ပရီးမီးယားလိဂ် ရဲ့ ၂၀၂၁ – ၂၀၂၂ ဘောလုံးရာသီ ပြန်လည် စတင်ဖို့ အချိန်ဟာ ဆိုရင်ဖြင့် တဖြည်းဖြည်း နီးကပ်လို့ လာခဲ့ ပါပြီ ။ ၁၉၉၂ ခုနှစ် မှာ အင်္ဂလန် အဆင့်မြင့်တန်း အမှတ်ပေး ပြိုင်ပွဲကို ပရီးမီးယားလိဂ် လို့ အမည်သစ် ၊ ပုံစံသစ် နဲ့ ပြောင်းလဲ ကျင်းပ လာခဲ့တာဟာ အခုဆိုရင် ဘောလုံး ရာသီပေါင်း ၃၀ နီးပါး ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဒီလို မြောက်များလှတဲ့ ရာသီတွေ မှာ အသင်းများစွာဟာ အမှတ်ပေးချန်ပီယံ ဆုတွေကို သူအပြိုင် ကိုယ်အပြိုင် ရယူခဲ့ကြပါတယ် ။ ပရီးမီးယားလိဂ် ရဲ့ ပထမ ဆယ်စုနှစ် ၂ ခု ကိုတော့ မန်ချက်စတာ ယူနိုက်တက် က ကြီးစိုး ခဲ့ပြီး ၂၀၁၃ အထိ ချန်ပီယံဆု ၁၃ ကြိမ် ရယူနိုင်ခဲ့ ပါတယ် ။

အာဆင်နယ် ဟာ ၁၉၉၉ လောက်ကနေ ၂၀၀၄ အတွင်း ယူနိုက်တက် ရဲ့ ဖလားလုဖက် ဖြစ်လာခဲ့သလို ၂၀၀၅ နောက်ပိုင်း မှာတော့ အေဘရာမိုဗစ် ရဲ့ ဝယ်ယူမှု နဲ့ အတူ ချဲလ်ဆီး ဟာ အင်္ဂလန် ရဲ့ အင်အားကြီး အသင်း ဖြစ်လာခဲ့ ပါတယ် ။ မန်စီးတီး ကလည်း အဘူဒါဘီ စီးပွားရေး လုပ်ငန်းစုရဲ့ ဝယ်ယူအားဖြည့်မှုကြောင့် ၂၀၁၀ ကနေ စပြီး အမှတ်ပေး ချန်ပီယံဆုတွေကို တစ်လုံးပြီး တစ်လုံး ရယူလာခဲ့ ပါတယ် ။

ဒါပေမယ့် နှစ်ပေါင်း ၃၀ ကျော်သက်တမ်း အတွင်းမှာ ဘယ်ကလပ် မှာ ပြန်ပြီး မရယူနိုင်သေးတဲ့ မှတ်တမ်းကောင်း တစ်ခု ရှိနေခဲ့ ပါတယ် ။ အဲ့ဒါကတော့ ၂၀၀၃-၀၄ ရာသီ က အာဆင်နယ် အသင်းရဲ့ ရှုံးပွဲ မရှိ ချန်ပီယံ မှတ်တမ်း ပါပဲ ။

အာဆင်နယ် ဟာ အဆိုပါရာသီ မှာ ၂၆ ပွဲနိုင် ၊ ၁၂ ပွဲ သရေ ကျခဲ့ပြီး တစ်ပွဲမှ ရှုံးနိမ့်ခြင်း မရှိခဲ့ပါဘူး ။ ဒီကနေ့ အထိ အာဆင်နယ် ရဲ့ ဒီလို အောင်မြင်မှုမျိုးကို ဘယ်အသင်းကမှ ပြန်ပြီး မစွမ်းဆောင်ပြနိုင် သေးတာ အမှန်ပါပဲ ။ နှစ်တွေ ကြာသွားခဲ့ပေမယ့် အဲ့ဒိ တုန်းက အသင်း ၊ အဲ့ဒိတုန်းက ကစားသမားတွေဟာ ပရီးမီးယားလိဂ် ရဲ့ ဂန္ထဝင်တွေ အဖြစ် ဒီကနေ့တိုင် ထင်ကျန်ရစ် နေကြဆဲပါ ။

အခု ဖော်ပြမယ့် အကြောင်းကတော့ အဲ့ဒိရာသီတုန်းက အာဆင်နယ် အသင်းမှာ ပွဲ ၂၀ နဲ့ အထက် ကစားခဲ့ကြတဲ့ တော်ဝင်ဂန်းနား တွေရဲ့ လက်ရှိ အနေအထားတွေပါပဲ ၊ နှစ် ၂၀ နီးပါး ကြာပြီဖြစ်လို့ သူတို့တွေ ဘယ်သူမှ ဘောလုံး မကစားကြတော့မှာတော့ သေချာပါတယ် ။ ဘယ်သူတွေ ဘာဖြစ်နေကြပြီလဲ ဆိုတာ ကြည့်လိုက်ကြရအောင်ဗျာ . . .

ဂန်းနားတို့ရဲ့ ဂိုးပေါက်ကို ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ ဂျာမန်ဂိုးသမားကြီး လေးမန်း ကတော့ ၂၀၁၁ မှာ ပရို ကစားသမား အဖြစ်ကနေ အနားယူပြီး ၂၀၁၇ မှာ အာဆင်နယ်ဆီကို ဂိုးနည်းပြအဖြစ် နဲ့ နောက်တစ်ခါ ပြန်ရောက် လာခဲ့ပါတယ် ။ ပြီးခဲ့တဲ့ နှစ်တုန်းက လေးမန်း ဟာ ဟာသာဘာလင် ဘုတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး လတ်တလောမှာတော့ ဘာအလုပ်မှ မရှိဘူးလို့ သိရပါတယ် ။

အာဆင်နယ် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး အင်္ဂလန် မှာသာမက ပရီးမီးယားလိဂ် သမိုင်းမှာပါ အကောင်းဆုံး ဘယ်နောက်ခံလူ တစ်ဦး အဖြစ် သတ်မှတ် ခံခဲ့ရတဲ့ အက်ရှ်လေကိုး ကတော့ ၂၀၀၆ မှာ ချဲလ်ဆီး ကို ပြောင်းရွှေ့ခဲ့မှုနဲ့ ပတ်သက်ပြီး ဂန်းနားဖန် အချို့ရဲ့ ညှိညင်မှုကို ခံခဲ့ရပါတယ် ။ လက်ရှိမှာတော့ ကိုးလ် ဟာ အင်္ဂလန် ယူ-၂၁ အသင်းမှာ လက်ထောက်နည်းပြ အဖြစ် လုပ်ကိုင် နေပါတယ် ။

ဂန္ထဝင် ခံစစ်မှူးကြီး မာတင်ကီယွန် ကတော့ ရှုံးပွဲမရှိ ဖလား ရယူပြီးတဲ့ နောက်ရာသီမှာ လက်စတာကို ပြောင်းရွှေ့ ကစားပြီး အနားယူ သွားခဲ့ ပါတယ် ။ အဲ့ဒိနောက်မှာတော့ နည်းပြဘ၀ ကို ကူးပြောင်းခဲ့ပြီး နယူးဘာရီ ၊ အောက်စ်ဖိုဒ့် အသင်းတွေနဲ့ အတွေ့ အကြုံရယူခဲ့ပါတယ် ။

ကင်မရွန်း လက်ရွေးစင် နောက်ခံလူ လောရန့် ဟာ အာဆင်နယ် မှာ ၂၀၀၀ ကနေ ၂၀၀၇ အထိ ကစားသွားခဲ့ ပါတယ် ။ အဲ့ဒိနောက် ပိုစ့်မောက်သ် မှာ ၂ ရာသီဆက်ကစား ခဲ့ပြီး ၂၀၁၀ မှာတော့ အနားယူခဲ့ပါတယ် ။ လက်ရှိ မှာတော့ လောရန့် ဟာ အာဆင်နယ် အသင်းရဲ့ အာဖရိကတိုက် ဆိုင်ရာ သံတမန် အဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိနေပါတယ် ။

