messi vs ronnaldo

ဆက်​ဘတ္တလာဟာ ဖီဖာဥက္ကဋ္ဌ အဖြစ်​ မရှိ​တော့ ​ပေမယ့်​လည်း ​ဘောလုံး ​လောကနဲ့ ကင်းကွာ​နေခြင်း​တော့ မရှိပါဘူး။ လက်​ရှိမှာဆိုရင်​လည်း ဘတ္တလာဟာ လီယွန်​နယ်​မက်​ဆီ နဲ့ ​ခရစ်​စတီယာနို​ရော်​နယ်​ဒို တို့ရဲ့ ပြိုင်​ဆိုင်​မှု ကြားကို ဝင်​​ရောက်​ လာခဲ့ပါတယ်​။ ​ဘောလုံး​လောကရဲ့ အမြင့်​ဆုံး ရာထူးက​နေ အနားယူ ခဲ့ပြီး​နောက်​ ဘတ္တလာဟာ သူ့ဘဝရဲ့ အကြီးကြယ်​ဆုံး အခိုက်​အတန့် အချို့ ကို ချပြသွား ခဲ့တဲ့ အပြင်​ မက်​ဆီနဲ့ ​ရော်​နယ်​ဒို တို့ကို နှိုင်းယှဉ်​ ခဲ့မှု​ကြောင့်​ ရီးရဲယ်​မက်​ဒရစ်​ ဥက္ကဋ္ဌ ဖ​လော်​ရန်​တီနီု ပီရက်​ဇ်​ရဲ့ ​ဒေါသထွက်​ခြင်းကို ခံခဲ့ရ​ကြောင်း ထုတ်​​ဖော်​ ခဲ့ပါတယ်​။

ဘတ္တလာက “​အောင်​စဖို့ဒ်​ရဲ့ conference တစ်​ခုမှာ ကျွန်​​တော်​ ​ကျောင်းသား​တွေကို ​ပြောခဲ့တာပါ။ သူတို့ နှစ်​ဦးဟာ အရမ်းကို ထူးချွန်​ကြပြီး မက်​ဆီဟာ မိခင်​တိုင်းရဲ့ အိမ်​မက်​ က​လေးငယ်​ဖြစ်​ပြီး ​ရော်​နယ်​ဒိုဟာ စက်​ရုပ်​ဆန်​ဆန်​ လူသားတစ်​ဦး ဖြစ်​တယ်​လို့ပါ။ ခရစ်​စတီယာနို​ ဟာ ဒီစကားကို လုံးဝ မ​ပျော်​မရွှင်​ ဖြစ်​ခဲ့ပြီး ရီးရဲယ်​မက်​ဒရစ်​ ဥက္ကဋ္ဌ ပီရက်​ဇ်​ ကလည်း ဒီအတိုင်း ပါပဲ။ ပီရက်​ဇ်​ က “ခင်​​​ဗျားဟာ ရီးရဲယ်​မက်​ဒရစ်​ ရဲ့ ဂုဏ်​ထူး​ဆောင်​ ပုဂ္ဂိုလ်​ ဖြစ်​​ပေမယ့်​ ခင်​​ဗျား ဘာလို့ ဒီလို ​ပြောထွက်​တာလဲ” လို့ ကျွန်​​တော့်​ကို ​ဒေါသတကြီး ​ပြောခဲ့ပါတယ်​။

ဒါဟာ ကစားသမား​တွေ အ​ပေါ် ကိုယ့်​ရဲ့ ပုဂ္ဂိုလ်​​ရေး ခံစားချက်​ လို့ ကျွန်​​တော်​ သူ့ကို ​ပြောခဲ့ပါတယ်​။ သူဟာ ဒါကို ပိုမို ​ဒေါသထွက်​သွား ခဲ့ပြီး ကျွန်​​တော့်​ အ​နေနဲ့ ကိုယ်​စကားလုံးကို ကိုယ်​ပြန်​ရှင်း သင့်​တယ်​လို့ ပြန်​​ပြော ခဲ့ပါတယ်​။ အဲဒီ​နောက်​ သိပ်​မကြာမီ ကျွန်​​တော်​တို့ ဘလွန်းဒီ​အောဆု အတွက်​ ​ရွေးချယ်​ ခဲ့ကြပြီး ခရစ်​စတီယာနို ဆုရခဲ့ပါတယ်​။ ​ဘောလုံးမှာ ဒီလိုမျိုး အရူးအမူး ဖြစ်​တာ​တွေ ရှိပါတယ်​။” လို့ ဆိုသွားပါတယ်​။

ရီးရဲယ်​မက်​ဒရစ်​ ဥက္ကဋ္ဌ ​ဖ​လော်​ရန်​တီနို ပီရက်​ဇ်​ က​တော့ သူတို့အသင်းဟာ ​ရော်​နယ်​ဒို ထွက်​ခွာ သွားပြီး​နောက်​ပိုင်း ဘယ်​လို အခက်​အခဲ​တွေ ကြုံ​တွေ့ ခဲ့ရတယ်​လို့ ထုတ်​​ဖော်​ သွားခဲ့ပါတယ်​။

ပီရက်​ဇ်​က “သူဟာ စိန်​​ခေါ်မှု အသစ်​​တွေ ရှာ​ဖွေ ချင်​​နေခဲ့တယ်​ဆိုတာ ရှင်းလင်းပါတယ်​။ သူဟာ ချန်​ပီယံလိဂ်​ဖိုင်​နယ်​ အပြီးမှာ ဒီအခိုက်​အတန့်​ကို အသုံးချ ခဲ့တာပါ။ ဒါ​ပေမယ့်​ သူဟာ ဒီကိစ္စကို အဲဒီမတိုင်​မီ ကတည်းက စဉ်းစား ထားပြီးသား ဖြစ်​မှာပါ။ သူဟာ ရီးရဲယ်​မက်​ဒရစ်​ မှာ ရှိ​နေခဲ့တဲ့ ကိုးနှစ်​တာ ကာလအတွင်း ဘာပြသနာမှ မဖန်းတီး ခဲ့ပါတယ်​။ စ​ရောက်​လာကတည်းက​ကော ထွက်​သွားချိန်​မှာ​ကောပါ။ ကျွန်​​တော်​က​တော့ သူဟာ ကျွန်​​တော်​ ​ခေါ်ယူခဲ့တဲ့ ကစားသမား​တွေ ထဲမှာ အ​ကောင်းဆုံး ​ခေါ်ယူမှူလို့ ထင်​ပါတယ်​။

ကျွန်​​တော်​ သူနဲ့ အ​ကောင်းဆုံး ဆက်​ဆံ​ရေး ရှိပါတယ်​။ ကျွန်​​တော်​ သူနဲ့ ဘာပြသနာမှ မရှိခဲ့ပါဘူး။ ပိုက်​ဆံ ကိစ္စနဲ့ ပက်​သက်​ပြီး​တောင်​ မရှိခဲ့ပါဘူး။ ကျွန်​​တော်​တို့ သူ့ရဲ့ tax ကိစ္စကိုလည်း ဘယ်​​တော့မှ မ​ပြောခဲ့ပါဘူး။” လို့ ဆိုသွားပါတယ်​။

SM