အာဆင်နယ် အသင်းခေါင်းဆောင် ဂရန်းနစ် ရှာကာ က လီဗာပူး အသင်း ကို ရှုံးနိမ့် ခဲ့တာဟာ ပွဲတစ်ပွဲရဲ့ ရလဒ်သာ ဖြစ်တာကြောင့် လာမယ့် အပတ်မှာ တော့တင်ဟမ် အသင်း နဲ့ ကစားရမယ့် လန်ဒန် ဒါဘီပွဲအတွက် ကြိုတင် ပြင်ဆင် ထားကြတော့ဖို့ အသင်းဖော်တွေကို တိုက်တွန်း သတိပေး သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ မနေ့ညက လီဗာပူး အသင်းကို သုံးဂိုး တစ်ဂိုး နဲ့ ရှုံးနိမ့် သွားခဲ့ပြီး ဒီရာသီ ပထမဆုံး ရှုံးပွဲ နဲ့ ကြုံ တွေ့ သွားခဲ့ရပါတယ် ။ အာဆင်နယ် အသင်းဟာ လာမယ့် အပတ်မှာတော့ အမ်းမရိတ်မှာ ခါးသီးလှတဲ့ လန်ဒန် မြို့ခံ ပြိုင်ဘက် တော့တင်ဟမ် အသင်း နဲ့ ကစားရဦးမှာ လည်း ဖြစ်ပါတယ် ။

ရှာကာ က အာဆင်နယ် အသင်း တရားဝင် ဝက်ဆိုဒ် နဲ့ အင်တာဗျူးမှာ ” တော့တင်ဟမ် အသင်း နဲ့ ပွဲဟာ ဒါဘီ ပွဲစဉ် ဖြစ်တာကြောင့် ဒီပွဲ ( လီဗာပူး နဲ့ပွဲ ) ကရော ၊ တခြားပွဲတွေကရော စိတ်ပျက်စရာတွေကို ယူဆောင် သွားလို့ မရပါဘူး ။ ဒီဒါဘီပွဲက ပရိသတ်တွေအတွက် ၊ အသင်းအတွက် ၊ ကျွန်တော်တို့အတွက် ဘယ်လောက်အထိ အရေးပါသလဲဆိုတာ သိပါတယ် ။ ”

” အရင်နှစ်တွေတုန်းကလည်း စပါး အသင်း ကို ကျွန်တော်တို့ အကောင်းဆုံး ယှဉ်ပြိုင် ကစားနိုင်တယ် ဆိုတာကို သက်သေပြထားပြီးပါပြီ ။ ဒါကြောင့် ဒီတစ်ပတ်ထဲက သူတို့ကို ရင်ဆိုင်ဖို့ စတင် ပြင်ဆင် ရပါတော့မယ် ၊စပါး အသင်းကို ရင်ဆိုင်ဖို့အသင့် ဖြစ်နေဖို့ လိုအပ်ပါတယ် ။ ”

” လီဗာပူး အသင်းက အသင်းကောင်း တစ်သင်းပါ ။ ထိပ်တန်း ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်း တစ်သင်းပါ ၊ ဒါကြောင့် ဒီမှာ ကစားရတာ ခက်ခဲတာတော့ အမှန်ပါပဲ ။ ကျနော်တို့ အသင်းမှ မဟုတ်ပါဘူး ၊ တခြားအသင်းတွေလည်း ဒီမှာလာကစားတဲ့ အခါမှာ အခက်ကြုံရတာပါပဲ ၊ ဒါက ပွဲတစ်ပွဲ ပါပဲ ။ ကျွန်တော်တို့ ဒီပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် နောက်တစ်ပတ်မှာ ရလဒ်ကောင်းရယူနိုင်အောင် ကြိုးစားရပါမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဆက်လက်ပြီး ဒေးဗစ်လူးဝဇ် က အူဘာမီယန်း ၊ နီကိုလပ်စ် ပီပီ တို့ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ” ကျွန်တော်တို့ အသင်းမှာ ကစားသမားကောင်းတွေ ရှိပါတယ် ။ သူတို့ နှစ်ယောက်မှ မဟုတ်ပါဘူး ၊ တစ်သင်းလုံး ကောင်းကြပါတယ် ။ ကျနော်တို့ ဒီရာသီမှာ ထူးထူးခြားခြား လုပ်ပြ နိုင်မှာပါ ၊ ဒါပေမယ့် ခြေစွမ်းပိုင်း အများကြီး တိုးတက်ဖို့တော့ လိုအပ်ပါတယ် ။ ”

” ရာသီကုန်ရင် ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့် ရမှာပါ ။ လီဗာပူး နဲ့ ပွဲမှာ ဒုတိယပိုင်း ကစားပုံကဘပထမပိုင်းထက် ပိုကောင်းပါတယ် ၊ ပထမပိုင်းမှာ သွင်းဂိုး တွေ ရနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချ နိုင်ခဲ့ပါဘူး ။ အဲ့အခွင့်အရေးတွေသာ ဂိုးဝင်သွားရင် ပွဲအဖြေက ပြောင်းလဲ သွားနိုင်ပါတယ် ။ ”

” ကျနော်တို့ ကစားပုံက ဆိုးရွားခဲ့တယ်လို့တော့ မထင်ပါဘူး ။ ကျနော်တို့ ခံစစ် ကစားပုံ ကောင်းခဲ့ပြီး လီဗာပူး အခွင့်အရေး သိပ်မရခဲ့ပါဘူး ။ ဂိုးကန်သွင်းခွင့်တွေလည်း ရခဲ့ပါတယ် ။ ဒါပေမယ့် လီဗာပူး အသင်း က အသင်းကောင်းတစ်သင်းပါ ။ ဒါကြောင့် လာမယ့် ပွဲတွေအတွက် ကြိုတင် ပြင်ဆင်ရတော့မှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR