ဆန်းဒါးလန်း တိုက်စစ်မှူးဟောင်း ကီဗင်ဖီးလစ် က အာဆင်နယ် အသင်း အနေနဲ့ ဘရိုက်တန် နောက်ခံလူ ဘန်ဝှိုက် အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ သုံးစွဲတာဟာ များလွန်းပြီး မှားယွင်းတဲ့ သုံးစွဲမှု ဖြစ်တယ်လို့ ဝေဖန် ထောက်ပြ လိုက်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီနွေရာသီ တတိယမြောက် ကစားသမား ခေါ်ယူမှု အဖြစ် ဘရိုက်တန် အသင်း ရဲ့အင်္ဂလန် နောက်ခံလူ ဘန်ဝှိုက် ကို ပေါင် သန်း ၅၀ ၊ ငါးနှစ် စာချုပ် နဲ့ စာချုပ်ချုပ် ခေါ်ယူ ခဲ့ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘန်ဝှိုက် ဟာ အာဆင်နယ် အသင်းမှာ ကျောနံပါတ် ၄ ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ် ။ ကျောနံပါတ် ၄ ဟာ အရင်က ဗီအဲရာ ၊ ဖာဘရီဂက်စ် ၊ မာတီဆက်ကာ တို့ဝတ်ဆင် ကစား ခဲ့ကြတဲ့ နံပါတ်လည်း ဖြစ်ပါတယ် ။

ဘန်ဝှိုက် ဟာ ပရီးမီးယားလိဂ်ရဲ့အလားအလာ ရှိ လူငယ် နောက်ခံလူ တစ်ဦး အဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပြီး ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန် အသင်း လူစာရင်းမှာလည်း ပါဝင် ခဲ့ပါတယ် ။ ဘန်ဝှိုက် ဟာ အာဆင်နယ် အသင်းရဲ့ တန်ကြေး အမြင့်ဆုံး နောက်ခံလူလည်း ဖြစ်လာ ခဲ့ပါတယ် ။

ကီဗင်ဖီးလစ် က Football Insider မှာ ” လူငယ် ကစားသမား တစ်ဦး အပေါ် ဖိအားတွေ အများကြီး ပေးလိုက်သလိုပါပဲ ။ ကျွန်တော်ကတော့ အာဆင်နယ် အသင်း ပေးလိုက်တဲ့ ပမာဏ က အတော်များတယ် ထင်ပါတယ် ၊ ငွေက အများကြီး ပါပဲ ၊ ပြောင်းရွေ့ကြေး က အမှားကြီးပါ ။ ”

” သူက အရည်အသွေးရှိ ကစားသမားပါ ၊ ဒါပေမယ့် သူက တစ်ရာသီပဲ ကောင်းကောင်း ဖြတ်သန်း ရပါသေးတယ် ၊ သူ လိဒ်ယူနိုက်တက် မှာလည်း ကောင်းခဲ့သလို ဘရိုက်တန် အသင်းနဲ့ အတူလည်း ကောင်းမွန်တဲ့ ဘောလုံး ရာသီ တစ်ခုကို ဖြတ်သန်း နိုင်ခဲ့ပါတယ် ။ ”

” ပေါင် သန်း ၅၀ ဆိုတာကတော့ အရမ်း အရမ်းကို များတဲ့ ငွေကြေး ပမာဏ ပါ ။ ဒီငွေကြေး ကြောင့် ဖိအားတွေ များလာ နိုင်ပါတယ် ၊ များပြားတဲ့ ပြောင်းရွှေ့ကြေး အပေါ် မကိုင်တွယ် နိုင်တဲ့ လူငယ် ကြယ်ပွင့် အတော်များများ ကျနော်တို့ တွေ့မြင် ခဲ့ရပါတယ် ။ ”

” အာဆင်နယ် ပရိသတ် တစ်ဦး အနေနဲ့ စိတ်ပူမိတာတော့ အမှန်ပါပဲ ၊ သံသယတွေ အတော်လေး ရှိနေကြပါတယ် ၊ ပထမဆုံး ရာသီမှာ သူ ခြေစွမ်းပြ နိုင်ပါ့မလား ၊သူ့မှာ အရည်အသွေးကောင်းတွေ ရှိပြီး အာတီတာ ကစားချင်တဲ့ နောက်တန်းက တည်ကစားဟန် နဲ့ အံ့ကိုက် ဖြစ်မှာပါ ။ ”

” သူက ဘောလုံးလည်း ကောင်းကောင်း ကိုင်ကစား နိုင်ပါတယ် ၊ ကျွန်တော် စိုးရိမ်မိတဲ့ တစ်ခု တည်းသော အရာက ပြောင်းရွှေ့ကြေး ပါ ၊ အချိန်ကြာလာတာနဲ့ အမျှ သူက ပိုပို ကောင်းလာမှာကတော့ အမှန်ပါပဲ ။ လို့ ပြောကြား သွားခဲ့ပါတယ် ။