝဇ် ကို သတိရနေမယ်လို့ ထင်ပါတယ် ၊ လူးဝဇ် က အာဆင်နယ် အတွက် စစ်မှန်တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး အဝတ်လဲခန်း အတွင်းမှာလည်း အာဏာ ရှိပုံပါပဲ ၊ အာတီတာ တစ်ယောက် သူ့ကို သတိရနေမယ်လို့ ကျနော် ခံစားမိပါတယ် ။ ”

” အာတီတာ က အသင်းရဲ့ဗိုလ်ကို လွမ်းနေမှာပါ ၊ အူဘာမီယန်း က အသင်းရဲ့ ခေါင်းဆောင် လက်ပတ်ကိုသာ ဝတ်ဆင် ထားပေမယ့် လူးဝဇ် ကသာလျှင် အဝတ်လဲခန်း အတွင်း ကိစ္စ အဝဝကို ဦးဆောင် နေပုံပါပဲ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR