ballack.kovacic&lampard

ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ် ဟာ ပြီးခဲ့တဲ့ နောဝှစ်ခ်ျ နဲ့ ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာ ကြောင့် မကစား ပေးနိုင်ခဲ့တဲ့ အန်ဂိုလို ကန်တေ အစား ပွဲထွက်ခွင့် ရခဲ့ပါတယ် ။ ထို ပွဲစဉ် မှာ ကိုဗာဆစ် ရဲ့ ခြေစွမ်း ဟာ အတော်လေး တောက်ပ ခဲ့သလို အသင်း အတွက် အရေးပါတဲ့ စွမ်းဆောင်ရည် တွေနဲ့ အေဘရာဟမ် ရဲ့ သွင်းဂိုး တဂိုး အတွက် ဖန်တီး ပေးနိုင်ခဲ့ပါတယ် ။

ကိုဗာဆစ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာကတည်းက ရီးရဲလ် မက်ဒရစ် အသင်း မှ ချယ်လ်ဆီး အသင်း သို့ အငှား လာကစား ခဲ့တာကြောင့် အခုအချိန် မှာ အသင်း နဲ့ ပိုပြီး အံဝင် လာတာ ကို တွေ့ရပြီး တိုက်စစ် အားသန် နည်းပြ ဖြစ်တဲ့ ဖရန့် လမ်းပတ် လက်အောက် မှာတော့ တိုက်စစ် ဆင်ရာမှာ ပိုပြီး ရဲဝံ့ လာခဲ့လို ဘောလုံး ပေးပို့မှု တွေလည်း အရင် ကထက် များစွာ သာလွန် ကောင်းမွန် လာခဲ့ပါတယ် ။

ကန်တေ မရှိတဲ့ အချိန် မှာလည်း ကိုဗာဆစ် ဟာ အသင်း ရဲ့ ကွင်းလယ် အဖျက်ပိုင်း ကို တာဝန် ယူခဲ့ရပြီး နောဝှစ်ခ်ျ နဲ့ ပွဲမှာ ဘောလုံး လုယူမှု တချို့ ၊ တန်ပြန် တိုက်စစ် တားဆီးမှု တချို့ တို့ကို ပြုလုပ် ပေးနိုင် ခဲ့ပါတယ် ။ ထို့အပြင် အလိမ်အခေါက် ကောင်းမွန်ပြီးသားလည်း ဖြစ်တဲ့ အတွက်ကြောင့် ပြိုင်ဖက် ခံစစ် ကစားသမား တွေကိုလည်း ကိုဗာဆစ် အသာအယာ ကျော်ဖြတ် နိုင်စွမ်း ရှိခဲ့ပါတယ် ။

BBC Sport ရဲ့ သုံးသပ်သူ တဦး ဖြစ်တဲ့ ဂါ့သ်ခရွတ် ကတော့ အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကိုဗာဆစ် ကို သူ့ရဲ့ တပတ်တာ အကောင်းဆုံး အသင်း ထဲမှာ ထည့်သွင်း ရွေးချယ် ခဲ့သလို ၊ ကိုဗာဆစ် ဟာ ဖရန့် လမ်းပတ် နဲ့ မိုက်ကယ် ဘောလက် တို့လို အသင်း အတွက် အားထားရတဲ့ ကွင်းလယ်လူ တဦး ဖြစ်လာနိုင်တယ် လို့ ချီးကျူး စကား ဆိုခဲ့ပါတယ် ။

kovacic

ခရွတ်ခ် က ” ဒီဒီယာ ဒရော့ဘာ ၊ မိုက်ကယ် ဘောလက် ၊ ဂျွန်တယ်ရီ ၊ ဖရန့် လမ်းပတ် တို့ ချယ်လ်ဆီး အသင်း မှာ မရှိတော့တဲ့ နောက်ပိုင်း မှာ ချယ်လ်ဆီး အသင်း ကို ဦးဆောင် နိုင်မယ့်သူ မရှိသလောက် ဖြစ်ခဲ့ရပါတယ် ။ နောက်ပြီး မတ်တီယို ကိုဗာဆစ် ကို ချယ်လ်ဆီး အသင်း ဟာ ဒီရာသီ မှာမှ အပြီးသတ် ခေါ်ယူ ခဲ့တာ ဖြစ်ပေမယ့် နောဝှစ်ခ်ျ နဲ့ ပွဲ မတိုင်ခင် အထိ သူ့ အပေါ် ကျွန်တော့ ရဲ့ သဘောထား က ဘာမှ မပြောင်းလဲ ခဲ့ပါဘူး ။ ”

” အန်ဂိုလို ကန်တေ မကစား ပေးနိုင်တဲ့ အချိန် မှာ ကိုဗာဆစ် ဟာ ကွင်းလယ် မှာ မားမားမတ်မတ် ရပ်တည် ပေးနေတဲ့ သူနဲ့ တူနေပါတယ် ။ သူဟာ လိုအပ်ရင် ပြိုင်ဖက် ကစားသမား တွေကို ဖျက်ထုတ် တားဆီး နိုင်တယ် ၊ စိတ်ပါဝင်စားမှု အပြည့်နဲ့ အသင်း အပေါ် ပေးဆပ် နိုင်တယ် ဆိုတာ ကျွန်တော် သိထားပြီးသားပါ ။ ဒါပေမယ့် နောဝှစ်ခ်ျ နဲ့ ပွဲကလိုတော့ သူ ကစား နိုင်လိမ့်မယ် လို့ ကျွန်တော် မထင်ခဲ့မိပါဘူး ။ ”

” သူ မနှစ် က စတမ်းဖို့ဒ် ဘရစ်ခ်ျ ကို ရောက်လာတဲ့ အခါ ကတည်းက သူ့ရဲ့ ကစားပုံ ကို ကျွန်တော် ကြည့်လိုက်တိုင်း မှာ သူဟာ ဖြစ်သင့် နေရာ တွေမှာ မရှိနေတာ ကလွဲလို့ ကျန်တဲ့ နေရာ တွေမှာ အတော်လေး ကြိုးစား ခဲ့ရှာပါတယ် ။ ဒါပေမယ့် နောဝှစ်ခ်ျ နဲ့ ပွဲက ခြေစွမ်း က သူ့ကို ပိုကောင်းတဲ့ ကစားသမား တဦး အဖြစ် အသိအမှတ် ပြုဖို့ ကျွန်တော့ ကို အတွေးရိုက် စေခဲ့ပါတယ် ။ လမ်းပတ် ဟာ သူ့ကို ဒီလိုမျိုး ပုံစံ ရရှိအောင် ပုံသွင်း နိုင်ခဲ့ပါပြီ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

Garth Crooks

ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ အတွက် ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထား ခဲ့ရပေမယ့် ကိုဗာဆစ် ကို ပြီးခဲ့တဲ့ ရာသီ ကတည်းက အငှား ခေါ်ယူ ထားခဲ့တာကြောင့် ဒီ အပြောင်းအရွှေ့ မှာ အပြီးသတ် ခေါ်ယူခွင့် ရရှိ ခဲ့တာ ဖြစ်ပါတယ် ။ ရီးရဲလ် မက်ဒရစ် အသင်း ကလည်း ၄င်းကို ဆက်လက် ထိန်းထားဖို့ အလိုမရှိ ခဲ့တာကြောင့် ချယ်လ်ဆီး အသင်း ဟာ ကိုဗာဆစ် အတွက် ပေါင်သန်း ၄၀ ပေးပြီး ခေါ်ယူနိုင် ခဲ့တာ ဖြစ်ပါတယ် ။

SPORTS MYANMAR