ပြင်သစ် လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာပဲ ချဲလ်ဆီး အသင်းကနေ အေစီမီလန် အသင်းသို့ ယူရို ၂သန်း ၊ ၂နှစ် စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ် ။ ဒါ့အပြင် အေစီမီလန် အသင်းကို ချဲလ်ဆီး အကယ်ဒမီထွက် ဗဟို ခံစစ်မှူးဟောင်း ဖီကာယို တိုမိုရီလည်း ပေါင်သန်း ၂၀နဲ့ ပြောင်းရွှေ့သွားခဲ့ပါသေးတယ် ။ အခုအခါမှာတော့ ၎င်းတို့ ၂ဦးလုံး မီလန်နဲ့ အတူ ရာသီသစ် စတင်ဖို့ အသင့်ဖြစ်နေကြပါပြီ ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

နောက်ဆုံး ကစားခဲ့တဲ့ နိုက်စ်အသင်းနဲ့ တဖက် တဂိုးစီ သရေကျခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ ဂျရူး ဟာ မီလန် အတွက် လူစားဝင်ကနေ ပထမဆုံးပွဲ ကစားခွင့် ရခဲ့ကာ ၊ ချေပဂိုးကို ခေါင်းတိုက် သွင်းယူခဲ့လို့ ၊ မီလန် အတွက် ပထမဆုံးဂိုးပါ ရယူနိုင်ခဲ့ပါတယ် ။

တဖက်မှာ အေစီမီလန် အသင်းဟာ ယခု အပြောင်းအရွှေ့ ဈေးကွက် အတွင်း လစ်လပ်သွားတဲ့ တူရကီ ကွင်းလယ်ဖန်တီးရှင် ကယ်ဟန်နိုဂလူရဲ့ နေရာမှာ အစားထိုးဖို့ အတွက် အလိုရှိနေပြီး ၊ မီလန်ရဲ့ ပစ်မှတ်တွေထဲမှာ နောက်ထပ် ချဲလ်ဆီး ကြယ်ပွင့် တဦး ဖြစ်တဲ့ မော်ရိုကို တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ် ပါဝင်နေပါတယ် ။

ဇီယက်ချ် ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ အေဂျက်ဇ် ကနေ ချဲလ်ဆီးသို့ ပေါင်သန်း ၃၃သန်းနဲ့ ရောက်လာခဲ့ပေမယ့် ၊ နည်းပြဟောင်း ဖရန့် လမ်းပတ် လက်ထက်မှာသာ အဓိက ပွဲထွက် ကစားသမား ဖြစ်ခဲ့ပြီး ၊ နည်းပြသစ် သောမတ်စ် တူချယ် လက်အောက်မှာတော့ ဒုတိယ ဦးစားပေး အဆင့်မှာသာ ရှိခဲ့ပါတယ် ။

လက်ရှိ ရာသီကြို ပြင်ဆင်မှု ကာလမှာ ဇီယက်ချ် ဟာ တူချယ် သဘောကျစေမယ့် စွမ်းဆောင်ရည်မျိုး ပြသနေသည့်တိုင် ၊ ၎င်းရဲ့ အနာဂတ် ဟာ အခုအချိန် အထိ ချဲလ်ဆီးမှာ ဆက်ရှိဖို့ မသေချာသေးပါဘူး ။ မီလန်ဖက်ကတော့ ၎င်းကို အရင် အငှား တနှစ်နဲ့ စမ်းခေါ်ပြီးမှ ၊ အပြီးသတ် ခေါ်ယူဖို့ စဉ်းစားဖွယ် ရှိပါတယ် ။

