စပါး အသင်း ကွင်း လယ် လူ အယ်လီ ဟာ ကြွက်သား ဒဏ် ရာ အသေး စား ဖြစ် ပေါ် ခဲ့ တာ ကြောင့် အင်္ဂလန် အသင်း ရဲ့ လူ စာ ရင်း ကနေ နှုတ် ထွက် သွားခဲ့ ပါ တယ် ။ အင်္ဂလန် ဟာ ဆွစ် ဇာ လန် အသင်း နဲ့ ခြေ စမ်း ပွဲ ကစား ဖို့ အတွက် လေ့ ကျင့် နေ ကြ ပြီ ဖြစ် ပါ တယ် ။

အင် တာ မီ လန် အသင်း ဟာ ချဲလ်ဆီး ကွင်း လယ် လူ ဖာဘရီဂတ် ကို ဇန် န၀ါ ရီ မှာ ကမ်းလှမ်း ဖို့ ရှိ နေတယ် လို့ Corriere dello Sport သတင်း စာက ဖော်ပြ သွားခဲ့ ပြီး အေ စီ မီလန် က လည်း အလို ရှိ နေတာ မို့ မီလန် ၂ သင်း အပြိုင် ချဉ်း ကပ် ရ လိမ့် မယ် လို့ ဖော် ပြ သွား ခဲ့ ပါတယ် ။

အင်္ဂလန် အသင်း ရဲ့ စပိန် နဲ့ ပွဲ မှာ ဒဏ်ရာ ရ ခဲ့တဲ့ နောက် ခံ လူ လုခ်ရှော ဟာ ဒဏ် ရာ က နေ သက် သာ လာ ပြီး မန် ချက် စတာ ယူ နိုက် တက် အသင်း ရဲ့ လေ့ ကျင့် ရေး ကွင်း ဆီ ကို ပြန် လည် ရောက် ရှိ လာခဲ့ ပြီ ဖြစ် တယ် လို့ သိ ရ ပါတယ် ။

ဘာ စီ လို နာ နဲ့ အသက် လက် တီကို မက် ဒရစ် အသင်း တွေ ဟာ မက္ကဆီ ကို တောင် ပံ ကစား သမား လေး ဟာဗေး လိုဇာနို ကို စောင့် ကြည့် နေ ကြ တယ် လို့ သတင်း ကြား သိ ရ ပါတယ် ။

အီတလီ ဘော လုံး အဖွဲ့ ချုပ် အကြီး အကဲ ဟောင်း တာဗက် ချီယို က တော့ အီတလီ ပ ရိသတ် တွေ ဟာ လက် ရွေးစင် အသင်း ရှုံး နိမ့် တာ ကို မြင်တွေ့ ချင် နေကြ တယ် လို့ ပြောဆို ဝေဖန် သွား ခဲ့ ပါ တယ် ။

ပြင်သစ် လက် ရွေး စင် နည်း ပြ ကြီး ဒီဒီ ယာ ဒက်ချမ့်စ် က တော့ လက် ရွေး စင် တိုက် စစ် မှုး ကြီး ဂျီ ရူး ဟာ ဝေဖန် မှု တွေ နဲ့ မထိုက် တန် သူ ဖြစ် ပါ တယ် လို့ ထောက် ခံ ပြောဆို သွား ခဲ့ ပါတယ် ။

မန်စီးတီး စတား ရော်ဘင် ဟို က တော့ ချဲလ်ဆီး အသင်း ဆီ မရောက် ရှိ ဘဲ မန်စီးတီး ထံ ပြောင်း ရွှေ့ ခဲ့ ရ ခြင်း မှာ ရီးရဲ မက်ဒရစ် ရဲ့ တွန်းအား ပေး မှု တွေ ပါဝင် ခဲ့ တယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အာဆင် နယ် အသင်း ရဲ့ ကွင်း ၀န် ထမ်း တစ် ဦး က တော့ နည်းပြ သစ် အမ် မ ရီ ဟာ မန်စီးတီး နဲ့ ပရီးမီးယားးလိဂ် အဖွင့် ပွဲ မကစား မီ ကွင်းအတွင်း ရေ မ ဖြန်း ထား ဖို့ ညွှန် ကြား ခဲ့ တယ် လို့ ထုတ် ဖော် သွား ခဲ့ ပါ တယ် ။

အင်္ဂလန် နိုင်ငံ မှာ ကျင်းပ ခဲ့ တဲ့ ဗြိတိန် မော်တို ဂျီပီ ( ဆိုင်ကယ် ပြိုင် ပွဲ ) မှာ ထိတ် လန့် ဖွယ် အရာ တစ်ခု ဖြစ် ပွားခဲ့ ပါတယ် ။ ဆိုင် ကယ် စီး သမား ရို မာ နို ဖီနာတီ ဟာ ပြိုင် ဘက် စတီဖာနို မန်ဇီ ကို ကျော်တက် ဖို့ ကြိုးစား စဉ် မှာ မန်ဇီ ရဲ့ ဆိုင်ကယ် ရှေ့ ဘရိတ် ကို ဆွဲ ဖို့ ကြိုးစား ခဲ့ ပါတယ် ။ အဆိုပါ အချိန် မှာ သူတို့ ၂ ဦး ဟာ တစ်နာ ရီ မိုင် ၁၄၀ နှုန်း နဲ့ မောင်းနှင် နေကြ တာ ဖြစ်ပြီး အလွန့် အလွန် အန္တရာယ် များ တဲ့ လုပ် ရပ် ဖြစ် ခဲ့ ပါတယ် ။ ဖီနာတီ ဟာ အဆိုပါ လုပ် ရပ် ကြောင့် အသင်း ကနေ အထုတ် ခံ ခဲ့ ရ သလို မော်တော် ဆိုင်ကယ် မောင်း ပြိုင်ပွဲ တွေ က နေ လည်း တစ်သက် တာ ပိတ် ပင် ခံ ရဖို့ ရှိ နေ တယ် လို့ သိရ ပါတယ် ခင် ဗျာ . . . .

Unicode

တနင်္လာနေ့ ည အတွက် နောက် ဆုံး ရ အားကစား သတင်းများ

====================================