ပရီးမီးယားလိဂ်ရာသီသစ် စတင်တာ ပွဲစဉ် ၃ပွဲသာပြီးဆုံးသေးပေမယ့် ချန်ပီယံ ဆုအတွက် ပြေးလမ်းမှာ မန်စီးတီး၊ လီဗာပူးတို့ ကိုလိုက်မီနိုင်ဖို့ ခက်ခဲနေပြီ ဖြစ်တယ်လို့ စပါး အသင်းရဲ့အဓိက တိုက်စစ် ကစားသမား ဟယ်ရီကိန်းက ဝန်ခံသွားခဲ့ပါတယ်။

စပါး အသင်း ဟာ အခုအပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့လို့ အဖွင့်၃ ပွဲ အပြီးမှာပဲ ရှုံးပွဲကြုံတွေ့လိုက်ရပြီဖြစ်ပါတယ်။အဖွင့်ပွဲမှာ ဗီလာအသင်းကိုအနိုင်ရခဲ့ပေမယ့် ဒုတိယပွဲမှာ မန်စီးတီးနဲ့ သရေကျထားခဲ့တာကြောင့် အခုချိန်မှာတော့ ဦးဆောင်သူ လီဗာပူး အသင်းနဲ့ ၅မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

ဒီအတွက် လည်း စိတ်ပျက်နေပြီ ဆိုတဲ့ အကြောင်းကို ဟယ်ရီကိန်းက ဝန်ခံသွားခဲ့တာဖြစ်ပါတယ်။အင်တာဗျူးတခုမှာ ဟယ်ရီကိန်းက – ” ဒီရာသီ မစခင်တုန်းက ကျွန်တော်ပြောခဲ့ဖူးတာတခုရှိပါတယ်။ချန်ပီယံပြေးလမ်းမှာ အခြားပြိုင်ဘက်တွေနဲ့ အတူတူ ဆက်ရှိနေနိုင်ဖို့ ၂လ ၃လ လောက် အမှတ်မလျော့အောကင်လုပ်ရမယ်ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။

အခုတော့ စိတ်ပျက်စရာရာသီအစမျိုးဖြစ်ခဲ့ ပါတယ်။ဒါပေမယ့် ရှေ့ဆက်စရာတော့ ခရီးရှည်ကြီး ရှိနေပါသေးတယ်။အဖွင့် ပွဲစဉ်တုန်းကဆိုရင် လီဗာပူးက သောကြာညမှာ အနိုင်ရခဲ့သလို မန်စီးတီး အသင်းက စနေ နေ့ အစောပိုင်းပွဲမှာအနိုင်ရခဲ့ပါတယ်။ဒါကြောင့်လည်း ကျွန်တော်တို့ အိမ်ကွင်းမှာ ကျိန်းသေအနိုင်ရဖို့ လိုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒုတိယမြောက် အိမ်ကွင်းပွဲစဉ်မှာပဲ အရေးနိမ့်ခဲ့လို့ စိတ်ပျက်မိပါတယ်။ဒါပေမယ့် အကြာကြီးရှေ့ဆက်ရဦးမှာဖြစ်သလို ပွဲကြီးတွေလည်း ရှေ့မှာ ရှိနေပါသေးတယ်။ဒါကြောင့်လည်း အဲ့ဒီလို ပွဲကြီးတွေ မှာအမှတ်ရအောင် ယူနိုင်ဖို့ လိုပါတယ်။

အဖွင်ပွဲမှာ နိုင်ပွဲရခဲ့ပြီး မန်စီးတီးလိုအသင်းကို သရေကျခဲ့တာဟာ ကောင်းပေမယ့် ရာသီကုန်မှာ မြင့်မားတဲ့ အဆင့်ကို ရောက်ရှိဖို့ တိုးတက်အောင်လုပ်ရတော့မှာဖြစ်ပါတယ်။အိမ်ကွင်းပွဲစဉ်တွေဆိုတာအနိုင်ရသင့်ပါတယ်။

အခုဆိုရင်နောက်လာမယ့် ပွဲမှာ ပွဲကြီးတပွဲဆင်နွှဲရဦးမှာ ဖြစ်လို့လည်း ဒီအကြောင်းကို တွေးထားပြီး ဘယ်လိုတိုးတက်မှုတွေ ရအောင်လုပ်နိုင်တယ်ဆိုတာမြင်အောင်ကြည့်ပြီး အဲ့ဒီပွဲကို သွားကစားရတော့မှာဖြစ်ပါတယ်။ကျွန်တော်တို့ ကွင်းကို လာကစားတဲ့ပြိုင်ဘက်တွေဟာဂိုးစောစောရတတ်လို့ ဒါကိုခုခံပြီးသူတို့ မလွယ်အောင်လုပ်သွားရမှာဖြစ်ပါတယ်။

ဒီလို လုပ်ဖို့အတွက် လည်း ဖြေရှင်းချက်တွေ ရှိဖို့လိုပါတယ်။ကျွန်တော်တို့ကတော့ ပွဲကို ၁-၀ ၊ ၂-၀ ဂိုးတွေနဲ့ ဦးဆောင်သွားချင်တာတော့ အမှန်ပါပဲ။ပြီးရင် လည်း အဲ့ဒီလိုရလဒ်မျိုးနဲ့ ပဲ ပွဲကို ပြီးဆုံးချင်တာဖြစ်ပါတယ်။ဒါပေမယ့် အခက်အခဲတွေ ရှိနေချိန်မှာတော့ တွေးထားသလိုအမြဲမဖြစ်နိုင်ပါဘူး။

ပြိုင်ဘက်အသင်းရဲ့ ကွင်းဘက်အခြမ်းမှာအခက်ကြုံရပြီဆိုရင် အဖြေတွေ ပိုရှာတွေ့နိုင်ဖို့လိုပါတယ်။ ဒါဟာကျွန်တော်တို့ အားလုံးအတွက်ဖြစ်ပါတယ်။ဒီလိုလုပ်နိုင်ဖို့ အတွက် လည်းကြိုးစားသွားရမှာ ဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

လာမယ့် ပွဲမှာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမယ့် မြောက်လန်ဒန်ဒါဘီ ပွဲအပေါ် ဟယ်ရီကိန်းက – ” နိုင်ငံတကာ ပွဲစဉ်တွေ ဆီကို ကလပ်အသင်းအတွက် သရေ သို့မဟုတ် အရှုံး ကစားပေးပြီး ဘယ်သူမှ မသွားချင်ကြပါဘူး။မြောက်လန်ဒန် ဒါဘီဆိုတာကတော့ ပွဲကြီးပွဲကောင်း တပွဲဆိုတာတော့ အမှန်ပါပဲ။

တကယ်လို့ ကျွန်တော်တို့အနိုင်ရခဲ့ရင် အဖွင့် ၄ ပွဲမှာ ပိုပြီးတောက်ပတဲ့ရလဒ်မျိုးတွေ ရခဲ့တယ်လို့ဖြစ်စေနိုင်ပါတယ်။လွယ်မှာမဟုတ်ပေမယ့် အသင့်ဖြစ်နေဖို့ ကျိန်းသေပြင်ဆင်ထားရမှာဖြစ်ပါနယ်။အဲ့ဒီပွဲအတွက်လုပ်စရာအလုပ်တွေကတော့ အများကြီးရှိနေတုန်းပါပဲ ” လို့ပြောသွားခဲ့ပါတယ်။

SM