မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ညာနောက်ခံလူဟောင်း ဖြစ်သူ ပေါလ် ပါကားက ဝုလ်ဗ် ကြယ်ပွင့် ရူဘင် နီဗတ်စ်ကို ပေါလ် စခိုးလ် နဲ့ ခိုင်းနှိုင်းလိုက်ပြီး အသင်းဆီ ခေါ်ယူဖို့ အသင်းဟောင်းကို အကြံပေး တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။ လက်ရှိ အချိန်မှာတော့ ဝုလ်ဗ် အသင်းရဲ့ ကွင်းလယ်လူ ရူဘင် နီဗတ်စ် ဟာ အသင်းမှ ထွက်ခွာတော့မယ်လို့ သတင်းတွေ ကျယ်လောင် နေခဲ့သလို မန်ချက်စတာ ယူနိုက်တက် အသင်းက သူ့ကို ခေါ်ယူချင် နေတယ်လို့လည်း သတင်းတွေ ထွက်နေခဲ့ပါသေးတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အခုတော့ talking devils podcast မှာ စကား ပြောခွင့် ရရှိခဲ့တဲ့ ယူနိုက်တက် ဂန္တဝင် ပေါလ် ပါကားက ရူဘင် နီဗတ်စ်ဟာ ဝုလ်ဗ် အသင်းအတွက် အရမ်းကို ကောင်းလွန်းတဲ့ ကစားသမား တစ်ဦး ဖြစ်ပေမဲ့ တိုးတက်ဖို့ လိုအပ်သေးကြောင်း ပြောခဲ့လိုက် ပါတယ် ။

” သတင်းသမားတွေဟာ သူ့အကြောင်းကို ပြောဆိုကြတဲ့ အခါတွေမှာ ခြားနားတဲ့ စကားလုံးတွေကို အသုံးပြုလေ့ ရှိတတ်ကြပြီး သူဟာ ဒီနေရာမှာ ကစားပေးတာ အရမ်းကို ကောင်းလှတယ်ဆိုတာမျိုး ဖော်ပြလေ့ ရှိနေတတ်ကြ ပါတယ် ”

” သူဟာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ပြီလား ၊ အမြင့်ဆုံး အဆင့်ကို ရောက်ပြီလား ? ကျွန်တော်တော့ မထင်သေးပါဘူး ။ သူဟာ ဝုလ်ဗ် အသင်း အတွက် အရမ်းကောင်းတဲ့ ကစားသမား ဖြစ်နိုင်ခဲ့ ပါတယ် ။ ဒါပေမဲ့ အပါတ်စဥ် အပါတ်တိုင်းတော့ မကောင်းပြ နိုင်ခဲ့သေးပါဘူး ” လို့ ပြောခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက် အသင်းမှာ ပေါလ် စခိုးလ် နဲ့ အတူ ကစားခဲ့ဖူးတဲ့ ပေါလ် ပါကား က ရူဘင် နီဗတ်စ်ကို အသင်းဖော်ဟောင်းနဲ့ ခိုင်းနှိုင်း ချီးကျူး သွားခဲ့လိုက်ပြီး ယူနိုက်တက်ဆီ ရောက်လာရင် ခြေစွမ်း နောက်တစ်ဆင့် မြင့်သွားလိမ့်မယ်လို့ အကြံပေး တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

” အကယ်လို့ လူတွေဟာ အဝေးကနေ ဘောလုံး ကန်ထည့်လိုက်တယ် ဆိုတဲ့ အကြောင်း ပြောဆိုကြရင် ဒီလို လုပ်တတ်တဲ့ ကစားသမား တစ်ဦးထဲကိုပဲ ကျွန်တော် သတိရမိ ပါတယ် ။ ပေါလ် စခိုးလ်ပါ ။ အကယ်လို့ ရူဘင် နီဗတ်စ်သာ အရည်အသွေး ကောင်းမွန်တဲ့ ယူနိုက်တက် အသင်းရဲ့ ကစားသမားတွေ ဝန်းရံ ကစားတာ ခံရရင် အများကြီး တိုးတက်လာမှာ အသေအချာ ပါပဲ ။ ယူနိုက်တက်ဆီကို ရောက်လာတဲ့ ကစားသမားတွေက ခြေစွမ်း နောက်တစ်ဆင့် တက်သွားကြတယ်လေ ” လို့ ပေါလ် ပါကားက ပြောခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် ရူဘင် နီဗတ်စ် ကသာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းလာမယ် ဆိုရင် တစ်နိုင်ငံတည်းသား ဖြစ်သူ ဘရူနို ဖာနန်ဒက်စ် က သူ့ကို အသင်းမှာ အမြန်ဆုံး အံဝင်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပေါလ် ပါကား က ဆက်လက် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဟုတ်ပါတယ် ၊ အများစုက ရုန်းကန်ခဲ့ကြရ ပါတယ် ။ ဒါပေမဲ့ ရူဗင်လို ကစားသမားမျိုးသာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာပြီး ဘရူနိုလို အသင်းဖော်နဲ့ အတူ တွဲဖက် ကစားမယ်ဆိုရင် အဆင်ပြေ နေပါလိမ့်မယ် ။ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ခံစစ်ကြောင်းမှာ သူ့လို ကစားသမားမျိုး လိုအပ်နေခဲ့တာ အရမ်းကြာပါပြီ ” လို့ ပေါလ် ပါကား က သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။