လီဗာပူး နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က ယာဂန်ကလော့ရဲ့ အသင်း အနေနဲ့ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ချန်ပီယံ အီတလီ အသင်းရဲ့ ဟီးရိုးတွေ ဖြစ်ကြတဲ့ မာကိုဗာရက်တီ နဲ့ လော်ရန်ဇိုအင်ဆစ်နီ တို့ကို ပစ်မှတ်ထားရန် တိုက်တွန်း သွားခဲ့ ပါတယ်။ ပီအက်ဂျီ စတား နဲ့ နာပိုလီ စတား တို့ဟာ ဝင်ဘာလေမှာ အင်္ဂလန်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူပြီး European Championship ဖလားကို ကိုင်မြှောက် နိုင်ခဲ့တဲ့ အီတလီ အသင်း အတွက် အဓိက အရေးပါတဲ့ နေရာ ကနေ ပါဝင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

လီဗာပူး အသင်းဟာ ဒီနွေရာသီမှာ အေဗရာဟီမာကိုနာတေး တစ်ဦးတည်းကိုသာ RB လိုက်ပ်ဇစ် အသင်းကနေ ခေါ်ယူ အားဖြည့်ထားခဲ့ပြီး လက်ရှိမှာတော့ အပြောင်းအရွေ့ ဈေးကွက်မှာ အေးစက်နေပါတယ်။ လူတော်တော်များများ ကတော့ ယာဂန်ကလော့ရဲ့ အသင်း အနေနဲ့ ပီအက်ဂျီကို ထွက်ခွာ သွားခဲ့တဲ့ ဝိုင်နယ်ဒန်ရဲ့ ကွင်းလယ်နေရာနဲ့ တိုက်စစ်မှုး တစ်ဦး ခေါ်ယူရန် တိုက်တွန်း နေကြပါတယ်။

ဗာရက်တီဟာ ပီအက်ဂျီ အသင်းရဲ့ အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်တဲ့ အပြင် အင်ဆစ်နီ ကလည်း နာပိုလီ ရဲ့ အသင်းခေါင်းဆောင် တစ်ဦး ဖြစ်တာကြောင့် ၎င်းတို့ကို ခေါ်ယူဖို့ ကတော့ အန်ဖီးကလပ်ရဲ့ ဘဏ္ဍာရေး အခြေအနေ အရ မလွယ်ကူပါဘူး။ ဒါပေမယ့်လည်း ဂျွန်ဆင်က အဆိုပါ ကစားသမား ၂ ဦးဟာ လီဗာပူးကို ဆုဖလားတွေ ရယူပေးနိုင်မယ့် winnin mentality ကို ပိုင်ဆိုင်ထားတယ်လို့ ပြောလိုက်ပါတယ်။

ဂျွန်ဆင်က “ကျွန်တော် လော်ရန်ဇိုအင်ဆစ်နီကို တစ်ကယ် နှစ်သက်ပါတယ်။ သူဟာ နှစ်ပေါင်းများစွာ နာပိုလီ အတွက် အကောင်းဆုံး ကစားပေးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ အီတလီ အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော် သူ့ရဲ့ ကစားပုံကို တအား နှစ်သက်ပြီး သူဟာ လီဗာပူးနဲ့ ကစားဟန်နဲ့ အံဝင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

ပြီးတော့ နောက်ထပ် အီတလီ စတား တစ်ဦး ဖြစ်သူ မာကိုဗာရက်တီ ကိုလည်း ကျွန်တော် ကြိုက်ပါတယ်။ သူတို့ဟာ တကယ့်ကို ကြီးကြယ်တဲ့ ကစားသမား ၂ ဦး ဖြစ်ပါတယ်။ ဒါ့ကြောင့် အင်ဆစ်နီ နဲ့ ဗာရက်တီ တို့ဟာ လီဗာပူး အသင်း အတွက် တကယ်ကို ကောင်းမွန်မယ့် ကစားသမားတွေ ဖြစ်တယ်လို့ ရွေးချယ်တာဟာ သိပ်ပြီးတော့ အံ့သြစရာ မရှိပါဘူး။” လို့ ဆိုလိုက်ပါတယ်။

ပြင်သစ်မှာ ထွက်ပေါ်နေတဲ့ သတင်းများ အရ လီဗာပူး အသင်းဟာ လိုင်လီ အသင်းရဲ့ တိုက်စစ်မှုး ဂျွန်နသန်ဒေးဗစ် အနီးကပ် စောင့်ကြည့်နေတယ်လို့ သိရပြီး ပြင်သစ် ချန်ပီယံ အနေနဲ့ ၎င်းကို ရောင်းချဖို့ အတွက် စိတ်ဝင်စားတယ် ဆိုရင် ကမ်းလှမ်းမှု ပြုလုပ်သွားဖွယ် ရှိနေတယ်လို့ ဖော်ပြထား ပါတယ်။

အသက် ၂၁ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက နာမည်ကြီး ပီအက်ဂျီကို ကျော်ကာ ၁၀ စုနှစ်အတွင်း ပထမဦးဆုံး အကြိမ် လီဂူးဝမ်း ချန်ပီယံ ဖြစ်ခဲ့တဲ့ လိုင်လီ အတွက် ၁၃ ဂိုး သွင်းယူ ပေးခဲ့သူ ဖြစ်ပါတယ်။ ဒေးဗစ်ဟာ ပြီးခဲ့တဲ့နှစ်ကမှ လိုင်လီကို ပြောင်းရွေ့လာခဲ့သူ ဖြစ်ပြီး လီဂူးဝမ်း ကလပ်ရဲ့ ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ဒီနွေရာသီမှာ နောက်ထပ် တစ်ကြိမ် အသင်း ပြောင်းရဖို့ ရှိနေပါတယ်။