ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း တတိယ ဂိုးသမား နေရာ အတွက်သာ ဖြည့်တင်းမှု လုပ်ထားရသေးတဲ့ ချဲလ်ဆီး အသင်းမှာ အဓိက ပစ်မှတ် အနည်းအကျဉ်းသာ ရှိပါတယ် ။ ပထမ ဦးစားပေး ပစ်မှတ် က တရာသီ ဂိုး၃၀ သွင်းပေးမယ့် ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ဖြစ်ပါတယ် ။

ဒုတိယ ဦးစားပေး ပစ်မှတ် ကတော့ သီယာဂို ဆေးလ်ဗားရဲ့ နေရာကို အစားထိုးပေးနိုင်မယ့် အလားအလာကောင်းတဲ့ လူငယ် ကြယ်ပွင့် ခံစစ်မှူးကောင်း တဦးဦးကို ခေါ်ယူဖို့ ဖြစ်ပါတယ် ။ ကွင်းလယ် ခံစစ် နေရာ အတွက်လည်း ချဲလ်ဆီးတို့ ပစ်မှတ်ထားနေပေမယ့် ၊ အထက်ပါ ပစ်မှတ် ၂ခုကို အရင်ဖြည့်ဆည်းပြီးမှ ၊ စဉ်းစားဖွယ် ရှိနေပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

တိုက်စစ်မှူး ပစ်မှတ် အနေနဲ့ ချဲလ်ဆီး ဟာ ဒေါ့မွန် တိုက်စစ်မှူး အာလင်း ဟာလန်းကို လက်လျှော့လိုက်တယ်လို့ သိရပြီးနောက် ၊ အင်တာမီလန် တိုက်စစ်မှူး ရိုမီလူ လူကာကူကို မရမက ကြိုးစား ခေါ်ယူနေပါတယ် ။ ခံစစ်မှူး တနေရာ အတွက်တော့ ချဲလ်ဆီး ဟာ ဆီဗီးလား ကြယ်ပွင့် ဂျူးလ်စ် ကွန်ဒေးကို ခေါ်ယူဖို့ တစိုက်မတ်မတ် ကြိုးစားနေပါတယ် ။

ကွန်ဒေး ဟာ ပြီးခဲ့တဲ့ ရာသီရဲ့ လာလီဂါ တနှစ်တာ အကောင်းဆုံး ခံစစ်မှူး တဦးလို့ သတ်မှတ်လို့ ရသလို ၊ အသက် ၂၂နှစ်သာ ရှိသေးတာကြောင့် ၊ ရေရှည်မှာ အားထားရမယ့် နောက်ခံလူလည်း ဖြစ်လာမှာ သေချာပါတယ် ။

ဆီဗီးလား ဖက်ကတော့ ကွန်ဒေး အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၈၀ အထိ အလိုရှိနေပေမယ့် ၊ ချဲလ်ဆီးဖက်ကတော့ ကစားသမား တဦးဦးနဲ့ အလိုက်ပေးကာ ၊ ငွေသားသက်သက် ပေးချေမှုကို လျှော့ချချင်နေပါတယ် ။

 

အစောပိုင်းမှာ ပြင်သစ် လက်ရွေးစင် ခံစစ်မှူး ကတ်ဇူးမား အပါအဝင် ပေါင် ၂၅သန်းနဲ့ ချဲလ်ဆီးတို့ ပထမ အကြိမ် ကမ်းလှမ်းမှု လုပ်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ၊ ဇူးမား ဟာ ဆီဗီးလားကို ပြောင်းရွှေ့ဖို့ ဆန္ဒ မရှိပဲ ၊ ပရီးမီးယားလိဂ်မှာပဲ ဆက်လက် ကစားလိုတာကြောင့် အပြောင်းအရွှေ့ ကိစ္စ က နှောင့်နှေး ကြန့်ကြာနေဆဲ ဖြစ်ပါတယ် ။

ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ် ကတော့ ကွန်ဒေး ဟာ ချဲလ်ဆီး အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု တရပ် ဖြစ်လာနိုင်ကြောင်း ထောက်ခံလိုက်သလို ၊ ၎င်းဟာ နောက်ခံလူ တယောက်မှာ ရှိသင့်တဲ့ အရည်အချင်း အားလုံး ပိုင်ဆိုင်ထားကြောင်း သုံးသပ်ခဲ့ပါတယ် ။

ESPN နဲ့ တွေ့ဆုံခဲ့ရာမှာ လီဘို့ဖ် က ” ကွန်ဒေး ဟာ အံ့သြဖွယ် ကောင်းတဲ့ ကစားသမား တယောက်ပါ ။ သူဟာ အရည်အချင်း အပြည့်အစုံ ပိုင်ဆိုင်ထားပါတယ် ။ တိုက်ပွဲဝင်နိုင်တဲ့ ကစားသမား ဖြစ်ပြီး ၊ ဘယ်တော့မှ အရှုံးမပေးတတ်ပါဘူး ။ အနာဂတ် အတွက် သူဟာ ကြယ်ပွင့် တပွင့် ဖြစ်တယ် ဆိုတာ သေချာနေပါတယ် ။ ”

” ဒါဟာ ချဲလ်ဆီး အတွက် သူ့ကို ခေါ်ယူဖို့ အခွင့်အရေးကောင်း တရပ် ဖြစ်ပါတယ် ။ ဒီရာသီမှာ မခေါ်နိုင်ရင်တောင် ချဲလ်ဆီးတို့ နောက်ရာသီမှာ သူ့ကို ခေါ်ယူနိုင်ပါလိမ့်မယ် ။ ရှေ့ဆက် ကစားသမား ဘဝမှာ သူ ဘာဖြစ်ချင်သလဲ ဆိုတာ ကျွန်တော် မသိပါဘူး ။ ”

” အရန်ခုံမှာ ထိုင်ဖို့ အကြောင်းဖန်လာရင် ထိုင်ဖို့ အဆင်သင့် ဖြစ်ပြီလား ၊ ဒါမှမဟုတ် ပုံမှန် ကစားခွင့်ပဲ လိုချင်သလား ။ ဒါကတော့ သူ့အပေါ်မှာပဲ မူတည်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ ချဲလ်ဆီး အတွက် ကောင်းသော ခေါ်ယူမှု ဖြစ်နိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ယနေ့ မနက်က ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ချဲလ်ဆီး ဟာ ကွန်ဒေး အတွက် ပြီးခဲ့တဲ့ ၂ရာသီ အတွင်း အငှားထွက်ရာကနေ လာလီဂါနဲ့ တရင်းတနှီး ဖြစ်ထားတဲ့ ဘရာဇီး တောင်ပံ ကစားသမား ကနေဒီကို အလိုက်ပေးပြီး ကမ်းလှမ်းဦးမယ်လို့ သိရပါတယ် ။