နိုက်စ်နဲ့ ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ဂျရူး က ဇီယက်ချ်နဲ့ အတူ မီလန်မှာ လက်တွဲခွင့် ရချင်တဲ့ အကြောင်းကို ” ဟာကင် ဟာ ကြီးကျယ်တဲ့ ကစားသမား တယောက်ပါ ။ ချဲလ်ဆီးမှာ ကျွန်တော်တို့ ၂ယောက် ပွဲအနည်းငယ်သာ အတူတူ ကစားခဲ့ဖူးပေမယ့် ၊ ၂ဦး အကြားမှာ အချိတ်အဆက်ကောင်းတွေ ရှိခဲ့ကြပါတယ် ။ ”

” သူဟာ ထိပ်တန်း ဘယ်သန် ကစားသမား တဦးဖြစ်ပြီး ၊ အတွေ့အကြုံကောင်းတွေ ရှိသလို ၊ နည်းစနစ်လည်း ကြယ်ဝသူ ဖြစ်ပါတယ် ။ သူနဲ့ မီလန်မှာ ပြန်ပြီး လက်တွဲခွင့်ရမယ်ဆိုရင်တော့ ကျွန်တော့ အတွက် အရမ်းကောင်းမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဂျရူး ဟာ မီလန်သို့ မပြောင်းလာခင် ၊ စာချုပ်ပါ အချက်အလက် အရ ချဲလ်ဆီး အသင်းနဲ့ အတူ တနှစ် သက်တမ်းတိုးခဲ့ပေမယ့် ၊ အဆုံးမှာ အီတလီမြေသို့ အခြေချဖို့သာ ရွေးချယ်ခဲ့ပါတယ် ။ ချဲလ်ဆီးရဲ့ ရည်ရွယ်ချက် ကတော့ ဂျရူးကို free agent မဖြစ်စေချင်တဲ့ သဘောသာ ရှိခဲ့ပါတယ် ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း ဂျရူး က ” အရင်ကတည်းက ကျွန်တော် ပြောဖူးပါတယ် ၊ ပရီးမီးယားလိဂ်မှာ ကစားခွင့် ရဖို့ဆိုတာ ကျွန်တော့ရဲ့ ငယ်ဘဝ အိပ်မက် ဖြစ်ပါတယ် ။ ဒါပေမယ့် အခုအချိန်ဟာ ကျွန်တော့ အတွက် မတူညီတဲ့ နိုင်ငံ တနိုင်ငံမှာ မတူညီတဲ့ ဓလေ့ တခုခုနဲ့ စမ်းသပ်ဖို့ အချိန် ဖြစ်ပါတယ် ။ ”

” မီလန် ဟာ ကျွန်တော့ အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ခဲ့ပြီး ၊ မီလန်ရဲ့ ဂျာစီကို ဝတ်ဆင်ခွင့် ရလို့လည်း ကျွန်တော် ကျေးဇူးတင်မိပါတယ် ။ ကျွန်တော့ရဲ့ ချဲလ်ဆီး ကစားသမား ဘဝ ဟာ ကျော်လွန်ခဲ့ပါပြီ ။ ဘာလို့လဲ ဆိုတော့ မန်နေဂျာ က ဒီ ဈေးကွက်မှာ ကြေးမြင့်မားတဲ့ ထိပ်တန်း တိုက်စစ်မှူး တဦးဦးနဲ့ လက်တွဲချင်လို့ပါ ။ ”

” ဒီတော့ ချဲလ်ဆီးကနေ ထွက်ခွာဖို့ ကျွန်တော် လက်ခံခဲ့ရပြီး ၊ မီလန် ဒါရိုက်တာ မာလ်ဒီနီ ဆီကနေလည်း နွေးထွေးတဲ့ ကမ်းလှမ်း ကြိုဆိုမှုကို ရခဲ့ပါတယ် ။ ကျွန်တော်ဟာ ခရစ်ယာန် ဘာသာဝင် ဖြစ်ပြီး ၊ အင်တာ မဟုတ်တဲ့ အေစီမီလန် ကို ပြောင်းလာခွင့် ရလို့ ကျွန်တော် ဘုရားသခင်ကို ကျေးဇူးတင်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။