ဂ်ဳဗင္တပ္ အသင္း ထံ ခရစၥတီယာႏို ရုိနယ္လ္ဒို ေျပာင္းေရႊ႕ လာ အၿပီး မွာ အသင္း ရဲ႕ တရား ၀င္ ဆုိရွယ္ မီဒီယာ အေကာင့္ ေတြ ကို follow လုပ္ ခဲ့သူ သန္းေပါင္း မ်ားစြာ တိုးပြား လာခဲ့ ၿပီး ပရိသတ္ သစ္ ေပါင္း ၆ သန္း ေက်ာ္ ၀င္ ေရာက္ လာ ခဲ့ တယ္ လို႔ ၾကား သိ ရ ပါတယ္ ။

လီဗာပူး ေတာင္ပံ ကစား သမား ဆာဒီယို မာေနး က ေတာ့ PFA Fans’ ရဲ႕ ၾသဂုတ္ လ အတြက္ အ ေကာင္းဆံုး ကစား သမား ဆု ကို ရရွိ သြားခဲ့ ပါတယ္ ။ မာေနး ဟာ ၾသဂုတ္ လ အတြင္း ကစား ခဲ့ တဲ့ ပြဲ ေတြ မွာ လီဗာပူး အတြက္ ၃ ဂိုး သြင္းယူ ေပး ခဲ့ သူ ျဖစ္ ပါတယ္ ။

ဘရာဇီး ဂႏၳ၀င္ ေဘာလံုး သမားႀကီး ရိုနယ္လ္ဒို က ေတာ့ ဗယ္လာ ဒိုးလစ္ အသင္း ရဲ႕ ရွယ္ယာ ၅၁% ကုိ ယူရုိ သန္း ၃၀ နဲ႔ ၀ယ္ယူၿပီး ကလပ္ ရဲ႕ ရွယ္ယာ အမ်ားဆံုး ပုိင္ဆုိင္ သူ ျဖစ္ လာခဲ့ ေၾကာင္း တရား၀င္ အတည္ျပဳ သြားခဲ့ ပါတယ္ ။

စပါး ဂိုး သမားႀကိး လုိရစ္ ဟာ အေသး စား ဒဏ္ရာ ရရွိ ခဲ့ တာ ေၾကာင့္ ၾကာသပေတး ေန႔ မွာ ဂ်ာမဏီ နဲ႔ ယွဥ္ၿပဳိင္ ကစား မယ့္ ဥေရာပ ေနးရွင္း လိဂ္ ပြဲစဥ္ ကို ပါ၀င္ ႏုိင္ ေတာ့ မွာ မဟုတ္ ဘူး လို႔ ျပင္သစ္ က လာ တဲ့ သတင္း တစ္ခု က ေဖာ္ျပ သြားခဲ့ ပါတယ္ ။

ရီးရဲ ေတာင္ပံ ကစား သမား ဂါရတ္ ေဘးလ္ က ေတာ့ ေ၀းလ္ အသင္း နဲ႔ အတူ ပူးေပါင္း ခဲ့ၿပီး အုိင္ယာလန္ နဲ႔ ယွဥ္ၿပဳိင္ ကစား မယ့္ ဥေရာပ ေနးရွင္း လိဂ္ ပြဲ အတြက္ ျပင္ဆင္ ေနၿပီ ျဖစ္ ပါတယ္ ။

စပိန္ အသင္း က ေတာ့ တုိက္စစ္မႈး ေကာ္စတာ ဒဏ္ရာ ရရွိ သြားတာ ေၾကာင့္ အီေယဂို အက္စပတ္ ကို အစားထိုး ေခၚယူ ခဲ့တယ္ လို႔ သိရ ပါတယ္ ။

အီတလီ နည္းျပ မန္စီနီ က ေတာ့ သူ႔ရဲ႕ အီတလီ လက္ေရြးစင္ ေတြ ကို အမွတ္ေပး ပြဲေတြ မွာ အသံုးမျပဳ ခဲ့ တဲ့ အင္တာ နဲ႔ ရိုးမား အသင္း ေတြ ကို အျပစ္ တင္ ေျပာဆို သြားခဲ့ ၿပီး ယူ – ၂၁ အသင္း ကစား သမားေတြ ကို ေခၚ သြား ရမလုိ ျဖစ္ ေနၿပီ လို႔ ေျပာဆို သြားခဲ့ ပါတယ္ ။

ဘာစီလုိနာ ေတာင္ပံ ကစား သမား ေလး မယ္ကြမ္ က ေတာ့ ေလ့က်င့္ ေရး ကြင္း မွာ ဒဏ္ရာ အေသးစား ရရွိ ခဲ့တာ ေၾကာင့္ တစ္ပတ္ ခန္႔ အနား ယူ ရလိမ့္ မယ္ လို႔ ၾကားသိ ရ ပါတယ္ ။

ေတာ့တင္ ဟမ္ ေဟာ့စပါး အသင္း ဟာ ကြင္းသစ္ စီမံကိန္း အခ်ိန္မီ မၿပီး စီး ေတာ့ တာ ေၾကာင့္ ခ်န္ပီယံလိဂ္ အုပ္စု ပြဲ စဥ္ ေတြ နဲ႔ မန္ခ်က္စတာ စီးတီး နဲ႔ ကစာား မယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ ေတြ ကို ၀င္ဘာေလ ကြင္းမွာ ယွဥ္ၿပဳိင္ ကစား ရ ေတာ့ မယ္ လို႔ အတည္ျပဳ ထုတ္ျပန္ သြားခဲ့ ကာ ပရိသတ္ ေတြ ကိုလည္းး ေတာင္းပန္ ပါ ေၾကာင္း ဥကၠဌ လီဗိုင္း က ေျပာဆို သြားခဲ့ ပါတယ္ ။

ဖီဖာ က ေရြးခ်ယ္ လုိက္ တဲ့ တစ္ႏွစ္ တာ အေကာင္းဆံုး ဆု အတြက္ စကာတင္ ေတြ ထြက္ေပၚ လာခ်ိ္န္ မွာ ေ၀ဖန္ မႈ ေတြ ဆူညံ ခဲ့ ပါတယ္ ။ အေကာင္းဆံုး ကစား သမား ဆု အတြက္ မက္ဆီ က်န္ရစ္ ခဲ့တာ ေၾကာင့္ ေ၀ဖန္ ခံ ခဲ့ ရသလုိ အေကာင္းဆံုး ဂုိး သမား ဆု အတြက္ စကာတင္ စာရင္း မွာ ဒိန္းမတ္ နဲ႔ လက္စတာ ဂိုး သမား ကက္စပါ ရွမုိက္ကယ္ ပါ၀င္ လာမႈ အေပၚ လည္း ေမးခြန္း ထုတ္ ခဲ့ ၾက ပါတယ္ ။ ေရြးခ်ယ္ ေရး အဖြဲ႕ ထဲ မွာ ကက္စပါ ရဲ႕ ဖခင္ ဒိန္းမတ္ ဂိုး သမားးေဟာင္း ႀကီး ပီတာ ရွမိုက္ကယ္ ပါ၀င္ ေနခဲ့ တာ ကလည္း ေ၀ဖန္ သံ ေတြ ကို ပိုမို ဆူညံ ေစခဲ့ ပါတယ္ ။

Unicode

တနင်္လာနေ့ ညအတွက် နောက်ဆုံး ရ အားကစား သတင်းများ

===================================

ဂျုဗင်တပ် အသင်း ထံ ခရစ္စတီယာနို ရိုနယ်လ်ဒို ပြောင်းရွှေ့ လာ အပြီး မှာ အသင်း ရဲ့ တရား ၀င် ဆိုရှယ် မီဒီယာ အကောင့် တွေ ကို follow လုပ် ခဲ့သူ သန်းပေါင်း များစွာ တိုးပွား လာခဲ့ ပြီး ပရိသတ် သစ် ပေါင်း ၆ သန်း ကျော် ၀င် ရောက် လာ ခဲ့ တယ် လို့ ကြား သိ ရ ပါတယ် ။

လီဗာပူး တောင်ပံ ကစား သမား ဆာဒီယို မာနေး က တော့ PFA Fans’ ရဲ့ သြဂုတ် လ အတွက် အ ကောင်းဆုံး ကစား သမား ဆု ကို ရရှိ သွားခဲ့ ပါတယ် ။ မာနေး ဟာ သြဂုတ် လ အတွင်း ကစား ခဲ့ တဲ့ ပွဲ တွေ မှာ လီဗာပူး အတွက် ၃ ဂိုး သွင်းယူ ပေး ခဲ့ သူ ဖြစ် ပါတယ် ။

ဘရာဇီး ဂန္ထဝင် ဘောလုံး သမားကြီး ရိုနယ်လ်ဒို က တော့ ဗယ်လာ ဒိုးလစ် အသင်း ရဲ့ ရှယ်ယာ ၅၁% ကို ယူရို သန်း ၃၀ နဲ့ ၀ယ်ယူပြီး ကလပ် ရဲ့ ရှယ်ယာ အများဆုံး ပိုင်ဆိုင် သူ ဖြစ် လာခဲ့ ကြောင်း တရားဝင် အတည်ပြု သွားခဲ့ ပါတယ် ။