နောက်ခံလူ ပါစကယ် ဆိုင်ဂန် ကတော့ လက်ရှိ ဘယ်လ်ဂျီယံ ပြည်တွင်းကလပ် Royal Excel Mouscron ရဲ့ သက်တမ်းအလိုက် နည်းပြအဖြစ် လုပ်ကိုင်နေတယ်လို့ သိရပါတယ် ။ စပါး အသင်းကနေ အာဆင်နယ် ကို ဘော့စမန် စည်းမျဉ်း အသုံးချပြီး ပြောင်းရွှေ့ လာခဲ့ကာ နာမည်ကျော်ခဲ့သလို ၂၀၀၀ ပြည့်နှစ် တစ်ဝိုက်က အကောင်းဆုံး ခံစစ်မှူး အဖြစ် ကျော်ကြားခဲ့တဲ့ ဆိုးကင့်ဘဲ ဟာလည်း လက်ရှိ မှာ နည်းပြတစ်ယောက် ဖြစ်လို့ နေခဲ့ပါပြီ ။

အာဆင်နယ်ကနေ ထွက်လာအပြီး ပိုစ့်မောက်သ် ၊ နော့ကောင်တီ တို့မှာ ကျဉ်လည်ခဲ့တဲ့ ကင့်ဘဲ ဟာ အာဆင်နယ် ကို ၂၀၀၉-၁၀ ရာသီမှာ ရာသီဝက် ပြန်လာ ကစားပြီး ၂၀၁၁ မှာ အနားယူသွားခဲ့ ပါတယ် ။ ကင့်ဘဲ ဟာ ထရီနီဒတ် အသင်းမှာ လက်ထောက်နည်းပြ ဘဝနဲ့ အစပြုခဲ့ပြီး မက်ကလပ်စ်ဖီး တောင်း ၊ ဆောက်သမ်း ယူနိုက်တက် တို့ကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့ ပါတယ် ။

နောက်ထပ် အမာခံ နောက်တန်း တစ်ယောက် ဖြစ်တဲ့ တိုရေး ကတော့ ဘောလုံးကစားခြင်း ကနေ အနားယူတဲ့ ၂၀၁၇ မှာပဲ အိုင်ဗရီကိုစ့် ယူ-၂၃ အသင်းမှာ နည်းပြအဖွဲ့ဝင် အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ် ။ ၂၀၁၇ စက်တင်ဘာမှာတော့ ဘရန်ဒန် ရော်ဂျာ ရဲ့ ဆဲလ်တစ် အသင်းမှာ လက်ထောက်နည်းပြ အဖြစ် ပါဝင်ခဲ့ပြီး ရော်ဂျာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ လာတဲ့အခါမှာတော့ တိုရေးလည်း အတူလိုက်ပါလာခဲ့ပါတယ် ။ အခုချိန် မှာတော့ သူတို့ ၂ ယောက်ဟာ လက်စတာ စီးတီး ကို စီမံခန့်ခွဲ နေကြပါပြီ ။

ရှုံးပွဲ မရှိ အသင်းရဲ့ ကပ္ပတိန်ကြီး ပက်ထရစ် ဗီယာရာ ကတော့ အာဆင်နယ် မှာ ၁၉၉၆ ကနေ ၂၀၀၅ အထိ ၉ ရာသီ ကစားသွားခဲ့ ပါတယ် ။ အဲ့ဒိနောက်မှာတော့ ယူဗင်တပ် ၊ အင်တာမီလန် တို့မှာ ကစားရင်း မန်စီးတီး ကနေ အနားယူသွားခဲ့ ပါတယ် ။

ဗီယာရာ ဟာ မေဂျာလိဂ် ကလပ် နယူးယောက်စီးတီး အသင်းကို နည်းပြ အဖြစ် ၂ နှစ် ကိုင်တွယ်ခဲ့သလို ပြင်သစ် လီဂူးဝမ်း ကလပ် နိုက်စ် အသင်းကိုလည်း ကိုင်တွယ်ခဲ့ ပါတယ် ။ ဒီရာသီမှာတော့ ဗီယာရာ ဟာ ခရစ္စတယ် ပဲလေ့စ် ရဲ့ နည်းပြအဖြစ် နဲ့ တစ်ချိန်က သူ ကျဉ်လည် အောင်မြင် ခဲ့တဲ့ ပရီးမီးယားလိဂ် စစ်မြေပြင် ကို နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလို့ လာခဲ့ပါပြီ . . . ။

ဆက်လက် ဖော်ပြ သွားပါဦးမည် . . .