နွေရာသီ အားလပ်ရက် ကနေ ပြန်လာခဲ့ပြီးနောက် တော့တင်ဟမ်စတား ဟယ်ရီကိန်းဟာ ယနေ့မနက် လေ့ကျင့်ရေး အစီအစဉ် အတွက် ကလပ်အသင်းထံ report လုပ်ဖို့ ပျက်ကွက် ခဲ့တယ်လို့ သိရပါတယ်။ ယခု နွေရာသီမှာ စပါး ကနေ ထွက်ခွာလိုတယ်လို့ ပွင့်ပွင့်လင်းလင်း အသိပေးထားခဲ့ကာ မန်စီးတီးရဲ့ အသဲအသန် ချိတ်ဆက်မှုကို ခံနေရတဲ့ အင်္ဂလန် အသင်းခေါင်းဆောင်ဟာ ၎င်းရဲ့ short holiday အပြီး ယနေ့မနက်မှာ ကလပ်ရဲ့ လေ့ကျင့်ရေးကွင်းကို ပြန်လာရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Sky Sports ရဲ့ ဖော်ပြချက် အရ ကိန်းဟာ ရာသီကြို လေ့ကျင့်ရေး အစီအစဉ် မပြုလုပ်မီ Covid Tests စစ်ဆေးရမယ့် စပါးရဲ့ Enfield Training Centre ကို ရောက်မလာခဲ့ဘူးလို့ သိရပါတယ်။ အီတလီ ဂျာနယ်လစ် ဖာဘရီစီဇီယို ရိုမာနိုရဲ့ ဖော်ပြချက် အရ ကတော့ ကိန်းဟာ ယခု နွေရာသီမှာ ၎င်းကို စပါး ကနေ ထွက်ခွာခွင့် ပေးမယ် ဆိုတဲ့ ‘gentlemans’s agreement’ ရှိထားခဲ့တယ်လို့ သိရပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဒ့ါအပြင် လေ့ကျင့်ရေး အစီအစဉ်ကို ရောက်မလာခဲ့ခြင်းဟာ ကိန်းရဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ သိရပြီး ဒီလို ပျက်ကွက်တာဟာ ကိုဗစ် နဲ့ ဆက်စပ်မှု မရှိဘူးလို့ နားလည် ရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖော်ပြချက်တွေ အရ ကိန်းဟာ ပက်ဂွာဒီယိုလာရဲ့ အသင်းထံ ပြောင်းရွေ့လိုကြောင်း ကလပ်အသင်းထံ အသိပေး ပြောဆိုတော့မယ်လို့ သိရပြီး အီတီဟတ် ကလပ်ဟာ အက်စတွန်ဗီလာရဲ့ ဂျက်ဂရီလစ်ချ်ကိုလည်း ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူနိုင်ရန် နီးစပ် နေပါတယ်။

ကိန်းဟာ သူ့ရဲ့ အင်္ဂလန် အသင်းဖော်နဲ့ အတူ အီတီဟတ်ကို ပြောင်းရွေ့ချင်နေပေမယ့်လည်း ဒန်နီရယ်လီဗီ ကတော့ ကလပ် နဲ့ စာချုပ် ၃ နှစ် ကျန်နေသေးတဲ့ ကိန်း အတွက် ပေါင်သန်း ၁၅၀ အောက် ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစား သွားမှာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထား ခဲ့ပါတယ်။ စီးတီးဟာ ပြီးခဲ့တဲ့ နှစ်က ဆာနေးကို ဘိုင်ယန်မြူးနစ် အသင်းထံ ရောင်းချခဲ့ခြင်း အတွက် ပေါင် ၄၅ သန်း ရထားခဲ့ပြီး ဒီနွေရာသီ မှာလည်း ကစားသမား တစ်ချို့ကို ရောင်းထားခဲ့ရာမှ ပေါင်သန်း ၅၀ ပတ်ဝန်းကျင် ရှာနိုင်ခဲ့ပါတယ်။

ဒါ့အပြင် စီးတီးဟာ နောက်ထပ် ကစားသမား တစ်ချို့ကို ရောင်းချသွားဖို့ ရှိနေပြီး လက်ရှိမှာ ဘာနာဒိုဆေးလ်ဗားက ကလပ်ကနေ ထွက်ခွာရန် ရေပန်းစားနေပါတယ်။ ဒါပေမယ့် အသက် ၂၈ နှစ် အရွယ် ကိန်းအတွက် ပေါင်သန်း ၁၅၀ ဆိုတဲ့ ပမာဏဟာ များပြားလွန်းတယ်လို့ စီးတီးဘက်က ယူဆနေပြီး ဂွာဒီယိုလာ ကလည်း ကလပ်ဟာ ဒီလောက် များပြားတဲ့ ငွေကြေး ပမာဏကို မတက်နိုင်ဘူးလို့ ဆိုထားခဲ့ပါသေးတယ်။

စပါး အတွက် ၃၃၅ ပွဲမှာ ၂၂၀ ဂိုး သွင်းယူထားခဲ့တဲ့ ကိန်းဟာ ယူရိုပြိုင်ပွဲ မတိုင်မီ ဂယ်ရီနဗီးနဲ့ အင်တာဗျူးမှာ ဆုဖလားတွေ ဆွတ်ခူးနိုင်ရန် ဆန္ဒပြင်းပြနေကြောင်း ဝန်ခံထားခဲ့ ပါတယ်။ စပါး ပရိတ်သတ်တွေ ကတော့ ကိန်းကို အသင်းမှာ ဆက်ရှိစေချင်ကြပေမယ့်လည်း ကိန်းကတော့ သူဟာ ကစားသမား ဘဝရဲ့ အရေးကြီး ဆုံးဖြတ်ချက်ကို ချမှတ်ရမယ့် အသက်အရွယ် ရောက်နေပြီလို့ ဝန်ခံထားခဲ့ပါတယ်။

ကိန်းက “အတိအကျတော့ ကျွန်တော်လည်း မသိပေမယ့် လီဗီဟာ ကျွန်တော့်ကို ရောင်းချကောင်း ရောင်းချချင်လောက် ပါတယ်။ သူ့အနေနဲ့ ‘အကယ်၍ မင်းအတွက် ငါပေါင်သန်း ၁၀၀ ရနိုင်မယ် ဆိုရင် ဘာကြောင့် မရောင်းရမှာလဲ?’ ဆိုပြီး တွေးနေနိုင်ပါတယ်။ ကျွန်တော် ဘာကို ဆိုလိုသလဲ ဆိုတာ ခင်ဗျားတို့ သိတယ်မဟုတ်လား? ကျွန်တော်ဟာ လာမည့် ၂ နှစ် ၃ နှစ်မှာတော့ ဒီလောက် တန်ဖိုး ရှိတော့မှာ မဟုတ်ပါဘူး။” လို့ ပြောခဲ့ပါတယ်။