ချယ်လ်ဆီး အသင်း ဟာ မနေ့ည က ကစား သွားခဲ့တဲ နောဝှစ်ခ်ျ အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ လူငယ် တိုက်စစ်မှူး အေဘရာဟမ် နဲ့ လူငယ် ကွင်းလယ်လူ မေဆင်မောင့်တ် တိုရဲ့ သွင်းဂိုး တွေနဲ့ အတူ ၂ – ၃ ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရခဲ့ကာ ဒီနှစ် ဘောလုံး ရာသီ အတွက် ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲ ကို စတင် ရှာဖွေ သွားခဲ့ပြီ ဖြစ်ပါတယ် ။

ထို ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ရဲ့ နောက်တန်း က ထုံးစံ အတိုင်း အားနည်း နေခဲ့ပေမယ့် ကွင်းလယ် နဲ့ တိုက်စစ်ပိုင်း ကတော့ လုပ်အားကောင်းကောင်း နဲ့ ရှေ့ဆက် နေဆဲ ဖြစ်ပါတယ် ။ အထူးသဖြင့် လူငယ် ကစားသမား တွေနဲ့ လန်းဆန်း နေတဲ့ ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ်ပိုင်း ဟာ ပရိသတ် တွေ အတွက် စိတ်ချမ်းသာ စေမှာ ဖြစ်ပါတယ် ။

တဖက် မှာလည်း ကွင်းလယ် အထိုင် ကစားသမား ၂ဦး ဖြစ်တဲ့ ဂျော်ဂျင်ဟို နဲ့ ကိုဗာဆစ် တို့ဟာလည်း မနှစ်ကထက် ခြေစွမ်းပိုင်း ၊ ခံယူချက် နဲ့ လုပ်အားနှုန်း တွေလည်း ပိုပြီး တိုးတက် လို့ လာနေပါတယ် ။ ကိုဗာဆစ် ဆိုရင် နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ရဲ့ ယုံကြည်မှု ၊ ထောက်ခံမှု တွေ ရရှိနေတဲ့ ပုံပေါ် နေပြီး မနေ့ကပွဲ မှာ သူ့ရဲ့ မနားမနေ ပြေးပြေးလွှားလွှား တိုက်စစ် နဲ့ ကွင်းလယ် ကို အတက်အဆင်း မှန်မှန် ကစားပြ နိုင်ခဲ့ပါတယ် ။

ထို့အပြင် ကိုဗာဆစ် ဟာ တတိယ ဦးဆောင်ဂိုး ရရှိဖို့ အတွက် တန်ပြန် တိုက်စစ် ကနေ တဆင့် ဂိုးသွင်းရှင် တမ်မီ အေဘရာဟမ် အတွက် ဖန်တီး ပေးနိုင် ခဲ့ပါတယ် ။ ဘောလုံး ထိန်းသိမ်းပုံ သေသပ်မှု ၊ တဦးချင်း ကျော်ဖြတ်မှု စွမ်းရည် တွေလည်း အတော်လေး ကောင်းလာ ခဲ့တာ ကို မြင်တွေ့ ခဲ့ရပါတယ် ။

BBC Match of the Day အစီအစဉ် မှာ လီဗာပူး ကွင်းလယ်လူ ဟောင်း ဒန်နီ မာဖီ က ကိုဗာဆစ် ရဲ့ ဒီနှစ် ဘောလုံး ရာသီ မှာ ပီပြင်တဲ့ ပုံစံ တခု ကို ပိုင်ဆိုင်လာနိုင်တဲ့ အပေါ် ထောက်ပြ လိုက်သလို ၊ လမ်းပတ် လက်အောက် မှာ ကိုဗာဆစ် ရဲ့ ခြေစွမ်း အတော်လေး တိုးတက် လာတယ် လို့ ထုတ်ဖော် ချီးကျူး ခဲ့ပါတယ် ။

မာဖီ က ” ပြီးခဲ့တဲ့ ရာသီ က ကိုဗာဆစ် တကယ် ကစားတဲ့ ပုံစံ က ဘယ်လိုမျိုးလဲ ဆိုတာ မေးခွန်း တွေ အများကြီး ထုတ်ခဲ့ကြပါတယ် ။ ကွင်းလယ် အဖျက်လား ? ကွင်းလယ် ဖန်တီးရှင်လား ? ဒါပေမယ့် ဒီနေ့ ပွဲမှာတော့ သူဟာ ဒီ ပုံစံ ၂ခုလုံး ကို ပီပီပြင်ပြင် သရုပ်ဆောင် ပြနိုင်ခဲ့ပါတယ် ။ ဒါဟာ သူ ချယ်လ်ဆီး ဂျာစီ ကို ဝတ်ဆင်ပြီး ကန်တဲ့ ပွဲစဉ် တွေထဲမှာ ခြေစွမ်း အတော်လေး ပြနိုင်ခဲ့တဲ့ ပွဲလို့ ဆိုရမှာ ဖြစ်ပါတယ် ။ ”

” သူဟာ ဒီနေ့ပွဲ မှာ ကွင်းလယ်လူ နေရာ အတွက် တာဝန်ယူ ခဲ့ရပါတယ် ။ ဒါပေမယ့် တိုက်စစ် ကို ပိုတက် ကစားခဲ့ပါတယ် ။ ဒါကို အရင်က ကျွန်တော် တို့ မတွေ့ ခဲ့ရပါဘူး ။ လွန်ခဲ့တဲ့ ၉လ ကထက်စာရင် သူဟာ ဒီနေ့ပွဲ မှာ အတော်လေး စိတ်ချ ရတဲ့ အနေအထား ကို ရောက်နေပါပြီ ။ သူ့ အတွက် ကျလာတဲ့ တာဝန် ကို ကျေပွန်အောင် ကစား နိုင်ခဲ့သလို ကန်တေ မရှိတဲ့ အချိန် မှာ ခြေထိုး ဖျက်ထုတ် ဖို့ တာဝန် ကိုလည်း သူ ယူပေးခဲ့ပါတယ် ။ ”

” ချယ်လ်ဆီး အသင်း ဟာ ကစားသမားကောင်း တွေကို ပိုင်ဆိုင် ထားဆဲ ဖြစ်တာကြောင့် ဒီရာသီ က တချို့ အခိုက်အတန့် တွေမှာ အတော်လေး ထက်မြက်တဲ့ ပုံစံ တွေကို တွေ့ရဦးမှာပါ ။ ကိုဗာဆစ် ဟာလည်း ဒီလို စွမ်းဆောင်ရည် တွေ ရရှိဖို့ ပံ့ပိုးပေး နိုင်မယ့် ကစားသမားကောင်း တဦး ဖြစ်ပါတယ် ။ ” လို့ ချီးကျူး ခဲ့ပါတယ် ။

SPORTS MYANMAR