မန်ချက် စတာ ယူနိုက်တက် ဘယ် နောက် ခံလူ လုခ်ရှော ဟာ ပဲလေ့စ် နဲ့ ပွဲ မှာ ရရှိ ခဲ့တဲံ ဒဏ်ရာ ကြောင့် ၄ ပတ် ခန့် အနားယူ ရတော့ မှာ ဖြစ်တယ် လို့ သိရ ပါတယ် ။ ဒါကြောင့် လာမယ့် ဆောက်သမ်တန် နဲ့ ပွဲ မှာ အက်ရှ်လေယန်း က လုခ် ရှော ရဲ့ နေရာကို ၀င်ရောက် ကစား ရဖွယ် ရှိ နေတယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

စီးရီးအေ ကလပ် ဖီအိုရင်တီးနား အသင်း ဟာ မန်ချက် စတာ ယူနိုက်တက် ကွင်းလယ်လူ ဖရက်ဒ် ကို စိတ်ဝင် စား နေပြီး ပေါင် ၁၈ သန်း ဖြင့် ကမ်းလှမ်း ဖို့ ပြင်ဆင် နေတယ် လို့ သိရ ပါတယ် ။

အင်တာ မီလန် တိုက်စစ်မှုး အီကာဒီ ဟာ အသင်း မှာ ဆက်လက် ရှိနေ ဖို့ စိတ်ပိုင်း ဖြတ်ထားပြီး အလွန် များပြား တဲ့ လုပ်ခ နဲ့ ကမ်းလှမ်းမှု တစ်ခု ကို နွေရာသီ တုန်းက ငြင်းပယ် ခဲ့တယ် လို့ ဇနီးသည် ၀မ်ဒါ နာရာ က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် နောက်ခံလူ မူစတာဖီ ရဲ့ အေးဂျင့် နဲ့ ဖင် ဖြစ်သူတို့ ဟာ အာဆင်နယ် အသင်းကို ဂျာမန် သား အတွက် သတ်မှတ် ထားတဲ့ ဈေးနှုန်း ကို လျော့ချ ပေးဖို့ တောင်းဆို ခဲ့ကြတယ် လို့ သိရ ပါတယ် ။

အေစီမီလန် အသင်း ကတော့ အသက်လက်တီကို မက်ဒရစ် တောင်ပံ ကစား သမား အိန်ဂျယ် ကော်ရီယာ ကို အပြောင်း အရွှေ့ မပိတ် မချင်း ကြိုးစား သွားမယ် လို့ သိရ ပါတယ် ။ အကယ်၍ ကော်ရီယာ ဆီကနေ သတင်း ကောင်း မကြားရ ပါက ရီးရဲမက်ဒရစ် ကွင်းလယ်လူ ဟာမက် ရိုဒရီဂွက် ကို ပြောင်းလဲ ကြိုးစားကြည့် မယ် လို့ လည်း သိရ ပါတယ် ။

ရိုးမား အသင်း ကတော့ ဂျီနိုအာ နဲ့ ၃ ဂိုးစီ သရေကျ ခဲ့တဲ့ ပွဲအပြီးမှာ နောက်တန်းကို အားဖြည့် ဖို့ အတွက် ယူဗင်တပ် ခံစစ်မှုး ဒန်နီရယ် ရူဂါနီ ကို အပြောင်း အရွှေ့ မပိတ်ခင် မှာ အရ ခေါ်ယူနိုင် ဖို့ လုပ်ဆောင် နေတယ် လို့ သိရ ပါတယ် ။

အင်တာ မီလန် နဲ့ မိုနာကို အသင်း တို့ ဟာ အင်တာ ကစား သမား မာရီယို နဲ့ မိုနာကို ကစား သမား ပယ်လီဂရီ တို့ ကို အလဲ အထပ် ပြုလုပ် ဖို့ ညှိနှိုင်း ဆွေးနွေး နေကြတယ် လို့ သိရ ပါတယ် ။

ဗလင်စီယာ ရှေ့တန်းလူ ရိုဒရီဂို ဟာ လာမယ့် ၄၈ နာရီ အတွင်း မှာ မက်ဒရစ် ကို ရောက်ရှိ လာပြီး အသက်လက်တီကို မက်ဒရစ် ထံ ပြောင်းရွှေ့မှု ဖြစ်မြောက် လာဖွယ် ရှိတယ် လို့ သိရ ပါတယ် ။

ရီးရဲ ဘက်တစ် နဲ့ ပွဲ ရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင် မလာတဲ့ နောက်မှာတော့ ဘာကာ ကွင်းလယ်လူ ရာကီတစ် ရဲ့ အနာဂါတ် ဟာ မရေရာတဲ့ အခြေအနေ မှာ ရှိလာခဲ့ပြီ လို့ သတင်းတွေ ထွက်လာခဲ့ ပါတယ် ။ ခရိုအေးရှား ကွင်းလယ်လူ ကို စီးရီးအေ ထိပ်သီး ကလပ် တွေ နဲ့ PSG တို့ က စောင့်ကြည့် နေကြပါတယ် ။

ရက်ဘူးလိုက်ပ်ဇစ် အသင်း ဟာ အဓိက တိုက်စစ်မှုး တီမို ၀ါနာ ကို ၄ နှစ် သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆို လိုက်ပေမယ့် စာချုပ် ဖျက်သိမ်းကြေး ဟာ ပေါင် ၂၇ သန်းသာ ရှိတာ ကြောင့် လာမယ့် ရာသီမှာ ဘိုင်ယန် မြုးနစ် အသင်းဆီ ရောက်လာ နိုင်ကြောင်း သတင်းစာ တွေ က သုံးသပ် ရေးသား ခဲ့ကြပါတယ် ။

ဘော့ဒိုး အသင်းဟာ အာဆင်နယ် ကွင်းလယ်လူ အယ်နီ ကို စိတ်ဝင်စား နေပြီး အငှား ခေါ်ယူ နိုင်ဖို့ ကမ်းလှမ်း သွားမယ် လို့ သိရ ပါတယ် ။ အာဆင်နယ် နောက်ခံလူ နာချိုမွန်ရီရယ် ကတော့ ရီးရဲ ဆိုဆီဒက် အသင်းဆီ ရောက်ရှိ ဖို့ အလွန် နီးစပ် နေပြီလို့ သတင်း ရရှိ ပါတယ် ။

နယူးကာဆယ် ၊ ပဲလေ့စ် ၊ PSG တို့ မှာ ကစားခဲ့ ဖူးတဲ့ ပြင်သစ် ကွင်းလယ်လူ ဟောင်း ကာဘာယီ ဟာ စိန့် အက်တီယန် အသင်းဆီ အလွတ်ပြောင်းရွှေ့ ကြေး နဲ့ ရောက်ရှိ လာတော့ မယ် လို့ ကြားသိရ ပါတယ် ။

ချဲလ်ဆီး အသင်း ကတော့ နောဝှစ်ခ်ျ နဲ့ ပွဲမှာ ၂ ဂိုး သွင်းယူ ခြေစွမ်းပြ ခဲ့တဲ့ လူငယ်တိုက်စစ်မှုးလေး တမ်မီ အေဘရာဟမ် ကို တစ်ပတ် လုပ်ခ ပေါင် ၁ သိန်း နဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆို ဖို့ ကမ်းလှမ်း သွားမယ် လို့ သတင်း ကြားသိရ ပါတယ် ။

SPORTS MYANMAR