ဘာစီလိုနာ အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်း အကြောင်းကိုတော့ အားလုံးပဲ သိပြီးလောက် ကြမှာပါ ။ ယခင် ဥက္ကဌဟောင်း ဘာတိုမြူ လက်ထက်မှာ ကစားသမား သစ်တွေကို လုပ်ခလစာတွေ မြင့်မြင့်မားမား နဲ့ ခေါ်ယူ ခဲ့သလို ရှိရင်းစွဲ စီနီယာတွေ ကိုလည်း လုပ်ခတွေ အပြိုင် တိုးပေးခဲ့ပါတယ် ။ အဲ့ဒါကြောင့် ဘာစီလိုနာဟာ အသစ်ပြင်ဆင် သတ်မှတ် လိုက်တဲ့ လာလီဂါ ရဲ့ လုပ်ခ လစာ စည်းမျဉ်းတွေ နဲ့ မကိုက်ညီဘဲ အခက်တွေ့ လာခဲ့ရ ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဘာစီလိုနာ ဟာ လာလီဂါ ရဲ့ စည်းမျဉ်း နဲ့ ကိုက်ညီ စေဖို့ အတွက် ဂရစ်ဇ်မန်း လို ကစားသမားမျိုး ကိုပါ ဈေးကွက်တင် ခဲ့ရသလို အသင်းနဲ့ စာချုပ် ကုန်သွားတဲ့ မက်ဆီ ကိုလည်း ပြန်လည် စာချုပ်ဖို့ မတတ် နိုင်ဘဲ ဖြစ်နေခဲ့ရ ပါတယ် ။ ဒါ့အပြင် ဒီနှစ် နွေရာသီမှာ အသစ်ခေါ်ယူထားတဲ့ ကစားသမားအားလုံး ကိုလည်း တရားဝင် စာရင်းမသွင်း ရသေးပါဘူး ။

ဒါပေမယ့် ဒါတွေ အားလုံးဟာ အခု အချိန်မှာတော့ လာလီဂါ ဥက္ကဌ ရဲ့ ကောင်းမှုနဲ့ ပြေလည် သွားတော့မှာပါ ။ အဲ့ဒါ ကတော့ ပမာဏ များပြား လှတဲ့ ချေးငွေ ပါပဲ ။ ဒီ ချေးငွေ ဟာ လာလီဂါ ကလပ် အသင်းအားလုံး အတွက် ဖြစ်ပေမယ့် လုပ်ခ လစာ ပြဿနာနဲ့ ရင်ဆိုင် နေရတဲ့ ဘာစီလိုနာ အတွက်တော့ အခြားအသင်းတွေထက် ပိုပြီး ဝမ်းမြောက်ဖွယ်ရာ သတင်း ဖြစ်စေခဲ့ ပါတယ် ။

လာလီဂါ ဟာ ပြီးခဲ့တဲ့ ရာသီက ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှုကြောင့် ဝင်ငွေ များစွာ ထိခိုက် ခဲ့ရပြီး အသင်းတိုင်း လိုလို ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရ ပါတယ် ။ ပရီးမီးယားလိဂ် ကတော့ ရုပ်သံလွှင့် အဖွဲ့အစည်းတွေနဲ့ ပေါင် ဘီလီယံ တန်တဲ့ စာချုပ်တွေ ချုပ်ဆိုပြီး ဒီအကြပ်အတည်းကို ဖြေရှင်းနိုင်ခဲ့ ပေမယ့် ရုပ်သံလွှင့်မှုကနေ ဝင်ငွေ အရနည်းတဲ့ လိဂ်တွေကတော့ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရ ပါတယ် ။

ဒါကြောင့် လာလီဂါ ဥက္ကဌ ဂျာဗီယာ တီဘက် ဟာ CVC Capital Partners အဖွဲ့ အစည်း ကနေ ယူရို ၂.၇ ဘီလီယံ ကို နှစ် ၄၀ ကာလ နဲ့ ချေးယူကာ ကလပ် အသင်းတွေကို ခွဲဝေပေးပြီး ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစား ပေးခဲ့ပါတယ် ။

