ဦးခေါင်းခွံ အက်ကွဲမှုကြောင့် ဘောလုံး မကစားရဘဲ ကာလရှည် ဆေးကုသမှု ခံယူ နေရတဲ့ ဝုဗ် တိုက်စစ်မှူး ရာအူးလ် ဂျီမီနက်ဇ် ဟာ အသင်းမှာ ပြန်လည် လေ့ကျင့်ခန်း ဆင်းနိုင်ရုံသာမက စတုတ် စီးတီး အသင်းကို ၂ – ၁ နဲ့ အနိုင် ရရှိတဲ့ ခြေစမ်းပွဲမှာ အသင်းအတွက် ဝင်ရောက် ကစားပြီး ဂိုးလည်း သွင်းယူ နိုင်ခဲ့ပြီလို့ သတင်း ကြားသိရ ပါတယ် ။

လိဒ် ယူနိုက်တက် အသင်းဟာ နော်ေ၀ ယူ-၂၁ ဂိုးသမားလေး ခရစ်စတိုဖာ ကလာဆင် ကို ခေါ်ယူလိုက်ကြောင်း ကြေညာ အသိပေး သွားခဲ့ ပါတယ် ။

 

PSG အသင်းနည်းပြ မော်ရီစီယို ပိုချက်တီနီု က သူဟာ ပြင်သစ် ကလပ် ကနေ ဒီနှစ် နွေရာသီမှာ ထွက်ခွာဖို့ စိတ်ကူးထားတယ် ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်း ငြင်းဆို သွားခဲ့ ပါတယ် ။

 

နယူးကာဆယ် အသင်းကလည်း နည်းပြ စတိဗ် ဘရုစ် ကို ၃ နှစ် စာချုပ်သစ် ကမ်းလှမ်း ထားတယ် ဆိုတဲ့ သတင်းကို အတည်ပြု ပေးဖို့ ငြင်းဆန် ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

 

ဒီကနေ့ ကစားခဲ့တဲ့ အိုလံပစ် အမျိုးသား ဘောလုံး ပွဲစဉ်တွေ မှာတော့ မက္ကဆီကို ၊ ဘရာဇီး ၊ အိမ်ရှင် ဂျပန် နဲ့ စပိန် တို့ဟာ ကွာတားဖိုင်နယ် ပွဲစဉ်တွေကို အနိုင်ရပြီး ဆီမီးဖိုင်နယ် ကို အသီးသီး တက်ရောက် သွားခဲ့ကြတယ်လို့ သိရ ပါတယ် ။

 

ဆီမီး ဖိုင်နယ် မှာတော့ မက္ကဆီကို နဲ့ ဘရာဇီး ၊ ဂျပန် နဲ့ စပိန် အသင်းတို့ ရင်ဆိုင် ကစားသွားကြ ရမှာပဲ ဖြစ်ပါတယ် ။

 

စိတ်ဝေဒနာကို ပြင်းပြင်း ထန်ထန် ခံစား နေရတာကြောင့် ဘက်စုံ ကျွမ်းဘားပြိုင်ပွဲ နဲ့ အသင်းလိုက် ပြိုင်ပွဲ နောက်ဆုံး အဆင့်တွေကို ပါဝင် မကစားဘဲ အသင်းကနေ နှုတ်ထွက် ခဲ့တဲ့ အမေရိကန် ကျွမ်းဘား စတား ဆိုင်မွန် ဘိုင်းစ် ဟာ နောက်ထပ် ကျွမ်းဘား ပြိုင်ပွဲ ၂ မျိုး ( Uneven bars and Vault ) ရဲ့ နောက်ဆုံး ဖိုင်နယ် ပွဲစဉ်တွေ မှာလည်း ပါဝင် မကစားဘဲ နှုတ်ထွက် သွားခဲ့တယ်လို့ သိရပါတယ် ။

 

ဒါပေမယ့် အသက် ၂၄ နှစ် အရွယ် ဆိုင်မွန် ဟာ Beam and Floor အမျိုးအစားမှာတော့ ပြန်လည် ယှဉ်ပြိုင်ဖို့ ရှိနိုင်တယ်လို့ သတင်း ကြားသိရ ပါတယ် ။

 