စပါး ဂိုး သမားကြိး လိုရစ် ဟာ အသေး စား ဒဏ်ရာ ရရှိ ခဲ့ တာ ကြောင့် ကြာသပတေး နေ့ မှာ ဂျာမဏီ နဲ့ ယှဉ်ပြိုင် ကစား မယ့် ဥရောပ နေးရှင်း လိဂ် ပွဲစဉ် ကို ပါ၀င် နိုင် တော့ မှာ မဟုတ် ဘူး လို့ ပြင်သစ် က လာ တဲ့ သတင်း တစ်ခု က ဖော်ပြ သွားခဲ့ ပါတယ် ။

ရီးရဲ တောင်ပံ ကစား သမား ဂါရတ် ဘေးလ် က တော့ ဝေးလ် အသင်း နဲ့ အတူ ပူးပေါင်း ခဲ့ပြီး အိုင်ယာလန် နဲ့ ယှဉ်ပြိုင် ကစား မယ့် ဥရောပ နေးရှင်း လိဂ် ပွဲ အတွက် ပြင်ဆင် နေပြီ ဖြစ် ပါတယ် ။

စပိန် အသင်း က တော့ တိုက်စစ်မှုး ကော်စတာ ဒဏ်ရာ ရရှိ သွားတာ ကြောင့် အီယေဂို အက်စပတ် ကို အစားထိုး ခေါ်ယူ ခဲ့တယ် လို့ သိရ ပါတယ် ။

အီတလီ နည်းပြ မန်စီနီ က တော့ သူ့ရဲ့ အီတလီ လက်ရွေးစင် တွေ ကို အမှတ်ပေး ပွဲတွေ မှာ အသုံးမပြု ခဲ့ တဲ့ အင်တာ နဲ့ ရိုးမား အသင်း တွေ ကို အပြစ် တင် ပြောဆို သွားခဲ့ ပြီး ယူ – ၂၁ အသင်း ကစား သမားတွေ ကို ခေါ် သွား ရမလို ဖြစ် နေပြီ လို့ ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ တောင်ပံ ကစား သမား လေး မယ်ကွမ် က တော့ လေ့ကျင့် ရေး ကွင်း မှာ ဒဏ်ရာ အသေးစား ရရှိ ခဲ့တာ ကြောင့် တစ်ပတ် ခန့် အနား ယူ ရလိမ့် မယ် လို့ ကြားသိ ရ ပါတယ် ။

တော့တင် ဟမ် ဟော့စပါး အသင်း ဟာ ကွင်းသစ် စီမံကိန်း အချိန်မီ မပြီး စီး တော့ တာ ကြောင့် ချန်ပီယံလိဂ် အုပ်စု ပွဲ စဉ် တွေ နဲ့ မန်ချက်စတာ စီးတီး နဲ့ ကစာား မယ့် ပရီးမီးယားလိဂ် ပွဲစဉ် တွေ ကို ၀င်ဘာလေ ကွင်းမှာ ယှဉ်ပြိုင် ကစား ရ တော့ မယ် လို့ အတည်ပြု ထုတ်ပြန် သွားခဲ့ ကာ ပရိသတ် တွေ ကိုလည်းး တောင်းပန် ပါ ကြောင်း ဥက္ကဌ လီဗိုင်း က ပြောဆို သွားခဲ့ ပါတယ် ။

ဖီဖာ က ရွေးချယ် လိုက် တဲ့ တစ်နှစ် တာ အကောင်းဆုံး ဆု အတွက် စကာတင် တွေ ထွက်ပေါ် လာချိ်န် မှာ ဝေဖန် မှု တွေ ဆူညံ ခဲ့ ပါတယ် ။ အကောင်းဆုံး ကစား သမား ဆု အတွက် မက်ဆီ ကျန်ရစ် ခဲ့တာ ကြောင့် ဝေဖန် ခံ ခဲ့ ရသလို အကောင်းဆုံး ဂိုး သမား ဆု အတွက် စကာတင် စာရင်း မှာ ဒိန်းမတ် နဲ့ လက်စတာ ဂိုး သမား ကက်စပါ ရှမိုက်ကယ် ပါ၀င် လာမှု အပေါ် လည်း မေးခွန်း ထုတ် ခဲ့ ကြ ပါတယ် ။ ရွေးချယ် ရေး အဖွဲ့ ထဲ မှာ ကက်စပါ ရဲ့ ဖခင် ဒိန်းမတ် ဂိုး သမားးဟောင်း ကြီး ပီတာ ရှမိုက်ကယ် ပါ၀င် နေခဲ့ တာ ကလည်း ဝေဖန် သံ တွေ ကို ပိုမို ဆူညံ စေခဲ့ ပါတယ် ။