မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမားဟောင်း တစ်ဦးဖြစ်သူ ဟင်းနရစ် အမ်ခီတာယန်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရှိနေခဲ့စဥ်တုန်းက နည်းပြ ဟိုဆေးမော်ရင်ဟိုနဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ် ။

အဲ့တာကြောင့် 2018 ခုနှစ် နွေတုန်းက ယူနိုက်တက်တို့ အလက်ဆစ် ဆန်းချက်ကို အာဆင်နယ်အသင်းမှ ခေါ်ယူ ခဲ့စဥ်က အမ်ခီတာယန်းကို ပြန်လည် အလိုက်ပေးသွားဖို့ မော်ရင်ဟိုက လုပ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် တစ်ရာသီ အကြာမှာပဲ အမ်ခီတာယန်းဟာ ရိုးမား အသင်းဆီ အငှား သွားရောက် ကစားခဲ့ရ ပါတယ် ။

ရိုးမားမှာ အဆင်ပြေခဲ့တဲ့ အမ်ခီတာယန်းဟာ 2020 မှာပဲ ရောမ အခြေစိုက် ကလပ်ဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ် ။ အခုတော့ အမ်ခီတာယန်းဟာ ရောမမြေမှာ ပုံစံကောင်းတွေ ပြသရင်း အသင်းအတွက် အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်နေခဲ့ပါပြီ ။

အခြားတဖက်မှာတော့ ပြီးခဲ့တဲ့ ရာသီတုန်းက တော့တင်ဟမ် ဟော့ စပါး အသင်း ထွက်ခွာခဲ့ရတဲ့ ဟိုဆေး မော်ရင်ဟိုဟာ အခုတော့ ရိုးမား အသင်း နည်းပြ ဖြစ်လာပြီ ဖြစ်တဲ့အတွက် ရောမမြေမှာ အမ်ခီတာယန်းဟာ အဆင်မပြေတဲ့ နည်းပြဟောင်းနဲ့ အလုပ် ပြန်လုပ်ရပါတော့မယ် ။

အခုတော့ မန်ချက်စတာမြေမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေဟာ အတိတ်မှာ အတိတ်မှာ ကျန်ရစ်ခဲ့ပြီ ဖြစ်ကြောင်း အမ်ခီတာယန်း က မှတ်ချက်ပေးလိုက်ပြီး မော်ရင်ဟိုနဲ့ သူ့ရဲ့ အကြားက ဆက်ဆံရေးဟာ တကယ့်ကို ရှုပ်ထွေးလွန်းလှကြောင်း ဝန်ခံစကားပါ ပြောကြား သွားခဲ့လိုက်ပါတယ် ။

” မန်ချက်စတာမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေက အဲ့ဒီမှာပဲ ကျန်ရစ်ခဲ့ပါပြီ။ အခုတော့ ကျွန်တော်တို့ဟာ ရင့်ကျက်သူတွေ အဖြစ်နဲ့ စကားတွေ ပြောခဲ့ပြီးကြပါပြီ ။ ကျွန်တော်တို့ဟာ တူညီတဲ့ လမ်းကြောင်းကို သွားလိုသူတွေ ၊ ရိုးမား အသင်းနဲ့ အတူ ဆုဖလားတွေ ဆွတ်ခူးလိုကြသူတွေပါ ။ ဒီနှစ်အတွက် အဓိက အကျဆုံးက အဲ့တာပါပဲ ”

” စာချုပ်သစ် ချုပ်ဆိုရေးနဲ့ ပတ်သက်လို့ သံသယတော့ မရှိပါဘူး ။ အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ဖို့ အတွက် ကျွန်တော်ဟာ လန်းဆန်းတဲ့ ဦးနှောက် ပိုင်ဆိုင်ဖို့ အလိုရှိခဲ့ ပါတယ် ။ အသင်းနဲ့ တစ်နှစ် သက်တမ်း မတိုးမီ ကျွန်တော့်ကို အီတလီကရော နိုင်ငံခြားကပါ ကမ်းလှမ်းမှုတွေ ရှိခဲ့ပါသေးတယ် ။ ဒါပေမဲ့ ဒီမှာ ဆက်ရှိနေရေးကပဲ ကျွန်တော့်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ရ ပါတယ် ” လို့ အမ်ခီတာယန်း က ပြောကြားခဲ့ပြီး 2020 တုန်းက…

” ကျွန်တော့်ရဲ့ ကစားသမားဘဝ တစ်လျှောက်မှာတော့ ဟိုဆေး မော်ရင်ဟို နဲ့ ကျွန်တော့် အကြား ဆက်ဆံရေးက အရှုပ်ထွေးဆုံး ပါပဲ ။ သူဟာ winner တစ်ဦးပါ ။ သူဟာ ခင်ဗျားကိုလည်း winner ဖြစ်စေချင်နေသူ တဦးပါ ။ ဒါ့ကြောင့် သူပြောသလို လိုက်လုပ်နေဖို့ပဲ လိုအပ်ပါတယ် ။ အဲ့တာတွေ လိုက်လုပ်ဖို့ဆိုတာ လူတိုင်းအတွက် ခက်ခဲလှတယ်လေ ”

” ခြားနားချက်တွေနဲ့ ရှုပ်ထွေးမှုတွေကတော့ ရှိခဲ့တာပါပဲ ။ ကျွန်တော်တို့ဟာ ​သူပြောခဲ့တဲ့ အတိုင်း အလုပ်တွေကို ကြိုးစားခဲ့ရကြ ပါတယ် ။ ရလဒ် တစ်ခု အနေနဲ့ မန်ချက်စတာမှာ ကျွန်တော်တို့ဟာ ဆုဖလား 3 လုံး ပိုင်ဆိုင်ခဲ့ကြရတယ်လေ ” လို့ အမ်ခီတာယန်း က ပြောကြား ခဲ့ပါသေးတယ် ။