လီဗာပူး အသင်းဟာ ယခု နွေရာသီ အပြောင်းအရွေ့မှာ အေဗရာဟီမာကိုနာတေးကို RB လိုက်ပ်ဇစ် အသင်းထံမှ ပေါင် ၃၄ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် ဈေးကွက်ထဲမှာ ငြိမ်သက်လျက် ရှိနေပါတယ်။ လီဗာပူး ကစားသမားဟောင်းတွေနဲ့ Pundit အများစု ကတော့ ယာဂန်ကလော့ အနေနဲ့ လာမည့် ရာသီ အဓိက ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ အတွက် ကွင်းလယ်နဲ့ တိုက်စစ်မှာ အင်အားဖြည့်တင်းမှုတွေ လုပ်သွားရလိမ့်မယ်လို့ သတိပေးနေကြပါတယ်။

လီဗာပူးဟာ လက်ရှိမှာ အက်သလက်တီကိုရဲ့ ဆာအူးနီဂွက် ၊ လက်စတာရဲ့ တီလမန်း ၊ ဆာဆူအိုလိုရဲ့ လိုကာတယ်လီ စတဲ့ သူတွေနဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း သိသာတဲ့ လှုပ်ရှားမှုကိုတော့ မတွေ့ရပါဘူး။ လီဗာပူး ဘယ်နောက်ခံလူဟောင်း ဟိုဆေးအန်နရီကေး ကတော့ လိုင်လီ အသင်းရဲ့ ကွင်းလယ်လူ ရီနာတိုဆန်းချက်ဟာ ယာဂန်ကလော့ရဲ့ အသင်း အတွက် အရမ်း ကောင်းတဲ့ ကစားသမား ခေါ်ယူမှု ဖြစ်လာလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ရီနာတိုဆန်းချက်ဟာ ဘိုင်ယန်မြူးနစ် အသင်းမှာ အောင်မြင်မှု မရခဲ့ပေမယ့်လည်း လီဂူးဝမ်း မှာတော့ ၎င်းရဲ့ ကစားသမား ဘ၀ ပြန်လည် တောက်ပလာခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက လိုင်လီအသင်းကို လီဂူးဝမ်း အမှတ်ပေးဖလား ရအောင် ကူညီပေးနိုင် ခဲ့ပါတယ်။ ဒါပေမယ့် ၎င်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်း ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ၂ ပွဲ ပွဲထွက်ခွင့် ရခဲ့ကာ ၂ ပွဲ လူစားဝင် ကစားခဲ့ပါတယ်။

ဒီအတွက်ကြောင့်လည်း ပေါ်တူဂီ ကွင်းလယ်လူကို ကလပ် အသင်းပေါင်းများစွာက စိတ်ဝင်စားမှု ပြသနေပြီး လိုင်လီ အသင်းဘက်ကလည်း ဘဏ္ဍာရေးပိုင်းဆိုင်ရာ အခက်အခဲကြောင့် သင့်တော်တဲ့ ပြောင်းရွေ့ကြေးသာ ရခဲ့မယ် ဆိုရင် လက်လွှတ် သွားဖို့ အသင့် ဖြစ်နေပါတယ်။

အန်နရီကေးက “ရီနာတိုဆန်းချက်ဟာ ကျွန်တော် အနည်းငယ် သတိထား စောင့်ကြည့်မိတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့အဆင့် ကစားသမား တစ်ဦး ဖြစ်လာဖို့ အတွက် အလားအလာကောင်း ရှိနေသူပါ။ သူဟာ အရမ်း ငယ်သေးတဲ့ အချိန်မှာ ဘိုင်ယန်မြူးနစ်လို အရမ်းကို ကြီးကြယ်တဲ့ ကလပ်ကို ပြောင်းရွေ့ ခဲ့ပါတယ်။ တစ်ခါတစ်ရံ ဒီလို အပြောင်းအရွေ့မျိုးဟာ လူငယ် ကစားသမားတွေ အတွက် ကိုင်တွယ် ဖြေရှင်းရ ခက်ခဲပါတယ်။

ဒါပေမယ့် လက်ရှိ အချိန်ဟာ သူ့အတွက် အသင်းကြီး တစ်သင်းကို ပြောင်းရွေ့ကာ ကစားသမား ဘ၀ နောက်တဆင့်ကို တက်လှမ်းဖို့ အတွက် အချိန်ကောင်း ဖြစ်နိုင်ပါတယ်။ သူဟာ လိုင်လီ အသင်းနဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်တော့တာကြောင့် ဈေးသိပ်များဖို့ မရှိဘဲ ဒါဟာ လီဗာပူး အတွက် ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှု တစ်ခု ဖြစ်လာနိုင် ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ သူ့ကို ရှင်းရှင်းလင်းလင်း အသိပေးသွားဖို့ လိုအပ်တာ ရှိပါတယ်။ ဟန်ဒါဆန် တီယာဂို နဲ့ ဖာဘင်ညို တို့ဟာ လက်ရှိမှာ လီဗာပူးရဲ့ ကွင်းလယ်လယ်မှာ ပွဲထွက် ကစားသမားတွေ ဖြစ်တာကြောင့် နေရာရဖို့ အတွက် တိုက်ပွဲဝင်သွားရမယ် ဆိုတာကို သူသိနေဖို့ လိုအပ်ပါတယ်။ အကယ်၍ သူသာ ဒါကို လက်ခံနိုင်ခဲ့မယ် ဆိုရင် စာချုပ် တစ်နှစ်သာ ကျန်တော့မယ့် ဒီလို အရည်အသွေးမြင့် ကစားသမားမျိုးကို လီဗာပူးတို့ ခေါ်ယူသွားရမှာပါ။ ကျွန်တော် ကတော့ သူဟာ လီဗာပူး အတွက် အရမ်း ကောင်းတဲ့ ကစားသမား ခေါ်ယူမှု တစ်ခု ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။