ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနှစ်မှာတော့ နှစ်ရာသီဆက် ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိပါတော့မယ် ။ ဒီအတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူနိုက်တက်တို့ ယူရို ပါလိဂ် ဖလား မရခဲ့တာက ကောင်းတယ်လို့ ပြောရမလို ဖြစ်နေခဲ့ရပါပြီ ။

ဘာဖြစ်လို့လဲ ဆိုတော့ ယူရိုပါလိဂ် ဖလား မရရှိခဲ့တဲ့ ယူနိုက်တက်တို့ဟာ မဲအိုး နံပါတ် 2 မှာ ရှိနေခွင့် ပိုင်ဆိုင်မှာ မို့လို့ပဲ ဖြစ်ပါတယ် ။ ယူနိုက်တက်ကို အနိုင် ကစားပြီး ယူရို ပါလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ဗီလာ ရီးယဲ အသင်း ကတော့ မဲအိုး နံပါတ် 1 မှာ ပါဝင်သွားမှာပဲ ဖြစ်ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အခုလို မဲအိုး နံပါတ် 2 မှာ ရောက်ရှိ ခဲ့တဲ့ ယူနိုက်တက် တို့ဟာ ခက်ခဲတဲ့ ပြိုင်ဖက်ကြီးတွေနဲ့ တူညီတဲ့ အုပ်စုတစ်ခုထဲမှာ ကျရောက် နိုင်ခြေ နည်းပါးသွား ပါပြီ ။ ယူနိုက်တက် တို့နဲ့ အတူ မဲအိုး နံပါတ် 2 မှာ ပါဝင်နိုင်ခြေ ရှိတဲ့ အသင်းတွေ ကတော့ ရီးယဲ မက်ဒရစ် ၊ ဘာစီလိုနာ ၊ PSG ၊ ဂျူဗင်တပ် ၊ ဆီဗီးလား ၊ ဒေါ့မွန် ၊ လီဗာပူး အသင်းတို့ပဲ ဖြစ်ကြ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် အပြင် ပရီးမီးယားလိဂ် ခါးသီးပြိုင်ဖက် ဖြစ်တဲ့ လီဗာပူး အသင်းဟာလည်း ဥရောပ ရဲ့ အကောင်းဆုံး အသင်းတွေနဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ ရင်ဆိုင် ရမှာ မဟုတ်တော့ ပါဘူး ။ မဲအိုး နံပါတ် 1 မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး နဲ့ ချန်ပီယံလိဂ် ချန်ပီယံ ချဲလ်ဆီးတို့ ပါဝင် သွားမှာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ မန်စီးတီး နဲ့ ချဲလ်ဆီး တို့ဟာ ပရီးမီးယားလိဂ် ပြိုင်ဖက်တွေ ဖြစ်ကြတဲ့ အတွက် ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ စည်းမျဥ်း အရ ယူနိုက်တက်ဟာ သူတို့တွေနဲ့ တူညီတဲ့ အုပ်စု တစ်ခုအတွင်း ကျရောက်မှာ မဟုတ်တော့ ပါဘူး ။ ဒါ့ကြောင့် မဲအိုး နံပါတ် 1 မှ ဗီလာ ရီးယဲ ၊ အက်သလက်တီကို မက်ဒရစ် ၊ အင်တာ မီလန် ၊ ဘိုင်ယန် မြူးနစ် ၊ စပို့တင်း လစ္စဘွန်း နဲ့ လိုင်လီ အသင်းတွေဟာ ယူနိုက်တက် နဲ့ အုပ်စု တစ်ခုထဲ ကျရောက် နိုင်ခြေ ရှိနေကြ ပါတယ် ။

မဲအိုး နံပါတ် 3 မှာတော့ ပေါ်တို ၊ အေဂျက်ဇ် ၊ RB လက်ပ်ဇစ် ၊ အတ္တလန္တာ နဲ့ ဇင်းနစ် အသင်းတွေ သေချာပေါက် ရှိနေကြပါ လိမ့်မယ် ။ ဒါ့အပြင် အေစီ မီလန် ၊ ဝုဖ်ဘတ် ၊ ဒိုင်နမို ကိဗ် ၊ ဘက်ဆစ်တပ် နဲ့ ကလပ်ဘရုဂ် အသင်းတွေဟာ ခြေစစ်ပွဲမှ ထွက်ပေါ်လာမဲ့ ရလဒ်တွေ အပေါ် မူတည်ပြီး မဲအိုး နံပါတ် 3 ထဲ ကျရောက်နိုင်ခြေ ရှိနေကြပါတယ် ။ သူတို့တွေလည်း ယူနိုက်တက်နဲ့ အုပ်စု တစ်ခုထဲ ရောက်နိုင်ခြေ ရှိနေကြ ပါတယ် ။

ခြေစစ်ပွဲ ရလဒ် အပေါ် မူတည်ပြီး ချန်ပီယံလိဂ် ကစားခွင့် ရရှိနိုင်မယ့် အသင်း စာရင်းထဲမှာ PSV ၊ ရိန်းဂျား ၊ ရှက်တာ ဒိုးနက်စ် ၊ ဘင်ဖီကာ ၊ ဆဲလ်တစ် နဲ့ ဂါလာတာစာရေး အသင်း တွေလည်း ပါဝင် နေပါသေးတယ် ။ ဒါ့ကြောင့် ဒီလ အတွင်း ကစားကြမယ့် ခြေစစ်ပွဲတွေ မပြီးမချင်း မဲအိုး နံပါတ် 3 နဲ့ 4 တွေမှာ ဘယ် အသင်းတွေ ပါဝင်မလဲ ဆိုတာ တိတိကျကျ ပြောလို့ မရနိုင်သေးပါဘူး ။

ဘယ်လိုပဲ ဖြစ်နေပါစေ ၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မဲအိုး နံပါတ် 2 ထဲ အကောင်းဆုံး ဥရောပ ပြိုင်ဖက် အသင်း တွေနဲ့ ရှိခွင့် ရမှာ ဖြစ်သလို တစ်နိုင်ငံ ထဲက မဟာ ပြိုင်ဖက် တွေနဲ့လည်း အုပ်စု တစ်ခုအတွင်း အတူတကွ ကျရောက်မှာ မဟုတ်တဲ့အတွက် အုပ်စုချောင်နိုင်ခြေ များပြားနေပါတယ် ။