နွေရာသီ အပြောင်းအရွှေ့ ပိတ်ခါနီးမှ ချဲလ်ဆီး အသင်းကနေ အာဆင်နယ် အသင်းကို ရောက်ရှိလာတဲ့ ဘရာဇီး နောက်ခံလူ ဒေးဗစ်လူးဝဇ် က အာဆင်နယ် အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဖလား အပြင် တခြား အဓိက ဆုဖလားတွေကိုလည်း ရယူချင်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ် ။

ဒေးဗစ် လူးဝဇ်ဟာ ဘန်လေ အသင်းနဲ့ ပွဲမှာ နောက်တန်းကို အကောင်းဆုံး ဦးဆောင် နိုင်ခဲ့ပေမယ့် စနေနေ့က ကစားခဲ့တဲ့ လီဗာပူး နဲ့ ပွဲမှာတော့ အမှားတွေကျူးလွန် ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင် နေရပါတယ် ။

လီဗာပူး နဲ့ ပွဲမှာ ဒေးဗစ် လူးဝဇ် ဟာ ပင်နယ်တီ ဧရိယယာထဲမှာ ဆာလတ်ကို သိသိသာသာ အကျီင်္ ဆွဲထားတာကြောင့် ပင်နယ်တီ ပေးခဲ့ ရသလို ဆာလတ် ရဲ့ ဒုတိယ သွင်းဂိုးမှာလည်း လူးဝဇ် ဟာ ပြို င်ဘက် ကစားသမား ရဲ့ လှည့်စားမှု ကို ဟန့်တား နိုင်ခဲ့ခြင်း မရှိပါဘူး ။

ဒေးဗစ် လူးဝဇ် က ပွဲအပြီး အင်တာဗျူး တစ်ခုမှာ ” အရင်တုန်းကလို အောင်မြင်မှုတွေ ပြန်ရဖို့ ကျနော်တို့ အသင်းမှာ အခွင့်အရေး ရှိနေတယ်လို့ ထင်ပါတယ် ။ ကျနော်တို့ အသင်းမှာ အရည်အသွေးကောင်းတွေ ရှိတဲ့ ကစားသမားကောင်းတွေ အများကြီး ရှိပါတယ် ။ ဒီပွဲက ကျနော်တို့ရဲ့ အဆုံးသတ် မဟုတ်သလို အစလည်း မဟုတ်သေးပါဘူး ။ ”

” ကျနော် ဒီကို ရောက်လာတာက ပရီးမီးယားလိဂ် ချန်ပီယံဆုကြီး နဲ့ တခြား အဓိက ဖလားတွေ ရယူဖို့ အတွက် တိုက်ပွဲဝင်မယ် ဆိုတဲ့ ရည်မှန်းချက် နဲ့ ပါ ။ ကျနော် တခြား အသင်းတွေမှာ ကစားစဉ် ကလည်း ဒီလို ရည်မှန်းချက်မျိုး ထားခဲ့ပါတယ် ။ ”

” ဖလား အောင်မြင်မှုတွေ ရဖို့ကတော့ ဘယ်တော့မှ မလွယ်ကူပါဘူး ။ အရမ်း ခက်ခဲ ရုန်းကန် ခဲ့ရတဲ့ အခိုက်အတန့် တွေလည်း ရှိခဲ့ပါတယ် ။ အဆုံးသတ်မှာတော့ ကျနော် တို့ လုပ်နိုင် ခဲ့ပါတယ် ။ ”

” ဒါကြောင့် ကျနော်ကတော့ ဒီအသင်းနဲ့ အတူ အောင်မြင်မှုတွေ ရယူနိုင်ဖို့ နေ့ရက်တိုင်းကို အစွမ်းကုန် ကြိုးစား ကစားနေသလို အသင်းဖော်တွေ အားလုံးကိုလည်း ယုံကြည်မှု ရှိဖို့ အကူအညီ ပေးသွားမှာပါ ။ ဒီအသင်းက အလားအလာကောင်းတွေ အများကြီး ရှိတဲ့ အသင်းပါ ။ ”

” အပတ်တိုင်းကို အမှတ်တွေ များနိုင်သလောက် များငေ် ယူသွား ရမှာပါ ။ ဒါမှလည်း မတ် ၊ ဧပြီ ရောက်ရင် ကိုယ်ရောက်ချင်တဲ့ အဆင့်ကို ရောက် နိုင်မှာပါ ။ အသေးစိတ်ကျတဲ့ အရာလေးတွေက အစ ခြားနားမှုတွေကို ဖြစ်စေပါတယ် ။ ဒါကြောင့် ကျနော်တို့ အမှတ်များများ ရအောင် ယူထားရပါလိမ့်မယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ လာမယ့် အပတ် တနင်္ဂနွေနေ့မှာတော့ အမ်းမရိတ်မှာ ခါးသီးလှတဲ့ လန်ဒန် မြို့ခံ ပြိုင်ဘက် တော့တင်ဟမ် အသင်း နဲ့ ကစားရဦးမှာ လည်း ဖြစ်ပါတယ် ။

SPORTS MYANMAR