ဆီမီးဖိုင်နယ် မှာ ရှုံးနိမ့်ပြီး အိုလံပစ် ရွှေတံဆိပ်ဆု နဲ့ လွဲချော် ခဲ့ရတဲ့ ကမ္ဘာ့ အဆင့် ၁ တင်းနစ် သမား နိုဗက် ဂျိုကိုဗစ် ဟာ တတိယ နေရာလုပွဲမှာလည်း စပိန် ကစားသမား ပါဘလို ကာရီနို ဘတ်စတာ ကို ထပ်မံ အရေးနိမ့်ပြီး ကြေးတံဆိပ် နဲ့ပါ လွဲချော် ခဲ့တယ်လို့ သိရှိရ ပါတယ် ။

 

အလက်ဇန်းဒါး အာနိုး ကို စာချုပ်သက်တမ်းတိုး ချုပ်ဆို အပြီးမှာတော့ လီဗာပူး အသင်းဟာ မိုဟာမက် ဆာလာ ၊ ဆာဒီယို မာနေး အပါအဝင် ကစားသမား ၆ ဦးကို စာချုပ်သစ် ချုပ်ဆိုဖို့ အစီအစဉ် ရေးဆွဲ နေတယ်လို့ သတင်း ရရှိ ပါတယ် ။

 

လီဗာပူး အသင်းရဲ့ ဂန္ထဝင် နောက်ခံလူ ဂျေမီ ကာရေဂါ က အသင်း အနေနဲ့ ဒဏ်ရာ ကနေ ပြန်လည် သက်သာ လာတဲ့ ခံစစ်မှူးကြီး ဗာဂျယ် ဗန်ဒိုက် ကို အလျှင်စလို အသုံးမပြုဖို့ သတိပေးရင်း နယ်သာလန် ခံစစ်မှူး ရဲ့ ကြံ့ခိုင်မှုကို အပြည့်အ၀ ပြန်လည် ရရှိအောင် အချိန်ပေး လုပ်ဆောင်သင့်ကြောင်း ပြောဆို အကြံပြု သွားခဲ့ ပါတယ် ။

LIVERPOOL, ENGLAND – NOVEMBER 30:Virgil Van Dijk of Liverpool celebrates scoring his teams first goal during the Premier League match between Liverpool FC and Brighton & Hove Albion at Anfield on November 30, 2019 in Liverpool, United Kingdom. (Photo by Chloe Knott – Danehouse/Getty Images)

 

အဲဗာတန် ကွင်းလယ်လူ ဟာမက် ရိုဒရီဂွက် ဟာ အသစ် ရောက်ရှိ လာတဲ့ နည်းပြ ရာဖေး ဘင်နီတက် ရဲ့ အစီအစဉ်တွေ ထဲမှာ မပါရှိတာကြောင့် အသင်းပြောင်းဖို့ စိတ်ကူး ရှိနေ ပေမယ့် အသင်းဟောင်း ရီးရဲ မက်ဒရစ် ကို ပြန်သွားဖို့တော့ စိတ်ကူး မရှိဘူးလို့ ကြားသိရ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် လူငယ်လေး ဒီရွှန် ဘားနတ် ဟာ အသင်းနဲ့ ကာလရှည် စာချုပ် ချုပ်ဆို ခဲ့ပြီး ချန်ပီယံရှစ် ကလပ် ဟူးစီးတီး ထံ တစ်ရာသီ အငှားနဲ့ ထွက်ခွာ သွားတယ်လို့ သတင်း ရရှိ ပါတယ် ။

 

အိုလံပစ် ရွက်လှေ ပြိုင်ပွဲဝင် နယ်သာလန် ကစားသမား ကီရန် ဘတ်လိုး ဟာ နာမည်ကျော် ကာတွန်းရုပ်ပြ Avater : The Last Airbender ထဲက လေကို ထိန်းချုပ် စေညွှန်းနိုင်တဲ့ အဓိက ဇာတ်ကောင်ရဲ့ ဦးခေါင်းမှာ ပါရှိတဲ့ မြားပုံစံ အတိုင်း သူ့ရဲ့ ဆံပင်ကို ပုံဖော် ကာ စိတ်ဓါတ်ခွန်အား ရယူ ခဲ့တယ်လို့ သိရ ပါတယ် ။ ဘတ်လိုး ဟာ ရွက်လှေပြိုင်ပွဲရဲ့ RS:X အမျိုးအစားမှာ ရွှေတံဆိပ်ဆု ကို ဆွတ်ခူး သွားခဲ့တယ်လို့ သိရ ပါတယ် ။

 

SPORTS MYANMAR