နာမည်ကျော် သတင်းဌာန Goal ရဲ့ ဖော်ပြမှုအရ အဆိုပါ ယူရို ၂.၇ ဘီလီယံရဲ့ ၉၀% ဟာ လာလီဂါ ကလပ် အသင်းတွေ ကို ပြန်လည် မျှဝေပေးမှာ ဖြစ်ပြီး ကျန် ၁၀% ကိုတော့ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေး ကိစ္စတွေ အတွက် ဖြည့်တင်း သွားမယ်လို့ သိရပါတယ် ။ ဒါပေမယ့် အသင်းတိုင်းဟာ ရသမျှ ငွေအားလုံးကို လူဝယ်ဖို့ အတွက်ချည်း အသုံးပြုခွင့် မပြုပါဘူး ။

ကလပ်အသင်းတွေဟာ သူတို့ရရှိတဲ့ ခွဲတမ်းရဲ့ ၇၀% ကို အသင်းရဲ့ စီမံကိန်းတွေ အတွက် အသုံးချရမှာ ဖြစ်ပြီး ၁၅% ကိုတော့ ပေးချေဖို့ ရှိနေတဲ့ အကြွေးတွေ ကို အတိုင်းအတာ တခုအထိ ပေးချေ နိုင်ဖို့ အတွက် အသုံးပြုရမှာ ဖြစ်ပါတယ် ။ နောက်ဆုံး ကျန်တဲ့ ၁၅% ကတော့ လာလီဂါ ရဲ့ လုပ်ခလစာ ကန့်သတ်မှု စည်းမျဉ်း မှာ ထည့်သွင်း အသုံးပြုနိုင်မယ် လို့ ကြားသိရ ပါတယ် ။

ဒီလို ချေးငွေကို ခွဲဝေပေးရာမှာလည်း ကလပ်အသင်းအားလုံး ညီတူညီမျှ ရရှိမှာ မဟုတ်ဘဲ အသင်းကြီးတွေဟာ ခွဲတမ်း ပိုမို ရရှိကြမှာ ဖြစ်ပါတယ် ။ ဘာစီလိုနာ ဟာ ချေးငွေ ခွဲတမ်း ကနေ ယူရို သန်း ၂၈၀ ရရှိမှာ ဖြစ်ပြီး လုပ်ခလစာ ကန့်သတ်ချက် အတွက် ယူရို ၄၂ သန်း အသုံးချခွင့် ရရှိမှာ ဖြစ်ပါတယ် ။

ရီးရဲမက်ဒရစ် ဟာလည်း ဘာစီလိုနာ နည်းတူ ယူရို သန်း ၂၈၀ ရရှိပြီး လုပ်ခ လစာ အတွက် ယူရို ၄၂ သန်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။ ရီးရဲ ကတော့ ဘာစီလိုနာလို လုပ်ခ လစာ ပြဿနာ မရှိနေပါဘူး ။ ဒါကြောင့် ဒီလိုမျိုး လာလီဂါ အဖွဲ့ချုပ်ရဲ့ ချေးငွေ ရယူပေးမှုဟာ ရီးရဲ အတွက် ထိပ်တန်း ပစ်မှတ်တွေ ဖြစ်တဲ့ ဘာပေ ၊ ဟာလန်း တို့လို ကစားသမားတွေကို ခေါ်ယူရာမှာ များစွာ အထောက်အကူ ဖြစ်ဖွယ် ရှိလာခဲ့ ပါတယ် ။

ဘာစီလိုနာ ကတော့ လာလီဂါ ဥက္ကဌ ရဲ့ ကြိုးပမ်းမှုကြောင့် နွေရာသီမှာ ခေါ်ယူထားတဲ့ ကစားသမား ၄ ဦး စလုံးကို စာရင်းသွင်း နိုင်တော့မှာ ဖြစ်သလို လီယွန်နယ် မက်ဆီ ကိုလည်း စာချုပ်သစ် ပြန်လည် ချုပ်ဆို နိုင်တော့မှာပါ ။ မက်ဆီ ကတော့ ယမန်နေ့ ကတည်းက ဘာစီလိုနာ ကို ပြန်ရောက် နေခဲ့ပြီး စာချုပ်သစ် မှာ လက်မှတ်ထိုးဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရ ပါတယ် ။